သကြားစားသုံးခြင်းကို လျော့ချလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ။

အမေရိကန်လူမျိုး ၂၀ရာခိုင်နှုန်းက တစ်နေ့လျှင် သကြားကြောင့် ကယ်လိုရီပေါင်း၇၀၀ထက်မက စားသုံးနေကြပါတယ်။ ထိုပမာဏက သကြားတစ်ခွက်စာထက်မကပါဘူး။ ထိုပမာဏက ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေပါတယ်။ သဘာဝသကြားဓာတ်ဖြစ်တဲ့ အသီးတွေစားသုံးခြင်းကတော့ ကျန်းမာရေးကို ဆိုးဝါးစွာမထိခိုက်နိုင်ပေမယ့် သကြားထပ်ပေါင်းထည့်ထားတဲ့ ပြုပြင်ထားတဲ့အစားအစာတွေစားသုံးခြင်းကတော့ သင့်စိတ်နဲ့သင့်ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေပါတယ်။ လေ့လာချက်အချို့အရ သကြားအလွန်အကျွံ့စားသုံးခြင်းက စိတ်ပူပန်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စတဲ့ပြဿနာတွေဖြစ်လာစေသလို၊ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ဆိုးရွားစွာထိခိုက်စေပါတယ်။ တစ်နေ့လျှင် သကြားကို ၉.၅ဇွန်းခန့် ပိုမစားသင့်ဘူးလို့ လေ့လာချက်တွေအရဖော်ပြကြပါတယ်။ အမေရိကန်လူမျိုး အရွယ်ရောက်သူတွေကတစ်နေ့လျှင် သကြား၂၂ဇွန်းခန့်စားသုံးနေပြီး ကလေးငယ်တွေမှာတော့ သကြား ၃၂ဇွန်းခန့်စားသုံးနေကြပါတယ်။ သကြားစားသုံးခြင်းကို လျော့ချလိုက်တဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။


၁) နှလုံးကျန်းမာရေးပိုကောင်းလာစေပါတယ်။
သကြားစားသုံးခြင်းက အာရုံကြောစနစ်ကို လှုံ့ဆော်တဲ့ အင်ဆူလင်ပမာဏ မြင့်တက်လာစေပါတယ်။ သွေးဖိအားမြင့်တက်လာပြီး နှလုံးခုန်နှုန်းမြန်လာပါတယ်။ ရက်သတ္တပတ်အနည်းငယ်ခန့် သကြားစားသုံးခြင်းကိုလျော့ချလိုက်တဲ့အခါ သင့် LDL cholesterol ပမာဏ ၁၀ရာခိုင်နှုန်းလျော့ကျသွားပါတယ်။ သွေးဖိအားလည်း လျော့ကျသွားပါတယ်။ သကြားစားများခြင်းက
သင့်ခန္ဓာကိုယ်မှာ အလုပ်လုပ်ဖို့ပိုပြီး ခက်ခဲတဲ့အတွက် နှလုံးကို ဖိအားဖြစ်စေပါတယ်။ အသည်းကိုလည်း အလုပ်ပိုလုပ်ရစေပါတယ်။ သွေးစီးဆင်းမှုမှာလည်း အဆီတွေကို ပိုပြီးစုပ်ယူမှုများစေပါတယ်။ ကိုလက်စထရောနဲ့ saturated fats တွေပိုပြီး စုပုံလာခြင်းက နှလုံးရောဂါကို ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် သကြားအလွန်အကျွံ့စားသုံးခြင်းက နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပေါ်ဖို့ အလားအလာများစေပါတယ်။

၂) သင့်အရေပြားပိုပြီးကြည်လင်လာစေနိုင်ပါတယ်။
ဝက်ခြံထွက်ခြင်းကဲ့သို့ အရေပြားပြဿနာတွေရှိနေတယ်ဆိုရင် သကြားစားသုံးခြင်းကို လျော့ချသင့်နေပါပြီ။ လေ့လာချက်အရ သုံးပတ်ခန့် ကာဗွန်နိတ်ပါဝင်တဲ့အချိုရည်မသောက်သုံးတဲ့သူတွေမှာ ရောင်ရမ်းမှုတွေဖြစ်ပေါ်ခြင်းက ၈၇ရာခိုင်နှုန်းခန့် လျော့ကျစေတာကိုတွေ့ရပါတယ်။ ရောင်ရမ်းမှုတွေက အရေပြားပြဿနာတွေဖြစ်ပေါ်စေပါတယ်။ သကြားက ခန္ဓာကိုယ်တွင်းမှာ အဆိပ်ဖြစ်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အသည်းက ထိုအဆိပ်အတောက်ကို မဖြိုခွဲနိုင်တဲ့အခါမှာ ထိုအရာတွေက ချွေးအဖြစ်နဲ့ပြန်ထွက်မသွားဘဲ အရေပြားပေါ်မှာ ဝက်ခြံတွေနဲ့အခြားသော ပြဿနာဖြစ်လာစေပါတယ်။ Collagen နဲ့ elastin တွေက အရေပြားကိုနုပျိုအောင်ထိန်းသိမ်းပေးတဲ့ ပရိုတင်းနှစ်မျိုးဖြစ်ပါတယ်။ ထိုဓာတ်၂မျိုးကို သကြားက ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒါကြောင့် သကြားအလွန်အကျွံ့စားခြင်းက အရေပြားကိုပြဿနာဖြစ်စေပါတယ်။ သကြားစားသုံးခြင်းကို လျော့ချလိုက်တာနဲ့ အရေပြားကို ပြန်လည်ကြည်လင်လာစေနိုင်ပါတယ်။

၃) ဆီးချိုဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေပါတယ်။
သကြားအလွန်အကျွံ့စားသုံးခြင်းက သင့်အသည်းတစ်ဝှိုက်မှာ အဆီတွေဖြစ်ပေါ်စေပါတယ်။ ထိုအဆီတွေကနေ အင်ဆူလင်ထုတ်လုပ်ဖို့ သင့်ပန်ကရိယကို အလွန်အကျွံ့အလုပ်လုပ်ခိုင်းပါတယ်။ ပုံမှန်အားဖြင့် ပန်ကရိယက အင်ဆူလင်ကို ဖြေးဖြေးမှန်မှန်ထုတ်လုပ်ပေးဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်ထဲကို သကြားဓာတ်ဝင်ရောက်လာတဲ့အခါမှာတော့ ပန်ကရိယနဲ့အသည်းက ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ သကြား ၁၅၀ကယ်လိုရီခန့်စားသုံးခြင်းက အမျိုးအစား၂ဆီးချိုရောဂါဖြစ်ပွားမှုအလားအလာပိုများစေပါတယ်။

၄) စိတ်ခံစားချက် ပိုပြီးပျော်ရွှင်မှုရှိစေပါတယ်။
Columbia University မှလေ့လာချက်အရ သကြားအလွန်အကျွံ့စားသုံးတဲ့အမျိုးသမီးတစ်ယောက်မှာ ပိုပြီး ပူပန်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်း နဲ့ စိတ်ရှုပ်ထွေးခြင်းတွေပိုဖြစ်နိုင်ပါတယ်လို့ဖော်ပြထားပါတယ်။ သင့်ရဲ့စိတ်ခံစားချက်တွေပိုပြီး တည်ငြိမ်ချင်တယ်ဆိုရင်တော့ သကြားစားသုံးခြင်းကို လျော့ချခြင်း သို့မဟုတ် သကြားစားသုံးခြင်းကို ရပ်တန့်ပစ်သင့်ပါတယ်။

၅) ပိုပြီးအိပ်ပျော်စေပါတယ်။
သကြားစားသုံးခြင်းက ခန္ဓာကိုယ်မှာ cortisol ပမာဏကို တိုးစေပါတယ်။ cortisol ဓာတ်က အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သကြားက ဗဟိုအာရုံကြောစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အတက်အကျဖြစ်စေပြီး အိပ်စက်ချိန်စက်ဝန်းကိုလည်း ထိခိုက်စေပါတယ်။ သကြားကို လျော့စားလိုက်တဲ့အခါ သင်ပိုပြီးအိပ်ပျော်စသလို၊ ပိုပြီးလည်း စွမ်းအင်နဲ့ပြည့်ဝနေပြီး တစ်နေ့တာလုံးသွက်လက်နေစေပါလိမ့်မယ်။

၆) မှတ်ဉာဏ်လည်းပိုပြီးကောင်းမွန်လာစေပါတယ်။
သကြားက cognitive impairment လို့ခေါ်တဲ့ မှတ်ဉာဏ်၊ အသစ်တွေသင်ယူခြင်း ၊ ဆုံးဖြတ်ချက်ချခြင်း၊ အာရုံစူးစိုက်ခြင်း စတဲ့အားလုံးသော မှတ်ဉာဏ်ဆိုင်ရာတွေ အားနည်းခြင်း၊ ဦးနှောက်တွင်ဖိစီးမှုများလာစေပါတယ်။ တိရိစ္ဆာန်တွေမှာ လေ့လာချက်အရ သကြားစားများခြင်းက မှတ်ဉာဏ်နဲ့သင်ယူနိုင်မှုကို အားနည်းသွားစေပါတယ်။ သကြားစားများခြင်းက ဦးနှောက်ထဲကဆဲလ်တွေ ချိတ်ဆက်မှု၊ ဆက်သွယ်မှုကို ပျက်စီးစေပါတယ်။

၇) ဝိတ်ကျစေနိုင်ပါတယ်။
သကြားပါဝင်တဲ့အစားအစာတွေက ကယ်လိုရီပါဝင်မှုများသလို ပြုပြင်ထားတဲ့သကြားပါဝင်တဲ့အစားအစာတွေက စားသုံးနေစဉ်အတောအတွင်းမှာတင် ပိုပြီးဆာလောင်မှုကို ခံစားရစေပါတယ်။ ကိတ်မုန့်တွေ၊ ကွတ်ကီးတွေက ကယ်လိုရီပါဝင်မှုများသလို၊ အာဟာရဓာတ်ပါဝင်မှုနည်းပါတယ်။ သင့်ခန္ဓာကိုယ်က အဲဒါကြောင့် ပိုပြီး ဆာလောင်နိုင်သလို၊ ပိုပြီးလည်း ဝိတ်တက်စေပါတယ်။ အဲဒါကြောင့် သကြားစားသုံးမှုကိုလျော့ချလိုက်တဲ့အခါ သင့်ဝိတ်ကိုကျစေဖို့လည်း အထောက်အကူဖြစ်စေမှာပါ။
သကြားစားသုံးမှုကို လျော့ချဖို့အတွက် သကြားအစား အသီးအနှံတွေနဲ့ အသီးအရွက်တွေစားသုံးပေးတာမျိုးလုပ်သင့်ပါတယ်။
https://www.powerofpositivity.com/when-you-stop-eating-su…/… လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။