ဘ၀ရဲ့ဆိုး၀ါးမှူတွေကြုံရတဲ့အခါတိုင်းမှာ သတိရပါ။
ဘဝရဲ့ဆိုးဝါးမှုတွေကြုံတဲ့အခါတိုင်းမှာ ဘာလို့ ငါ့ကျမှ ဖြစ်ရတာလဲဆိုတာမျိုး တွေးမိတတ်ပြီး ပိုစိတ်ဓာတ်ကျလာတတ်ပါတယ်။ တကယ်တော့ အဲဒီ့လိုအတွေးမျိုးက သင်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး။ ဘဝရဲ့ဆိုးဝါးမှုတွေဟာလည်း သင်တစ်ယောက်တည်းကျမှ ကြုံရတာမဟုတ်ပါဘူး။ လောကမှာ လူတိုင်း ကောင်းတစ်လှည့်ဆိုးတလှည့်ကြုံနေကြတာပါပဲ။ ကိုယ်တိုင်ကြုံနေရတဲ့အချိန်မှသာ ဆိုးဝါးလိုက်တာလို့ ထင်မှတ်နေတာပါ။ အောင်မြင်စွာကျော်ဖြတ်ပြီးတဲ့အခါ အချိန်တစ်ခုအရာက်မှာတော့ ထိုဆိုးဝါးတဲ့ကာလကို ပြန်တွေးကြည့်မယ်ဆိုရင် ဘာမှမဟုတ်ပါားရယ်လို့ အတွေးပေါ်လာမှာပါပဲ။ အဲဒါကြောင့် ဘတရဲ့ ဆိုးဝါးမှုတွေကြုံရတဲ့အခါတိုင်းမှာ အောက်ပါအချက်တွေပြန်တွေးပြီး မိမိကိုယ်ကိုနှစ်သိမ့်ပါ၊ ပြီးရင် ဆိုးဝါးမှုတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
၁) နာကျင်မှူဆိုတာ ရင့်ကျက်လာခြင်းတစ်မျိုးပါပဲ ။ နာကျင်မှုတွေကြုံရချိန်တိုင်းမှာ ခံစားရတာ မကောင်းပေမယ့် သင်ခန်းစာတွေတိုးလာနိုင်ပါတယ်။ ယူတတ်ရင် ယူတတ်သလို သင်ခန်းစာရနိုင်တာကြောင့် နောက်ထပ် ဘဝရှင်သန်မှုအတွက် ရင့်ကျက်မှုတွေဖြစ်လာစေပါတယ်။ နာကျင်မှုများလာတဲ့အခါ ပုံမှန်အသေးအဖွဲလို ကိစ္စလောက်ကို စာမဖွဲ့တော့ဘူးပေါ့။ အဲဒီ့အခါ သင့်ပိုရင့်ကျင်လာတာပါပဲ။ နာကျင်မှုဒဏ်ကို ပိုခံနိုင်လာတာပါပဲ။
နောက်တစ်ပုံ) အားလုံးဟာ ယာယီပါပဲ။ သင်အခု ကောင်းမွန်တဲ့အခြေအနေမှာဆိုရင်လည်း သင့်လက်ရှိအခြေအနေပေါ်မှာ မူတည်ပြီး ဆိုးဝါးမှုကြုံတဲ့အခါ ဘယ်လိုလုပ်မလဲဆိုတာမျိုး ပြင်ဆင်ထားသင့်ပါတယ်။ ခုလက်ရှိသင်ဆိုးဝါးတဲ့အခြေအနေဆိုရင်လည်း မကြာခင် အကောင်းဆုံးတွေရလာဖို့ အားတင်းဖြတ်သန်းပါ။ ဘာကြောင့်လဲဆိုရင် ဘယ်အခြေအနေမဆို တည်မြဲတယ်ဆိုတာမရှိနိုင်ပါဘူး။ အားလုံးဟာ ယာယီပါပဲ။ သင့်ဆိုးဝါးမှုတွေဟာလည်း ခဏတာပါပဲဆိုတာ သင်သတိရပါ။
နောက်တစ်ပုံ၄) သင့်ရဲ့ဒဏ်ရာတွေဟာ သင့်ရဲ့ ခွန်အားတွေပါ။ တကယ်တော့ သင့်ဒဏ်ရာတွေတိုးလာတဲ့အခါ ဒဏ်ရာတွေကို ပြန်တွေးလိုက်တိုင်း ငါ......ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သားပဲဆိုတဲ့စိတ်နဲ့ ခွန်အားတိုးစေပါတယ်။ မဟုတ်ဘူးလား......သင်အခုထိ မကျရှုံးသေးလို့သာ ဒဏ်ရာတွေကို ပြန်စမ်းနိုင်တာလေ။ ပြန်တေါးနေနိုင်တာလေ။ သင်အနိုင်ရခဲ့တယ်မဟုတ်လား......။ အဲဒီ့တော့ အခုအခါမှာလည်း ဒဏ်ရာတွေကို သင်အနိုင်ယူပြီး ခွန်အားတိုးလာပါစေ။ ဒဏ်ရာတွေဟာ သင့်အတွက် ခွန်အားပါလို့တွေးပါ။
နောက်တစ်ပုံ၃) ပူပန်ခြင်းနဲ့ ဆင်ခြေများခြင်းဟာ ဘာကိုမှမပြောင်းလဲနိုင်ပါဘူး။ ဘာကိုကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ပူပန်နေရုံနဲ့တော့ ဘာမှ ပိုမကောင်းလာနိုင်ပါဘူး။ အဲဒီ့လိုပဲ ပြင်ဆင်ထားဖို့အတွက် ဆင်ခြေများနေတာကလဲ ဘာမှပိုမကောင်းလာနိုင်ပါဘူး။ အဲဒီ့အတွက် ဆိုးဝါးမှုကို ဘယ်လိုအကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာသာ တွေးပြီး အောင်မြင်စွာကျော်ဖြတ်ရမှာပါ။ ပူပန်နေတာနဲ့ ဆင်ခြေများတာ အလကားပါပဲ။
နောက်တစ်ပုံ၅) အခက်အခဲတိုင်းဟာ ရှေ့ဆက်ဖို့တွန်းအားပါ။ အခက်အခဲနဲ့ကြုံရလို့ နောက်ဆုတ်တော့မယ်ဆိုရင် ဘယ်သူမှ အောင်မြင်မှာမဟုတ်တော့ပါဘူး။ အဲဒီ့အခက်အခဲကို ကျော်လွှားနိုင်ခဲ့ရင် ဘာတွေဖြစ်မလဲလို့ မျက်လုံးလေးမှိတ်ပြီး တွေးကြည့်လိုက်ပါ။ များသောအားဖြင့်တော့ အခက်အခဲတွေရဲ့အလွန်မှာ ကိုယ့်အတါက်ရလဒ်တစ်ခုခုရှိနေတတ်ပါတယ်။ ဒါပေမယ့်အဲဒီ့ရလဒ်လိုချင်ရင် အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ရတာပါပဲ။ အဲဒါကြောင့် အခက်အခဲကိုကျော်ဖြတ်နိုင်တဲ့အခါ ရလာမယ့်ရလဒ်ကိုတွေးလိုက်မယ်ဆိုရင် အခက်အခဲဆိုတာက ပါးမွှားလေးဖြစ်သွားမှာပါ၊ အဲဒီ့အခါ အခက်အခဲဆိုတာ ရှေ့ဆက်ဖို့ရာ ခွန်အားပါပဲ။
နောက်တစ်ပုံ၆) အခြားသူတွေရဲ့ဝေဖန်မှူတိုင်းကို ခေါင်းထဲမထည့်ပါနဲ့။ ကိုယ်ကြောင့် တဖက်သားကို ထိခိုက်အောင်မလုပ်ဘူး၊ ကိုယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့တဖက်သားမထိခိုက်သရွေ့ ဘယ်သူဘာပြောပြော မခံစားပါနဲ့။ လူတိုင်းဟာ အမြင်ချင်းမတူတဲ့အတွက် သူတို့ထင်ရာမြင်ရာပြောပါစေ။ ပြောခွင့်ပေးလိုက်ပါ။ သူတို့ထင်ရာပြောခြင်းက သူတို့ရဲ့လွတ်လပ်ခွင့် ဖြစ်သလို၊ သင့်ခေါင်းထဲ ထည့်ခြင်းမထည့်ခြင်းဟာလည်း သင့်ရဲ့လွတ်လပ်ခွင့်ပါပဲ။ အဲဒါကြောင့် သင့်ကို တိုးတက်စေမယ့် ၊ သင်ယူခွင့်ရစေမယ့် ကိစ္စမျိုးကလွဲပြီး သင့်စိတ်ကို နာကျင်စေမယ့် ဝေဖန်မှုမျိုးကို သင့်စိတ်ထဲအဝင်မခံပါနဲ့။ ဝင်လာခဲ့တလို့ သတိထားမိတာနဲ့ တခြားကောင်းတဲ့ အတွေးတစ်ခုခုနဲ့အစားထိုးလိုက်ပါ။
နောက်တစ်ပုံ၇) သင်လုပ်နိုင်တဲ့အကောင်းဆုံးအရာကတော့ ရှေ့ဆက်သွားဖို့ပါပဲ။ သင်ဘယ်တော့မှ မမေ့ရမှာကတော့ သင်လုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုကတော့ သင်ရည်မှန်းထားတာတွေဆီကိုသွားဖို့ပဲဖြစ်ဖြစ်၊ သင့်ဘဝရဲ့ဆိုးဝါးမှုတွေကို ကျော်ဖြတ်ဖို့အတွက် အားတင်းပြီး ရှေ့ဆက်ဖို့ပါပဲ။ အဲဒီ့လို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ဆိုးဝါးမှုတွေကို ရှေ့ဆက်ကျော်ဖြတ်ခြင်းအတွက် သင်ဘယ်တော့မှ နောင်တရမိမှာမဟုတ်ပါဘူး။ ဘဝရဲ့နောင်တတော်တော်များများက မလုပ်လိုက်မိတာတွေကနေသာ ရတတ်တာပါ။ အဲဒါကြောင့် ဘဝရဲ့ဆိုးဝါးမှုတွေကို အားတင်းကျော်ဖြတ်လိုက်ပါ။