တန်ဖိုးအရှိဆုံးဆိုတာ

ဘဝမှာ ကိုယ့်ဖက်က ရိုးသားစွာ ကြိုးစားနေသမျှ နောင်တဆိုတာ ရှိမှာ မဟုတ်ပါဘူး။


💭 တခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ အဘိုးအိုတစ်ဦး ရှိသတဲ့။ ရိုးသားကြိုးစားပြီး ကိုယ်ကျင့်စရိုက်ကောင်းတာကြောင့် သူ့ကို လူချစ်လူခင်ပေါပါတယ်။
တစ်နေ့တော့ 👴 အဘိုးအိုဟာ နာမကျန်းဖြစ်ပြီး သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်လာပြီဆိုတာ သိလိုက်ရတယ်။ အဲ့တာနဲ့ သူ့သားသုံးယောက်ကို ခေါ်ပြီး အမွေခွဲပေးလိုက်ပါတယ်။
သားအကြီးဆုံးက 🏠 အိမ်ကို အမွေရတယ်၊ သားလတ်က 🐄 နွားတစ်ကောင်ကို အမွေရတယ်။ သားအငယ်ဆုံးကတော့ 🪓 ပုဆိန်တစ်လက်ကို အမွေရပါတယ်။ ဒါက အဘိုးအိုရဲ့ ပိုင်ဆိုင်မှု အကုန်ပါပဲ။
ဒီလိုနဲ့ အဘိုးအို ကွယ်လွန်သွားပြီး နှစ်တွေလည်း ကြာသွားခဲ့ပြီ။ သားကြီး အမွေရခဲ့တဲ့ အိမ်က ဟောင်းနွမ်းပျက်စီးလို့၊ သားလတ် အမွေရခဲ့တဲ့ နွားကလည်း အသက်ကြီးတော့ နို့မထွက်တော့ဘူး။ 👉 သားငယ် အမွေရခဲ့တဲ့ ပုဆိန်တစ်လက်ပဲ အကောင်းအတိုင်း ကျန်ခဲ့ပါတယ်။
သားအငယ်ဆုံးက ဒီပုဆိန်တစ်လက်ကို အားကိုးပြီး လက်သမားအလုပ်တွေ လုပ်တယ်။ သူ့အလုပ်မှာ ကျွမ်းကျင်အောင် ကြိုးစားတယ်။ 💰 အလုပ်ကရတဲ့ ဝင်ငွေနဲ့ ပိုက်ဆံစုပြီး သူ့ကိုယ်ပိုင်အိမ်နဲ့ နွားတစ်ကောင်ကို ဝယ်နိုင်ခဲ့ပါတယ်။
အစ်ကိုနှစ်ယောက်ကတော့ သူတို့ညီအငယ်ဆုံး အဆင်ပြေနေတာကိုပဲ မြင်တယ်။ ကြိုးစားတာတွေကို မမြင်ဘူး။ 🤨 သူတို့စိတ်ထဲတော့ အဘိုးအိုက သားအငယ်ဆုံးကို မျက်နှာသာပေးပြီး တန်ဖိုးအရှိဆုံး အမွေကိုပေးခဲ့တယ်ဆိုပြီး မနာလိုဖြစ်တာပေါ့။
အဲ့တာနဲ့ သူတို့ညီဆီကနေ ပုဆိန်ကို ခိုးယူဖို့ ကြံစည်ကြတယ်။ 🔮 ဘာလျှို့ဝှက်ချက်တွေများ ရှိမလဲပေါ့။ ဒါပေမဲ့ သူတို့လက်ထဲကို ပုဆိန်ရောက်လာလို့ နည်းမျိုးစုံနဲ့ စမ်းသပ်ကြည့်တော့ ဘာမှ မထူးခြားဘူး။ ဒါဟာ ရိုးရိုး ပုဆိန်တစ်လက်ပဲ ဖြစ်နေတယ်လေ။
သားအငယ်ဆုံးကတော့ သူ့အစ်ကိုတွေ ပုဆိန်ခိုးသွားမှန်း မသိပါဘူး။ နောက်ပုဆိန်တစ်လက် ပြန်ဝယ်ပြီး ပျော်ပျော်ရွှင်ရွှင် သူ့အလုပ်တွေသူ ဆက်လုပ်နေပါသတဲ့။ 😊
ဒီတော့မှ သားကြီးနဲ့ သားလတ်က သဘောပေါက်သွားပါတော့တယ်။ သူတို့ညီ အငယ်ဆုံးရခဲ့တဲ့ တန်ဖိုးအရှိဆုံး အမွေဆိုတာ ပုဆိန်မဟုတ်ဘူး၊ ✨ ရိုးသားကြိုးစားတဲ့စိတ်နဲ့ ကိုယ်ကျင့်စရိုက် ဖြစ်နေတယ် ဆိုတာကိုပေါ့။
☝️ ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်တော်တို့တွေဟာ အောင်မြင်တဲ့သူတွေဆို အားကျမိတတ်ကြတယ်နော်။ ဒါပေမဲ့ ဒီအောင်မြင်မှုရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်ခဲ့ရမှုတွေကိုတော့ မမြင်ဘဲ ကျော်သွားတတ်ကြပါတယ်။
ဘဝမှာ ကိုယ့်ဖက်က ရိုးသားစွာ ကြိုးစားနေသမျှ နောင်တဆိုတာ ရှိမှာ မဟုတ်ပါဘူး။ အောင်မြင်မှုအတွက် အလိုအပ်ဆုံးက လေ့ကျင့်မှုနဲ့ ကြိုးစားမှုဖြစ်တယ်ဆိုတာကို ဒီပုံပြင်လေးကနေ သင်ခန်းစာယူနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ 💛
အခုလို ဘဝအတွက် အကျိုးရှိရာ အသိပညာ ဗဟုသုတတွေ၊ ခွန်အားဖြစ်ဖွယ် စာတိုနဲ့ ဆောင်းပါးတွေကို BAWA101 ဝက်ဘ်ဆိုဒ်မှာ အခမဲ့ ဝင်ရောက်ဖတ်ရှုလိုက်ပါ။
👉 https://bawa101.com
#BAWA101 #ပုံပြင် #ကလေးပုံပြင် #စိတ်ခွန်အား #ဗဟုသုတ #မြန်မာ #LifeTips #LifeLessons #Motivation #Inspiration #StoryTime #BedtimeStory #ChildrensBooks #KnowledgeSharing

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။