အအေးမိဖျားနာတဲ့အခါ စားပေးသင့်တဲ့ Super food များ

အခုကာလမှာ ရာသီတုတ်ကွေးတွေလည်း ဖြစ်နေတာမို့ သာမန်အအေးမိဖျားနာအတွက် အစားအစာကိုသေချာရွေးချယ်စားသုံးတတ်ဖို့လိုပါတယ်။ ဖျားနာခြင်းကို ပြန်လည်သက်သာစေနိုင်တဲ့အစားအစာမျိုးတွေကို သိထားတဲ့အခါ အစာလည်းဆေးဆေးလည်းအစာဆိုသလို ကိုယ့်ရဲ့အဖျားကိုလည်း အမြန်ဆုံးသက်သာဖို့ရာအထောက်အကူဖြစ်စေတာပေါ့။ အရှင်းပျောက်သွားမယ်လို့ဆိုလိုတာမဟုတ်ဘဲ အဖျားကိုသက်သာဖို့ရာ အထောက်အူပြုတဲ့အစားအစာတွေကို သိထားတဲ့အတွက် ဘာမှမသိတာထက်စာရင် ကိုယ့်ကိုပိုပြီးသက်သာစေမယ့်အစာအစာကို‌ရွေးချယ်စားသောက်နိုင်တာပိုကောင်းပါတယ်။


(ဒါပေမယ့် ဒီအစားအစောတွေစားပေးပြီး ဆိုင်ရာဆရာဝန်နဲ့မပြသလို့ကလည်း မဖြစ်ပါဘူးနော်)
၁) ရေနွေးကြမ်း
နှာစေး၊ ဖျားနာချိန်မှာ ရေများသောက်သောက်ပေးဖို့လိုအပ်ပါတယ်လို့ ဆရာဝန်တွေက ညွှန်ကြားကြပါတယ်။ ရေအေးထက် ရေ‌နွေးကြမ်းပူနွေးနွေးလေးသောက်ပေးတာက ပိုပြီး သက်သာစေနိုင်ပါတယ်။ လည်ပင်းနာခြင်း၊ အာခေါက်ခြောက်ြခင်းနဲ့ နှုတ်ခမ်းခြောက်သွေ့ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

၂) ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်ကတော့ ကိုယ်ခံအားကို ပြန်လည်ဖြည့်တင်းပေးနိုင်တာမို့ ဖျားနာချိန်မှာမဖြစ်မနေသောက်သင့်ပါတယ်။ ကြက်စွပ်ပြုတ်ထဲ ဂျင်း၊ ကြက်သွန်ဖြူ၊ မုန်လာဥလေးတွေထည့်ပေးရင် ပိုပြီး အားဖြစ်စေပါတယ်။ ကြက်သွန်ဖြူ၊ ဓျင်းကလည်း ကိုယ်ခံအားကိုအထောက်အကူပြုစေပြီး ဘက်တီးရီးယားတွေကို သေစပါတယ်။

၃) ထောပတ်သီး
ထောပတ်သီးမှာ monounsaturated fat ကြွယ်ဝပြီး နေမကောင်းချိန်မှာ လိုအပ်နေတဲ့ vitamins, သတ္တုဓာတ်တွေကို ရစေတာကြောင့် စားပေးသင့်ပါတယ်။

၄) ဆော်လမွန်ငါး
omega-3 fatty acids နဲ့ vitamin D ပါဝင်တာကြောင့် နေမကောင်းချိန်မှာ ဆော်လမွန်ငါး ကိုစားပေးသင့်ပါတယ်။

၅) ငှက်ပျောသီး
soluble fiber ပါဝင်ခြင်းကြောင့် ဝမ်းပျက်ခြင်းကို သက်သာစေနိုင်ပြီး နေမကောင်းအားအင်ကုန်ခမ်းနေချိန်မှာ အာဟာရပြည့်ဝစေတာမို့ စားပေးသင့်ပါတယ်။

၆) အုန်းစိမ်းရည်
ရေဓာတ်ပြည်လည်ဖြည့်တင်းပေးဖို့အတွက် လိုအပ်တဲ့ glucose နဲ့ electrolyte ပါဝင်တာကြောင့် နေမကောင်းချိန်မှာ သောက်ပေးသင့်ပါတယ်။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလိုနေမကောင်းချိန်မှာ ကိုယ့်ရဲ့အာဟာရကိုပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အာဟာရကိုသိထားတဲ့အခါ ကိုယ့်အတါက် အရသာရှိမယ်ထင်တာလေးတွေနဲ့ ပြန်လည်သုံးသပ်ပြိး စားပေးနိုင်အောင်လို့ဖော်ပြလိုက်ပါတယ်။ သို့ပေမယ့် ဒီအစားအစာတွေကိုစားပေးခြင်းအားဖြင့် သင့်ရဲ့နေမကောင်းခြင်းကိုအရှင်းပျောက်စေမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သက်ဆိုင်ရာဆရာဝန်ထံမှာ ဆေးကုသမှုခံယူပြီး အာဟာရပြည့်ဖို့အတွက်သာ အားအင်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အစားအစာတွေကိုဖော်ပြပေးထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။