သွေးအားနည်းခြင်းကိုပြသနေသောလက္ခဏာများ
လူတော်တော်များများက သွေးအားနည်းခြင်းလက္ခဏာများကိုမသိကြပါဘူး။ သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းခြင်းဖြစ်ပေါ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကသံဓာတ်ကိုလိုအပ်ပါတယ်။ သံဓာတ်က သွေးနီဆဲလ်တွေကိုကျန်းမာအောင်ပြုလုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်မှာ သွေးနီဥတွေကမောက်ကမဖြစ်ကုန်ပါတယ်။ သွေးတွေကုန်ဆုံးနေသလို၊ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကြောင့်လည်းသွေးတွေကုန်ဆုံးတတ်ပါတယ်။ အဲဒါကြောင့်သွေးအားနည်းခြင်းလက္ခဏာကိုကြိုတင်သိထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
သွေးအားနည်းခြင်းရဲ့လက္ခဏာတခုက မောပန်းလွယ်ခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေ အောက်ဆီဂျင်ကိုသယ်ဆောင်ဖို့ မလုံလောက်တဲ့အခါ မောပန်းခြင်းဖြစ်ပေါ်လာပါတယ်။ မောပန်းခြင်းကို အကြောင်းပြချက်အမျိုးစုံနဲ့ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးခြင်း၊ ဖျားနာခြင်း နဲ့အခြားအဖျားအနာရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သွေးအားနည်းခြင်းကြောင့်ဖြစ်ပေါ်တဲ့မောပန်းခြင်းကတော့ အနားမယူခြင်းကြောင့်မောပန်းခြင်းနဲ့ကွာခြားပါတယ်။ သွေးအားနည်းခြင်းကြောင့်မောပန်းတဲ့လူတွေက ၂၄နာရီလုံးမောပန်းနေတတ်ပါတယ်။
၂) ဖျော့တော့အားနည်းပုံပေါ်ခြင်း
သင့်မျက်လုံးတွေအရောင်ဖျော့တော့နေတာ၊ မျက်ခွံကိုလှန်ကြည့်ရင် အရောင်အဆင်းမရှိဖျော့နေတာမျိုးက သွေးအားနည်းခြင်းကိုပြသနေတာဖြစ်ပါတယ်။ မျက်ခွံအပေါ်က သွေးကြောတွေနဲ့ပြည့်နေတဲ့နေရာဖြစ်ပါတယ်။ ထိုနေရာမျိုးမှာ ဖြူဖျော့နေပြီဆိုရင် သိသာပါတယ်။ သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှုအားနည်းနေတာဖြစ်ပါတယ်။
၃) အသက်ရှုရခက်ခဲခြင်း
တချို့လူတွေမှာကျပြန်တော့ သက်တောင့်သက်သာထိုင်နေရင်းနဲ့ အသက်ရှုရခက်နေတာမျိုး၊ ဒါမှမဟုတ်ရင်လည်း ကိုယ်လက်လှုပ်ရှားမှုတွေလုပ်နေရင်းနဲ့မှ ရုတ်တရက်အသက်ရှုခက်တာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးထဲကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီကို အောက်ဆီဂျင်ပို့ပေးတာမျိုးမလုပ်နိုင်တော့တဲ့အတွက်ဖြစ်ပါတယ်။ အဲဒါကြောင့် လှေကားအတက်အဆင်းလုပ်ရုံလောက်နဲ့အသက်ရှုရခက်ခဲတာမျိုးတွေဖြစ်လာတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ သင့်ခန္ဓာကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာပေးပို့နိုင်တဲ့ လုံလောက်တဲ့သွေးနီဥပမာဏလိုအပ်ပါတယ်။
၄) စိုးရိမ်ပူပန်ခြင်း
စိတ်အပူလွန်တဲ့ရောဂါမျိုးခံစားနေရပြီဆိုရင်လည်း သွေးအားနည်းခြင်းရဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အဲဒါဆိုရင်တော နှလုံးကိုလည်းထိခိုက်နိုင်သလို သင့်သွေးတွေကို စုပ်ယူဖို့၊ ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ဖို့အခက်အခဲဖြစ်စေပါတယ်။ အောက်ဆီဂျင်ရဖို့ကြိုးစားသလိုမျိုးပေါ့။ အဲဒါက နှလုံးခုန်မြန်လာစေပါတယ်။ အဲဒါကြောင့် စိတ်ပူပန်ခြင်းလျှော့ပြီး စိုးရိမ်ပူပန်များတဲ့အတွေးတွေကိုတော့ လျှော့သင့်ပါတယ်။
၅) ခြေလက်တွေထုံကျင်ခြင်း
သင့်ခန္ဓာကိုယ်မှာ လိုအပ်သလောက် သွေးတွေလည်ပတ်နေဖို့ိလိုသလို သင့်ကိုယ်တွင်းအဂါၤတွေအတွက်လည်း သွေးလည်ပတ်မှုကောင်းဖို့လိုပါတယ်။ အဲဒီလိုလည်ပတ်နေတဲ့သွေးတွေကို ခန္ဓာကိုယ်မှာအသုံးပြုရပါတယ်။ လက်မောင်းတို့၊ ခြေသလုံးတို့၊ ခြေထောက်တို့ထံ လှုပ်ရှားမှုအတွက်အသုံးချရပါတယ်။ အဲလိုမျိုးသွေးလည်ပတ်မှုအားမကောင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ အဲဒီ့အစိတ်အပိုင်းတွေမှာ ထုံကျဉ်လာတတ်ပါတယ်။ အဲလိုခံစားရပြီဆိုရင်တော့ သွေးအားနည်းနေပြီလို့ သတိထားနိုင်ပါတယ်။
၆) ခေါင်းကိုက်ခြင်း
လူတိုင်းနီးပါးခေါင်းကိုက်ခြင်းခံစားဖူးမှာပါ။ ခေါင်းကိုက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွေးအားနည်းခြင်းဖြစ်ပေါ်တဲ့အခါမှာလည်း ခေါင်းကိုက်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာမရခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
၇) အမျိုးသမီးတွေမှာ ရာသီစက်ဝန်းမူမမှန်ခြင်း
သွေးအားနည်းတဲ့အခါ အမျိုးသမီးတွေမှာ ရာသီသွေးဆင်းနည်းလွန်းခြင်း၊ ဒါမှမဟုတ် များလွန်းခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။ နာကျင်ခြင်း၊ ကိုက်ခဲခြင်းကိုခံစားရပြီး သံဓာတ်ကုန်ဆုံးခြင်းကြောင့် သွေးအားနည်းခြင်း ပိုပြီးဖြစ်ပေါ်နိုင်ပါတယ်။
၈) အာရုံစိုက်မရခြင်း
သွေးအားနည်းနေတဲ့အခါမှာ အာရုံစိုက်မှုအားနည်းတတ်ပါတယ်။ တခုလုပ်နေရင်းနောက်တခုကို အာရုံရောက်သွားတာမျိုးနဲ့ အာရုံသေချာစူးစိုက်လို့မရတာမျိုးဖြစ်တတ်ပါတယ်။ သံဓာတ်ပမာဏလျော့ကျခြင်းက အလုပ်မှာစွမ်းဆောင်ရည်တွေကျဆင်းသွားနိုင်ပြီး အာရုံစိုက်မှုအားနည်းလာစေပါတယ်။
အကြောင်းပြချက်မသိရဘဲ အထက်ပါလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ သွေးအားနည်းခြင်းဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်။
https://www.powerofpositivity.com/8-warning-signs-anemia/?fbclid=IwAR3f79s7zQPO-hD-lRCDtRnHHR6fvgBtrS-ErXqxI72HJ6R58PejPG3LNpM လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။