လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ
လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ။
Broto သည် ကာလကတ္တားမှဖြစ်ပြီး ပိုလီယိုရောဂါခံစားရသူဖြစ်ပါတယ်။ သူ့ကိုဆေးကုရန်အတွက် သူ့မိဘတွေကအိမ်ရောင်းပြီး ကုခဲ့ပေမယ့် ပိုလီယိုရောဂါကိုပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါဘူး။ သူ့ရဲ့ပထမနှစ်ဘွဲ့ယူတဲ့အချိန်မှာပဲ သူ့အဖေဖြစ်သူဟာ နေမကောင်းဖြစ်ပြီးဆုံးပါးသွားခဲ့သလို အမေဖြစ်သူဟာလည်း ဆီးချိုရောဂါအပြင်းအထန်ခံစားခဲ့ရပြီး ဆုံးပါးခဲ့ပါတယ်။ သူဟာ ဆင်းရဲ့တဲ့မိသားစုမှမွေးဖွားလာတာဖြစ်ပါတယ်။ သူဟာ အားကစားခန်းမတစ်ခုမှာ သန့်ရှင်းရေးအဖြစ်ဝင်အလုပ်လုပ်ခဲ့ပါသေးတယ်။ သူဟာ ထိုအချိန်မှ ခန္ဓ ာကိုယ်တည်ဆောက်ခြင်းကို စိတ်ဝင်စားပြီး သူဝါသနာပါရာကို သိလာခဲ့ပါတယ်။ ထိုလမ်းကြောင်းပေါ်ကိုပဲ တစိုက်မတ်မတ်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပြီး ပြိုင်ပွဲတွေမှာလဲ အနိုင်ရခဲ့ပါတယ်။#BAWA101
နောက်တစ်ပုံအသက်၆နှစ်မှာ ကြွက်သားများ ကျုံလှီလာတဲ့ နာတာရှည်ရောဂါခံစားခဲ့ရပါတယ်။ Braun Corporation အဖွဲ့ရဲ့ CEO ဖြစ်ပါတယ်။ ဝှီးချဲတပ်ဆင်တဲ့ကိရိယာတန်ဆာပလာတွေ အဓိကထုတ်လုပ်တဲ့အဖွဲ့ဖြစ်ပါတယ်။ အသက် ၁၅နှစ်မှာလွယ်ကူအောင်သွားလာလို့ရစေမယ့် စက်ကို စတင်ပြုလုပ်ခဲ့ပါတယ်။ အသက်၂၀မှာတော့ သုံးဘီးလို့ခေါ်တဲ့ မော်တာတပ်ထားတဲ့ဝှီးချဲကိုပြုလုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ပထမဆုံးဝှီးချဲကို စတင်နိုင်ခဲ့ပါတယ်။ မသန်စွမ်းတွေရဲ့ အခြားသူတွေအပေါ် အသေးအဖွဲကအစ မှီခိုအားထားရတဲ့အခက်အခဲတွေကို နားလည်ပေးနိုင်ခဲ့ပါတယ်။ လူသန်းပေါင်းများစွာသောလူတွေရဲ့ ဘဝကို ပိုပြီးလွယ်ကူသွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ US သမ ္ပတမှ သူ့ကို “ပြောင်းလဲမှုချန်ပီယံ” ဆိုတဲ့ ဘွဲ့ကိုပေးခဲ့ပါတယ်။#BAWA101
နောက်တစ်ပုံအသက်၄နှစ်မှာ ခြေချောင်းတွေရဲ့လှုပ်ရှားမှု၊ ထိန်းချုပ်မှုမရှိတဲ့ရောဂါ ခံစားခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ် World Championship ပွဲမှာ ဝှီးချဲတင်းနစ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ မှာ Padma Shri ဆုကို အိနိ ္ဒယအစိုးရက ပေးအပ်ခဲ့ပါတယ်။#BAWA101
နောက်တစ်ပုံသူမအသက် ၁၆နှစ်မှာ မတော်တဆဖြစ်မှုဖြစ်ခဲ့ပါတယ်။ သူမရဲ့ဒဏ်ရာတွေကို plastering လုပ်ရင်းကနေ ပိုဆိုးလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခြေထောက်နဲ့ခြေချောင်းတွေမလှုပ်ရှားနိုင်တဲ့ အခြေအနေဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် သူမက သူမရဲ့မလှုပ်ရှားနိုင်တဲ့ခြေထောက်တွေအတွက်နဲ့ သူမရဲ့ရည်ရွယ်ချက်တွေကို မဖျက်ဆီးခဲ့ပါဘူး။ ခုဆိုသူမဟာ အိန္ဒိယရဲ့ လူသိအများဆုံး ဂန ္တဝင်ကချေသည်တစ်ဦးဖြစ်နေခဲ့ပါပြီ။#BAWA101
နောက်တစ်ပုံမျက်မမြင် cricket ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၂ကမ္ဘာ့ဖလားမျက်မမြင် crickter ပွဲမှာ အနိုင်ရခဲ့ပါတယ်။ နိုင်ငံအတွက် ၄ကြိမ်မြောက် အမြင့်ဆုံး ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။#BAWA101
နောက်တစ်ပုံအသက် ၂နှစ်မှာ ရထားမတော်တဆမှုကြောင့် သူ့ခြေထောက်ကို ဆုံးရှုံးခဲ့ရ ပါတယ်။ ကြက်တောင်ရိုက်ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ကျန်တဲ့ခြေတစ်ဖက်နဲ့ကစားခဲ့ပြီး အိနိ ္ဒယမှာကျင်းပခဲ့တဲ့ Para Olympic Asia ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို နိုင်ငံကိုယ်စားပြုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘယ်လိုလူမျိုးမဆို ကိုယ့်အိပ်မက်ကို ရပ်တန့်ပစ်စရာမလိုကြောင်း သူကသက်သေပြသွားခဲ့ပါတယ်။ ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ ရွေတံဆိပ်ဆုတွေနဲ့ ငွေတံဆိပ်ဆု အများအပြားရရှိခဲ့ပါတယ်။#BAWA101
နောက်တစ်ပုံပထမဆုံးအိန္ဒိယနိုင်ငံရဲ့ ှဧဝရတ်တောင်တက်နိုင်ခဲ့တဲ့ မသန်စွမ်းဖြစ်ပါတယ်။ ရထားသံလမ်းတွေရဲ့အောက်မှာ သူမရဲ့ဘယ်ခြေထောက်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ သူမပတ်ဝန်းကျင်က လူတွေရဲ့သနားခြင်း၊ ကိုယ်ချင်းစာခြင်းတွေကို အဆက်မပြတ်ရရှိခဲ့ပေမယ့်လည်း အခြားသူတွေလုပ်နိုင်သမျှအရာတွေအားလုံးကို သူမမလုပ်နိုင်ဘူးဆိုတာကို လက်မခံနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် သူမဟာ ဧဝရတ်တောင်ကို တက်ခဲ့ပါတယ်။ ဘဝမှာမရနိုင်တာဘာမှမရှိဘူးဆိုတာကို သူမက သက်သေပြသွားခဲ့ပါတယ်။#BAWA101
နောက်တစ်ပုံနက္ခတ္တဗဒနှင့် ရူပဗေဒပညာရှင်ဖြစ်ပါတယ်။ သွေးကြောတွေတုံ့ဆိုင်းပြီး အလုပ်မလုပ်နိုင်တော့တဲ့ ရောဂါသည်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကွန်ပျူတာနှင့်သာစကားပြောနိုင်ပြီး စက်ကနေတဆင့် လူတွေနှင့်ဆက်သွယ်ရတာဖြစ်ပါတယ်။ သူ့ရဲ့မေးရိုးတွေက လူတွေနဲ့စကားပြောဖို့ ထိန်းချုပ်ပေးထားပါတယ်။ Black holes သီအိုရီက ဖြန့်ဝေပေးခဲ့တဲ့ ထင်ရှားတဲ့ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။#BAWA101
နောက်တစ်ပုံMuniba Mazari သည်ပါကစ္စတန်နိုင်ငံမှဖြစ်ပါတယ်။ အသက်၂၁နှစ်အရွယ်မှာ ကားမတော်တဆမှုကြောင့် ခန္ဓ ာကိုယ်အောက်ပိုင်းအကြောသေခဲ့ပြီး ဆေးရုံမှာ ၂လခွဲကြာခဲ့ပါတယ်။ အကြီးစားခွဲစိတ်မှု ၃ခါနှင့် အသေးစားခွဲစိတ်မှု ၂ခါပြုလုပ်ခဲ့ရပါတယ်။ နှစ်ပတ်ကြာအိပ်ရာထဲလှဲနေပြီးတဲ့နောက်မှာတော့ သူမရဲ့စွမ်းရည်နဲ့ဝါသနာတွေကိုရှာဖွေဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ သူမရဲ့ကျောရိုးမကြီးထိခိုက်သွားမှုက သူမဘဝကိုပြောင်းလဲစေခဲ့ပါတယ်။ သူမရဲ့ဝမ်းနည်းမှု၊ သူမရဲ့ခံစားချက်တွေကို ပန်းချီအဖြစ်ပြောင်းလဲဖန်တီးနိုင်ခဲ့ပါတယ်။ ကားတိုက်မှုဖြစ်ပြီး တစ်နှစ်အကြာမှာ ပန်းချီဆရာတစ်ယောက်၊ စိတ်ဓာတ်ခွန်အားပေးသူတစ်ယောက်အဖြစ် ဘီးတပ်ကုလားထိုင်နှင့် ရုပ်မြင်သံကြားမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။#BAWA101
နောက်တစ်ပုံNick Vjicic သည် ခြေလက်အဂါၤမပါခြင်းရောဂါ tetra-amelia syndrome နှင့်မွေးဖွားခဲ့ပါတယ်။ လူသန်းပေါင်းများစွာ၏အသက်ကိုထိတွေ့ပေးနိုင်ခဲ့သော စိတ်ခွန်အားပေးသူဖြစ်တယ်။ သူ့မှာခြေလက်အဂါၤမပါပေမယ့် ရေကူးခြင်း၊၊ ဘောလုံးကစားခြင်းနှင့် တော်တော်များများကို အခြားသူများကဲ့သို့ လုပ်နိုင်ပါတယ်။ သူ့ကိုယ်သူပျော်ရွှင်အောင်နေထိုင်ခြင်း၊ သူ့ရဲ့ရည်မှန်းချက်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းများဖြင့်သာ သူ့ဘဝကိုပြည့်နှက်စေပြီး သူ့ရဲ့မသန်စွမ်းခြင်းတွေက သူ့ကိုမရပ်တန့်စေခဲ့ပါဘူး။ ခြေလက်အဂါၤမပါရှိသူတွေအတွက် Life ဆိုတဲ့ NGO အဖွဲ့တစ်ခုတည်ထောင်ထားပါသေးတယ်။ ပထမဆုံးအမှီအခိုကင်းခြင်းဆိုတဲ့ရုပ်ရှင်ပွဲကျင်းပခဲ့ပြီး “The Butterfly Circus” ဆိုတဲ့ဇာတ်လမ်းတိုမှာ သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုရရှိခဲ့ပါသေးတယ်။#BAWA101