သင့် အစွမ်းအစတွေ လျင်မြန်စွာတိုးတက်စေနိုင်သောအကျင့်များ

ကိုယ့်ရဲ့အစွမ်းအစဆိုတာက ကိုယ်တိုင်လုပ်ယ်ူမှရနိုင်တာမျိုးပါ။ ကိုယ်ပိုင်အစွမ်းအစရှိတဲ့လူတစ်ယောက်အတွက် ဘယ်နေရာရောက်ရောက် ထူးချွန်ထက်မြက်နေမှာဖြစ်သလို ဘယ်သူနဲ့မဆို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ငွေတွေအများကြီးရရှိထားတာက အချိန်တန် ကုန်ဆုံးသွားနိုင်ပါသေးတယ်။ ကိုယ်ပိုင်အစွမ်းအစရှိရင် ငွေလည်း နောက်ကလိုက်လာမှာပါပဲ။


၁) တစ်နေ့စာအုပ်တစ်အုပ်ဖတ်ပါ။
တစ်နေ့ကို စာအုပ်တစ်အုပ်ဖတ်ပါဆိုတာက လူတိုင်းနီးပါးသိကြပါတယ်။ မလုပ်ဖြစ်ရင်တော့ ကိုယ့်အစါမ်းအစတိုးဖို့အထောက်အကူမဖြစ်ဘူးပေါ့။ ရသစာအုပ်ဖတ်လည်း လူတွေအကြောင်းကိုပိုသိလာတာပါပဲ။ ဗဟုသုတရတာဖတ်ရင်လည်း ဗဟုသုတတိုးတာပါပဲ။ စိတ်လည်းတည်ငြိမ်ဖို့အထောက်အကူပြဒတဲ့အတွက် အခုလိုအချိန်မှာ ပိုလိုက်နာသင့်ပါတယ်။

၂) ဘာသာစကားအသစ်တစ်မျိုး သင်ယူပါ။
ဘာသာစကားအသစ်တစ်မျိုးသင်ယူဖို့က ဒီနေ့ခေတ်မှာ မခက်တော့ပါဘူး။ အခုလိုအချိန်မှာ အပြင်သင်တန်းတက်မရလဲ online learning / youtube / တို့ကနေ သင်ယူလို့ရနေပါပြီ။ Stay Home နေရင်း ကိုယ့်အတွက် ပညာတိုးလာလည်း အမြတ်ပါပဲ။

၃) အပတ်စဥ်လေ့ကျင့်ခန်းလုပ်ချိန်သတ်မှတ်ထားပါ။
ကိုလက်လှုပ်ရှားဖို့ အိမ်မှာလည်း လုပ်လို့ရနိုင်ပါတယ်။ ပုံမှန်အချိန်လေးသတ်မှတ်ပြီးလုပ်တာမျိုးပေါ့။ ကျန်းမာရေးကိုလည်း အထောက်အကူပြုသလို အဆုတ်လုပ်ဆောင်ချက်တွေကိုလည်း ကောင်းမွန်စေပါတယ်။
၄)ကိုယ့်ရဲ့အကျင့်ဆိုးတွေကို တစ်ပတ်မှာ တစ်ခုခန့်ပြုပြင်သွားပါ။
ကိုယ့်ရဲ့အကျင့်ဆိုးတွေကို ချ‌ရေးကြည့်ပါ။ နံပါတ်စဥ်တပ်ပြီး ပြုပြင်ချင်တဲ့အကျင့်တွေကို တစ်ပတ်မှာ တစ်ခုလောက်ပြုပြင်မယ်လို့ ဆုံဖြတ်ချက်ချပြီး ပြုပြင်ပါ။

၅) ကိုယ့်အပေါ်စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ မကောင်းတဲ့ခံစားချက်ဖြစ်စေတဲ့လူတွေကိုရှောင်ပါ။
ဒီအချိန်မှာတော့ အတတ်နိုင်ဆုံး ရှောင်မရရင် လျစ်လျူရှူထားတာ အကောင်းဆုံးပါပဲ။ လူတိုင်နီးပါးစိတ်ရောကိုယ်ပါ ကျန်းမာဖိုံကြိုးစားနေချိန်မှာ toxic people တွေကြောင့် ပိုဆိုးလာနိုင်တာမို့ ကိုယ့်အတွက် အဆိပ်အတောက်လိုဒုက္ခပေးနိုင်တဲ့သူတေါကို ရှောင်နိုင်ရင်ရှောင်တာအကောင်းဆုံးပါပဲ။ မရှောင်နိုင်ရင်တောင် neglect လုပ်ထားပြီး ခေါင်းထဲမထည့်ပါနဲ့။

၆) အချိန်တော်တော်များများကို တီဗိကြည့်ပြီးကုန်ဆုံးတာကိုပြင်ပါ။
‌ဖေ့ဘုတ်သုံးတာ၊ တီဗီကြည့်တာတေွက များသောအားဖြင့် အချိန်ကုန်မှန်းမသိကုန်စေပါတယ်။ အဲဒီ့အတွက် အခြားအကျိုးရှိတာတွေ မလုပ်ဖြစ်မှာစိုးလို့ လျော့ခိုင်းတာဖြစ်ပါတယ်။တီဗီကို အနားယူတဲ့အနေနဲ့တစ်နာရီလောက်ကြည့်မယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့အတိုင်း သေချာလိုက်နာပြီး ကိုယ့်အတွက် လုပ်စရာရှိတာတွေလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါ။ လုပ်စရာရှိတာတွေမေ့ပြီး တီဗီအစီအစဥ်တွေမှာ မြောပါသွားတတ်လို့ပါ။

၇) အတိတ်ကိုထားခဲ့လိုက်ပါ။
ဒါလည်း လူတိုင်းသိပြီးသားပါ။ လိုက်နာရခက်ဖို့သာခက်တာပါ။ အဲဒီ့တော့ အတိတ်ကို သတိရနေမိတဲ့စိတ်ကို သတိလေးထားလိုက်ပါ။ ကိုယ့်စိတ်ထဲ အတိတ်က ဖြစ်ရပ်တွေမှာ နစ်မြောနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်နှိုးဆွပါ။ “ဟာ ငါဒါတွေချည်းတွေးပြီး အချိန်ကုန်နေလို့မဖြစ်ဘူး”ပေါ့။

၈) ၀ါသနာအသစ်တွေလေ့လာသင်ယူပါ။
အခုလိုအချိန်မှာ ရောဂါကိုကြောက်တာလည်းကြောက်၊ ကိုယ့်စိတ်ထဲအရမ်းဖိစီးမှုဖြစ်နေအောင်လည်း မနေလိုက်ပါနဲ့။ အဲဒါဆို အခြားအကျိုးရှိတာတွေလုပ်ဖို့ အကုန်မေ့သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့၀ါသနာအသစ်တွေကို လေ့လာကြည့်ပါ။ သင်ယူပါ။

၉) လူတိုင်းနဲ့ အဆင်ပြေအောင်ဆက်ဆံတတ်ဖို့သင်ယူပါ။
ပေါင်းသင်းဆက်ဆံရေးက အောင်မြင်တဲ့လူတွေအတွက်လိုအပ်တဲ့အရည်အချင်းတစ်ခုပါပဲ။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူမှာ မိတ်ဆွေပေါမယ်၊ မသိတာမေးနိုင်မယ်၊ လေ့လာနိုင်မယ်၊ ကူညီချင်တဲ့သူပေါတာပေါ့။

၁၀) သင့်ရဲ့အားနည်းချက်တွေနဲ့ သင်မသိနိုင်တဲ့ အချက်တွေကို သိအောင်ကြိုးစားပါ။
သင့်အားနည်းချက်ကဘာလဲပြန်သုံးသပ်ပါ။ ဘယ်လိုပြင်နိုင်မလဲ၊ မပြင်နိုင်ရင် ဘယ်လိုအားသာချက်ထပ်ရှိအောင်ကြိုးစားမလဲတွေးပါ။ အားနည်းချက်မှေးမှိန်လာပြီး အားသာချက်ပိုတိုးလာဖို့ကြိုးစားပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။