ချယ်ရီသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ချယ်ရီသီးက အရသာရှိပြီး ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ကယ်လိုရီနည်းပါးပြီး ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်း ၊ ပိုတက်ဆီယမ်၊ ကော့ပါး ၊ အမျှင်ဓာတ်၊ မဂ္ဂနီစ် စတဲ့အာဟာရဓာတ်နဲ့သတ္တုဓာတ်တွေလည်းပါဝင်ပါသေးတယ်။


၁) antioxidants ကြွယ်ဝစွာပါဝင်ပါတယ်။
Antioxidants တွေပါဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းကိုလျှော့ချပေးပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုနှေးစေပြီး နာတာရှည်ရောဂါတွေကို သက်သာစေပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ၊ အင်ဇိုင်းမား၊ ဆီးချိုသွေးချိုနဲ့ အဝလွန်ခြင်းကဲ့သို့ရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

၂) ဆီးချိုရောဂါကို ကာကွယ်ပေးခြင်းမှာအထာက်အကူဖြစ်စေပါတယ်။
ရောင်ရမ်းခြင်းကိုလျှော့ချစေတဲ့အတွက် သင့်ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
glycemic index လည်း နည်းတာကြောင့် ဆီးချိုသမားတွေအတွက် အဆင်ပြေစေပြီး သွေးထဲကသကြားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။

၃) အိပ်ပျော်စေပါတယ်။
Melatonin ပါဝင်ပြီး ထိုဟော်မုန်းဓာတ်က သင့်ရဲ့အိပ်ပျော်မှုအတွက် အကူအညီဖြစ်စေပါတယ်။ လေ့လာချက်အရ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ အိပ်မပျော်တဲ့ရောဂါခံစားနေရတယ်ဆိုရင် ချယ်ရီသီးဖျော်ရည်ကို မနက်တိုင်း ဒါမှမဟုတ် မအိပ်ခင် ၁နာရီ၊ ၂နာရီအလိုခန့်မှာ သောက်ပေးခြင်းက အိပ်ပျော်စေလို့တွေ့ရှိရပါတယ်။

၄) အဆစ်အမြစ်ကိုက်ခြင်းကိုသက်သာစေပါတယ်။
လေ့လာချက်တွေအရ ချယ်ရီသီးမှာ အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အကျိုးသက်ရောက်မှုရှိစေပါတယ်။ ချယ်ရီသီးဖျော်သောက်ခြင်း ဒါမှမဟုတ် သရေစာအဖြစ်စားပေးခြင်းက သင့်ရဲ့အဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်းကိုသက်သာစေပါတယ်။

၅) ဂေါက်ရောဂါဖြစ်နိုင်ချေကိုလျော့ကျစေပါတယ်။
U.S က အရွယ်ရောက်သူရဲ့ ၈သန်းကျော်ဟာ ဂေါက်ရောဂါကိုခံစားနေရပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်းက အဆစ်အမြစ်တွေထဲမျာ ယူရစ်အက်ဆစ်များနေခြင်းကြောင့်ဖြစ်ပါတယ်။ လေ့လာချက်တစ်ခုမှာ ဂေါက်ရောဂါရှိသူတွေကို ချယ်ရီသီးနှစ်ရက်ခန့် စားသုံးလိုက်ခြင်းက မစားတဲ့သူတွေထက် ဂေါက်ရောဂါဖြစ်နိုင်ချေ ၃၅ရာခိုင်နှုန်းလျော့သွားတာကိုတွေ့ရပါတယ်။

၆) cholesterol ကိုလျော့ကျစေပါတယ်။
လေ့လာချက်အရ ချယ်ရီသီးဖျော်ရည်သောက်သုံးသူတွေမှာ ကိုလက်စထရောကိုလျော့ကျစေတာကိုတွေ့ရပါတယ်။ မကောင်းတဲ့ကိုလက်စထရော LDL ကိုလျော့ကျစေခြင်းဟာ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

၇) လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ကိုယ်လက်နာကျင်ခြင်းကိုလျော့ကျစေပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးနောက် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းကို လျော့ကျစေတာကိုလည်းတွေ့ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။