Covid - 19 ကူးစက်မှုမှ ကာကွယ်ဖို့ သင့်အိမ်ကိုလည်း ပိုးသတ်၊ သန့်ရှင်းရေးလုပ်ကြပါ။

Work from home တွေ အတော်များများက ဖြစ်နေကြပြီဆိုတော့ အိမ်တွင်းအောင်းပြီး အလုပ်လုပ်နိုင်ဖို့အတွက် ကိုယ့်အိမ်တွင်းမှာ Covid -–19 ဝင်ရောက်ခိုကပ်မနေနိုင်ဖို့ အိမ်တွင်းပိုးသတ်တဲ့နည်းလမ်းကို ပြောပြပေးချင်ပါတယ်။ Covid -19 က အပြင်ကနေပြန်လာရာမှ သင့်လက်၊ သင့်ခန္ဓာကိုယ် ၊ သင့်အဝတ်အစား တစ်ခုခုကနေ ကပ်ပါလာမယ်ဆိုရင် သင့်အိမ်တွင်းပစ္စည်းတွေကိုလည်း ကပ်ညှိနေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်အိမ်လေးကို တစ်ပတ်မှာ နှစ်ခါ(သို့) သုံးခါလောက် ပိုးသတ်မှ စိတ်ချရမှာဖြစ်ပါတယ်။ အပြင်ထွက်ရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လိုသလို ကိုယ့်အမြဲနေမယ့် အိမ်ဂေဟာကိုလည်း ပိုးသတ်ဖို့လိုပါတယ်။


၁) Mask / လက်အိတ် ဝတ်ဆင်ပြီးမှ သန့်ရှင်းရေးကို စတင်ပါ။
ပထမဆုံး သန့်ရှင်းရေးလုပ်တော့မယ်ဆိုတာနဲ့ ကိုယ့်မျက်ကို Mask တပ်ပါ။ လက်အိတ်ဝတ်ဆင်ပြီးမှ ဆပ်ပြာရည်ကို spray ဖြန်းတဲ့ ဗူးထဲ ထည့်တာဖြစ်ဖြစ်၊ Dettol လို ပိုးသတ်ဆေးမျိုးကိုဖြစ်ဖြစ် သုံးပြီး သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။

၂) အိမ်တွင်းက ပစ္စည်းတွေ စုပုံနေတာမျိုးကို ရှင်းလင်းပါ။
စုပုံနေတာမျိုးတွေကနေ ဖုန်တွေ ဘက်တီးရီးယားတွေ ကပ်ညှိနေနိုင်ပါတယ်။ အဲဒါတွေကို အရင်ဆုံးရှင်းပစ်လိုက်ပါ။ ဖုန်သုတ်ပါ။ စုပုံနေတာတွေကို သူ့နေရာနဲ့သူစီလိုက်ပါ။

၃) အိမ်ရဲ့ လူစုံထိတွေ့ကိုင်တွယ်တဲ့နေရာတွေကိုသန့်ရှင်းပါ။
အိမ်ကို အပြင်ကပြန်လာတာနဲ့ စကိုင်တွယ်တဲ့ တံခါး၊ တံခါးလော့၊ လှေကားသံပန်း၊ တံခါးဘောင်၊ မီးခလုတ်တွေ၊ အိမ်သာ၊ ကြမ်းပြင်စတာတွေကို သန့်ရှင်းပေးပါ။ Television remote control တွေ၊ အိမ်သာတံခါးလော့တွေ၊ ရေချိုးခန်းတံခါးလော့တွေ စသဖြင့်ပိုပြီး ပိုးကပ်နိုင်တဲ့နေရာတွေပါ။

၄) ဆိုဖာ၊ ခေါင်းအုံး၊ အိပ်ရာခင်းတွေကို သန့်ရှင်းပါ။
အိပ်ရာကလည်း အရေးကြီးပါတယ်။ အိမ်ခန်းတွင်း သန့်ရှင်းရေးလုပ်ပေးပါ။ ဆပ်ပြာရည်ကို Spary ဗူးထဲထည့်ပြီး ဖျန်းနိုင်တယ်လို့လည်း ဆိုကြပါတယ်။ အိပ်ရာခင်းတွေကို တစ်ပတ် ၂နှစ်လောက် လဲပေးပါ။

၅) အမှိုက်ကို စနစ်တကျစွန့်ပစ်ပါ။
အပြင်က ပြန်လာတဲ့အခါ တပ်ထားတဲ့ mask တွေ၊ လက်အိတ်တွေ စွန့်ပစ်ထားတာမို့ အမှိုက်ဗုံးကိုလည်း သေချာ အမှိုက်အိတ်နဲ့စနစ်တကျစွန့်ပစ်ပါ။ အမှိုက်ပစ်တဲ့အခါ လက်အိတ်စွပ်ပါ။ အမှိုက်ပစ်ပြီးတာနဲ့ လက်ကို သေချာပြန်ဆေးကြောပါ။

အိမ်ပြင်ကိုလည်း လိုအပ်မှ မဖြစ်မနေထွက်ကြမယ်၊ ကိုယ့်နေထိုင်တဲ့အိမ်ထဲမှာလည်း ပိုးမခိုအောင်းနိုင်အောင် သေချာသန့်ရှင်းရေးလုပ်ကြမယ်ဆိုရင် ပိုးကြာကြာ အိမ်ထဲမနေနိုင်တဲ့အတွက် ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ပြီးသားဖြစ်အောင် ၊ ကိုယ့်မိသားစုကိုလည်း ကာကွယ်ပြီးသားဖြစ်အောင် သင့်အိမ်လေးကို အခုပဲ အလွယ်ကူဆုံးနည်းလမ်းနဲ့ ပိုးသတ်သန့်ရှင်းရေးလုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။