နွေရာသီကျောင်းပိတ်ချိန်အတွင်း ဆယ်တန်းဖြေပြီးသား လူငယ်တွေဖတ်သင့်တဲ့စာအုပ်များ
ခုလိုအချိန်မှာ ဆယ်တန်းကျောင်းသားတွေလည်း ကျောင်းကြီးပိတ်ထားသလို၊ တော်တော်များများကလည်း Stay At Home ဖြစ်နေကြတဲ့အချိန်၊ သင်္ကြန်ပိတ်ရက်ရှည်လည်း မကြာခင်ရောက်တော့မှာဆိုတော့ စာအုပ်တော့ဖတ်ချင်ပေမယ့် ဘာစာအုပ်ဖတ်ရမယ်မှန်းမသိတဲ့လူငယ်လေးတွေအတွက် ကိုယ်တိုင်ဖတ်ဖြစ်ခဲ့ပြီး Heart ထိခဲ့တဲ့ သုတရသ စာအုပ်လေးတွေကိုမျှဝေပေးချင်ပါတယ်။ BAWA101 မှ ဖတ်မှတ်မိသလောက်ကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။ အခြားစာအုပ်ကောင်းတွေလည်း အများကြီးရှိပါသေးတယ်နော်။ ကိုယ်ဖတ်မိသလောက်ထဲက နှစ်ခြိုက်မိတဲ့စာအုပ်ကောင်းလေးတွေရှိရင်လည်း ကွန်မန့်မှာ လက်တို့ခဲ့ပါအုံး။ အချင်းချင်းမျှဝေကြရအောင်ပါ။
၁) ထင်လင်း - ပေါ်လီယာနာ အရင်ဆုံး ခုလို စိတ်ဖိစီးမှုတွေများလွန်းတဲ့ ကပ်ရောဂါဆိုးကာလကြီးထဲမှာ ဖတ်ရင်းနဲ့ ပြန်လည်သုံးသပ်နိုင်ဖို့ သတိရမိတဲ့စာအုပ်ပါပဲ။ စာအုပ်ထဲက ကလေးလေး ပေါ်လီယာနာလေးရဲ့ အဆိုးတွေဘယ်လောက်ကြုံကြုံ ကောင်းတဲ့အချက်လေးတွေကို ရှာကြည့်နိုင်တဲ့ အလေ့အကျင့်လေးကိုသာ စာဖတ်သူတွေ ကိုယ်တိုင်လိုက်လုပ်နိုင်ခဲ့ရင် အင်မတန်စိတ်ချမ်းသာစရာကောင်းမှာဖြစ်သလို၊ ဘဝရဲ့ဘယ်လိုအခြအနေမျိုးမှာမဆို အားတင်းရင်ဆိုင်ကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ ပေါ်လီယာနာဆိုတဲ့ ကလေးလေးရဲ့ တွေးခေါ်ပုံ၊ အဆိုးတွေထဲက အကောင်းကို ဘယ်လိုလှည့်တွေးသလဲဆိုတာလေးကို အတုယူစရာကောင်းတာမို့ အေးအေးဆေးဆေးဖတ်ကြည့်ပြီး အတွေးများစေမယ့်စာအုပ်လေးမို့ ဖော်ပြလိုက်ပါတယ်နော်။
နောက်တစ်ပုံ၂) ဖေမြင့် - အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း ခေါင်းစဉ်နဲ့လိုက်ဖက်လှအောင် ကိုယ်လိုချင်တဲ့ဘဝကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ အတွေးအခေါ်ကို ဒီစာအုပ်လေးဖတ်ရင်းရနိုင်ပါတယ်။ ကိုယ့်ရည်မှန်းချက်ရှိသလား၊ အဲဒီ့ရည်မှန်းချက်အတိုင်း ဘဝကိုဘယ်လိုလျှောက်နိုင်မလဲဆိုတဲ့ တဆင့်ချင်းလိုအပ်တဲ့စိတ်ထားတွေ၊ အတုယူစရာ အောင်မြင်ခဲ့သူတွေနဲ့ယှဉ်ပြီး ဖော်ပြသွားတာဖြစ်ပါတယ်။ သုတစာအုပ်ဖြစ်တာမို့ ဖတ်လိုက်တွေးလိုက်နဲ့ ကိုယ့်ဘဝအတွက် ပြန်သုံးသပ်စဉ်းစားသင့်တဲ့စာအုပ်ဖြစ်ပါတယ်။
နောက်တစ်ပုံ၃) မိုးမိုး(အင်းလျား) - ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား အမြဲတမ်း ရိုးရှင်းပြီး ထိမိတဲ့အရေးအသားနဲ့ ရင်ထဲရောက်အောင်ရေးတတ်တဲ့ ဆရာမ မိုးမိုး(အင်းလျား)ကို ပထမဆုံးဖတ်မိပြီး လက်ကမချ စွဲလမ်းရတဲ့စာအုပ်လေးပါပဲ။ တကယ်တော့ အချစ်ဆိုတာကို အကြောင်းပြပြီး လူတစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ ပြုပြင်ယူလို့မရဘူးဆိုတာကို သိအောင် ရေးပြသွားတဲ့ ရသစာအုပ်ကောင်းလေးဖြစ်ပါတယ်။
နောက်တစ်ပုံ၄) ဂျူး - ကြယ်ကြွေတို့ရဲ့အတောင်ပံ ဒီစာအုပ်ကတော့ ယောကျ်ားလေးတွေသိပ်စိတ်ဝင်စားမှုရှိမရှိတော့မပြောတတ်ပေမယ့်လည်း ဖတ်ကြည့်သင့်တဲ့စာအုပ်လေးပါပဲ။ လက်တွေ့တကယ်မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့်လည်း ယုတ်မာတဲ့ယောကျ်ားတစ်ယောက်ဖြစ်မလာဖို့ နဲ့ ကြွေသွားပြီးတဲ့ပန်းကလေးတွေအနေနဲ့လည်း ဘဝကို လက်လျှော့အရှုံးမပေးဖို့ လှလှပပလေး သင်ခန်းစာပေးသွားတဲ့စာအုပ်ပါ။ (ယောက်ျားလေးတွေလည်း ယူတတ်ရင် သင်ခန်းစာယူနိုင်ပါတယ်။)
နောက်တစ်ပုံ၅) အတ္တကျော် - သားငယ်တို့နားလည်ဖို့ (ကျားဖတ်ရန်) / မီးငယ်တို့အသိကြွယ်ဖို့ (မ ဖတ်ရန်) Sex Education နဲ့ပတ်သက်ရင် အရင်ခေတ်တွေတုန်းက မိဘကိုယ်တိုင်ကအစ သားသမီးကိုပြန်လည်သင်ပြသင့်တာတွေ သင်ပြဖို့ကို မဝင့်ရဲခဲ့ကြပါဘူး။ အဲဒီလို Sex Education မသင်ခဲ့ခြင်းရဲ့အကျိုးကြောင့် မဖြစ်သင့်တာတွေမဖြစ်ရအောင် ဘယ်သူမှ မရေးရဲခဲ့တဲ့စာကို ဆရာအတ္တကျော်(ခ) ဆရာဆူဒိုနင် က ခပ်ရဲရဲရေးပြခဲ့တာဖြစ်ပါတယ်။ အဲဒီ့ခေတ်ကာလမှာ ဒီစာကိုရေးခဲ့တဲ့အတွက် ဆရာကိုယ်တိုင်လည်း ဝေဖန်မှုအများကြီးကိုခံခဲ့ရပါတယ်။ ဒါပေမယ့် အက်မင်တို့အတွက်ကတော့ Sex Education အတွက်သာမက အချို့ချို့သော ကျား၊ မ အဖုံဖုံရဲ့ မာယာတွေကိုပါ သားသမီးတွေကို ပြောပြသလို စေတနာအပြည့်နဲ့ ဆရာက ပြောပြခဲ့တာဖြစ်ပါတယ်။ အဲဒါအပြင် မိဘကိုယ်တိုင်က အရွယ်ရောက်လာတဲ့သားသမီးကို ဒီစာအုပ်လေးပေးဖတ်လိုက်ရုံနဲ့ သားသမီးတွေသိသင့်သိထိုက်တာ သိသွားစေမယ့် စာအုပ်ကောင်းတစ်အုပ်မို့ ဖော်ပြလိုက်တာပါ။ ဒီဘက်ခေတ်မှာတော့ ဆရာဖြိုးသီဟရဲ့စာအုပ်တွေမှာလည်း Sex Education နဲ့ပတ်သက်ပြီး ဗဟုသုတပေးတာမျိုးပါလာသလို၊ ကျန်းမာရေးအသိပညာပေးတွေပါ သိချင်ဖတ်လို့ရနေပါပြီ။ စိတ်ဝင်စားရင် ဆရာဖြိုးစာအုပ်တွေလည်း လေ့လာပေးနိုင်ပါတယ်။¬ ၇) နုနုရည်(အင်းဝ) - အမှတ်မရှိ လမ်းမရှိ ကလီဘောတံတား ဆရာမနုနုရည်(အင်းဝ) စာအုပ်တွေထဲမှာမှ ဒီစာအုပ်ကို ညွှန်းရတာကတော့ ကိုယ့်ဘဝကို ဆိုးလှချည်ရဲ့ ထင်နေသူတွေအတွက်ပဲဖြစ်ပါတယ်။ ထိုစာအုပ်ထဲက မိဝိုင်းလိုသာဆိုရင် ဘဝတွေဘယ်လောက်ဆိုးဝါးမလဲ၊ ကိုယ့်ဘဝက အခုထိ နေစရာ၊ စားစရာအဆင့်သင့်ရှိနေသေးတယ်ဆိုရင် အများကြီး ကြိုးစားဖို့ကံကောင်းနေသေးတယ်ဆိုတာ သိစေချင်လို့ပါပဲ။ သင့်ဘဝကိုသင် ဆိုးရွားလှချည်လို့ ထင်နေရင် ဒီစာအုပ်လေးဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။ အခြားသော စာအုပ်ကောင်းတွေလည်း အများကြီးရှိပါသေးတယ်။ စာအုပ်တွေကို စိတ်ကူးပေါ်ရာစီထားတာဖြစ်ပြီး ဘာစာအုပ်ဖတ်ရမယ်မှန်းမသိ ခေါင်းစားနေတဲ့လူငယ်လေးတွေအတွက် အကူအညီဖြစ်လိုငြားတင်ပေးခြင်းသာဖြစ်ပါတယ်။ သုတရသရောနေတာဖြစ်ပြီး အခါအခွင့်သင့်ရင်လည်း အခြားသောစာအုပ်လေးတွေ လက်တို့သွားပါအုံးမယ်နော်။ စာဖတ်သူတွေလည်း မျှဝေချင်တဲ့စာအုပ်လေးတွေကို commet မှာ ရေးရင်းမျှဝေခဲ့ပါအုံး။
နောက်တစ်ပုံ၆) ဖေမြင့် - ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ် ဒီစာအုပ်လေးဖတ်မိတဲ့အခါ ကိုယ့်အလှည့်ကျရင် ငွေဘယ်လိုစုမယ်ဆိုတဲ့ စိတ်ထားလေးဖြစ်လာပြီး လူငယ်တွေ တကယ်လိုက်နာတကယ်ဖြစ်ဖို့ လမ်းပြစာအုပ်ပဲဖြစ်ပါတယ်။ (စာအုပ်ပဲဖတ်ပြီး စာအုပ်ထဲကလို မစုမဆောင်းရင်တော့ မဖြစ်နိုင်ပါဘူးနော်) "တစ်ကျပ်တစ်ပြားစုထား တိုက်အိမ်တည်နိုင်သည်” ဆိုတဲ့ မြန်မာစကားနဲ့ အံ့ကိုက်တဲ့ စာအုပ်လေးပါပဲ။
နောက်တစ်ပုံ၇) သာဓု - အတာ သနားစရာကောင်းတဲ့ အတာဆိုတဲ့ကလေးလေးတစ်ယောက်အကြောင်းပါပဲ။ ဒီစာအုပ်လေးဖတ်ပြီးတဲ့အခါ အတာလေးရဲ့မိခင်နဲ့ ကိုယ့်ကို ခုချိန်ထိ မျက်နှာတစ်ချက်မညိုအောင် ထားခဲ့တဲ့အမေကို မြင်ယောင်ကြည့်ပြီး ကျေးဇူးတင်တတ်လာပါလိမ့်မယ်။ ဆရာသာဓုရဲ့ ငယ်ဘဝအကြောင်း ၉၀%နှုန်းခန့်ဖြစ်ပါတယ်လို့ ဆရာသာဓုကိုယ်တိုင်ဝန်ခံခဲ့ပြီး သားသမီးဖြစ်သူတွေဖတ်မယ်ဆိုရင် ကိုယ်ရထားတဲ့မိဘကို အမြင်စောင်းနေရင်တောင်မှ အတာလေးလောက် ကိုယ့်ဘဝမဆိုးသေးတာကို မြင်နိုင်မှာဖြစ်ပြီး မိဘဖြစ်မယ့်သူတွေဖတ်ရင်တော့ သားသမီးကိုဘယ်လိုပြုမူဆက်ဆံသင့်တယ်၊ သားသမီးရဲ့ခံစားချက်ကိုလည်း ထည့်တွေးပေးသင့်ကြောင်း သဘောပေါက်သွားနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
နောက်တစ်ပုံ၈) နုနုရည်(အင်းဝ) - အမှတ်မရှိ လမ်းမရှိ ကီလီေဗာတံတား ဆရာမနုနုရည်(အင်းဝ) စာအုပ်တွေထဲမှာမှ ဒီစာအုပ်ကို ညွှန်းရတာကတော့ ကိုယ့်ဘဝကို ဆိုးလှချည်ရဲ့ ထင်နေသူတွေအတွက်ပဲဖြစ်ပါတယ်။ ထိုစာအုပ်ထဲက မိဝိုင်းလိုသာဆိုရင် ဘဝတွေဘယ်လောက်ဆိုးဝါးမလဲ၊ ကိုယ့်ဘဝက အခုထိ နေစရာ၊ စားစရာအဆင့်သင့်ရှိနေသေးတယ်ဆိုရင် အများကြီး ကြိုးစားဖို့ကံကောင်းနေသေးတယ်ဆိုတာ သိစေချင်လို့ပါပဲ။ သင့်ဘဝကိုသင် ဆိုးရွားလှချည်လို့ ထင်နေရင် ဒီစာအုပ်လေးဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။