အမျှင်ဓာတ်မြင့်မားစွာပါဝင်သော အစားအစာများ

အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိစ္စအ၀၀မှာ မရှိမဖြစ်လိုအပ်ပါတယ်။ အမျှင်ဓာတ်ပါသောအစားအစာများက ကျွန်တော်တို့ခန္ဓာကိုယ်ထဲကရောဂါများနဲ့ နာမကျန်းမှုများကို ကူညီတိုက်ဖျက်ပေးနိုင်ပြီး ဝိတ်ကျဖို့လည်း ကူညီပေးနိုင်ပါတယ်။ အစာကိုအချိန်အတော်ကြာအောင် ပြည့်အင့်နေစေပါတယ်။ သင့်ရဲ့အစာစားတဲ့ပုံစံကိုပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့ အမျှင်ဓာတ်များတဲ့အစားအစာကို ထည့်သွင်းစားသုံးသင့်ပါတယ်။ ဝမ်းချုပ်ခြင်ကိုလည်း ကာကွယ်နိုင်ပါတယ်။


အမျှင်ဓာတ်ကို ဘာကြောင့်လိုအပ်တာလဲ။
အမျှင်ဓာတ်များပြားတဲ့အစားအစာတွေက ပုံမှန်အစာချေနိုင်ဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဝိတ်ကို ထိန်းပေးနိုင်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။၊ ကိုလက်စထရောကိုလည်း ထိန်းပေးနိုင်ပါတယ်။ အမျှင်ဓာတ်များပြားတဲ့အစားအစာတွေကို စားသုံးခြင်းက ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ကို ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေကိုလည်း ထောက်ပံ့ပေးနိုင်တဲ့အတွက် ခုခံအားစနစ်အတွက် အကောင်းဆုံးပါပဲ။

အမျှင်ဓာတ်က ဘယ်လိုမျိုးလုပ်ဆောင်ပေးသလဲ။
အမျှင်ဓာတ်က ကာဗွန်ဟိုက်ဒရိတ်နဲ့ဆင်တူပါတယ်။ ဒါပေမယ့် starches တွေနဲ့မတူပါဘူး။ ကယ်လိုရီမပါဝင်ပါဘူး။ အမျှင်ဓာတ်တွေက ရေကိုစုပ်ယူတယ်။ အစာခြေလမ်းကြောင်းထဲမှာ ပြည့်အင့်နေစေပါတယ်။ ရေဓာတ်စုပ်ယူမှုကိုများစေတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့ အမျှင်ဓာတ်များတဲ့အစားအစာကို စားသုံးသင့်ပါတယ်။
အမျှင်ဓာတ် ၂မျိုးရှိပါတယ်။ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ဖြစ်ပါတယ်။ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်က ရေထဲမှာ ဂျယ်ပုံစံနဲ့ပျော်ဝင်ပါတယ်။ သွေးထဲက ကလူးကို့စ်နဲ့ကိုလက်စထရောဓာတ်ကို လျော့ကျဖို့ကူညီပေးပါတယ်။ ရေမှာမပျော်ဝင်တဲ့အမျှင်ဓာတ်ကတော့ အူလမ်းကြောင်းတစ်လျှောက်မှာ အစာတွေသယ်ယူရွေ့လျားမှုလွယ်ကူဖို့ ကူညီပေးပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကတော့….
အသီးအနံှတွေ(ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ခရမ်းချဉ်သီး) ဟင်းသီးဟင်းရွက်တွေ(ပန်းပွင့်စိမ်း၊ ကန်စွန်းဥ၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ အစိမ်းရင့်ရောင်အရွက်များ၊ ဖရုံသီး၊ ဥနီ) ပဲအမျိုးမျိုးပဲဖြစ်ပါတယ်။ အုတ်ဂျုံ၊ ဂျုံ၊ အစေ့အဆံ၊ ဆန်လုံးညို၊ အခွံမာသီးနဲ့ flax seeds တွေမှာလည်း ပါဝင်ပါတယ်။
သင့်ရဲ့ဝိတ်လျှော့မယ့်အစီအစဉ်ထဲမှာတော့ အမျှင်ဓာတ်များတဲ့အစားအစာကို ထည့်သွင်းစားသုံးသင့်ပါတယ်။ အမျှင်ဓာတ်က ကယ်လိုရီမပါဝင်ဘဲ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်က သင့်ကို အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေတဲ့အတွက် မကြာခဏဗိုက်ဆာခြင်းကို တားဆီးပေးပါတယ်။
https://healthymindhealthybodyhealthylife.com/2018/08/08/high-fiber-foods/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။