မြည်းကလေးပုံပြင်

ဘဝမှာ ကူရာကယ်ရာမဲ့ပြီး လောကဓံရဲ့ အထုအထောင်း အရိုက်အနှက်တွေကို ချိနေအောင် ခံရချိန်တွေပေါ့။ ဒီအခါမှာ အားမလျှော့လိုက်ပါနဲ့၊ ဆက်လက် တိုက်ပွဲဝင်ပါ။


🫏 တစ်ခါတုန်းက လယ်သမားတစ်ဦးမှာ မြည်းလေးတစ်ကောင် ရှိသတဲ့။ မြည်းလေးဆိုပေမဲ့ အသက်ကတော့ ကြီးလှပါပြီ။
တစ်နေ့တော့ ဒီမြည်းအိုလေးဟာ လယ်သမားရဲ့ ခြံထဲက ရေတွင်းပျက်ထဲကို ကျသွားပါလေရော။ သူလည်း ကြောက်လန့်တကြား အော်တော့တာပေါ့။ ပတ်ဝန်းကျင်တစ်ခုလုံးကို ဆူညံကုန်တာပဲ။
အဲ့တာနဲ့ လယ်သမားရော အိမ်နီးနားချင်းတွေရော ရေတွင်းပျက်နားကို ရောက်လာကြတယ်။ ဘယ်လိုကယ်ရင် ကောင်းမလဲ ဝိုင်းစဥ်းစားကြတာပေါ့။ မြည်းအိုလေးကလည်း အော်နေဆဲပဲ။
ဒါပေမဲ့ နောက်ဆုံးမှာ လယ်သမားက မကယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်သတဲ့။ သူ့မြည်းက အိုလည်း အိုနေပြီ၊ ကယ်လည်း ဘာမှထူးမှာ မဟုတ်ဘူး။ အပင်ပန်းခံရမှာ မတန်ဘူးပေါ့။
ပြီးတော့ ဒီရေတွင်းပျက်ကို မြေဖို့ပစ်ဖို့ သူစိတ်ကူးရှိတာလည်း ကြာပြီဆိုတော့ အတော်ပဲ၊ အခုတစ်ခါတည်း လုပ်ကြရအောင်ဆိုပြီး မြေဝိုင်းဖို့ကြပါတော့တယ်။
ဒီလိုနဲ့ ခဏကြာတော့ မြည်းအော်သံ ရပ်သွားတယ်။ လယ်သမားလည်း မြည်းသေသွားပြီထင်တယ်ဆိုပြီး ရေတွင်းပျက်ထဲကို ငုံ့အကြည့်မှာ အံ့သြသွားတော့တာပဲ။
ဘာလို့လဲဆိုတော့ မြည်းအိုလေးက မသေတဲ့အပြင် သူ့အပေါ်ကျလာတဲ့ မြေသား မြေစိုင်ခဲတွေကို ခါချပြီး အဲ့အပေါ်ကို နင်းတက်လာတာကို တွေ့ရသတဲ့လေ။
ဒီလိုနဲ့ မြည်းအိုလေးဟာ မြေကြီးတွေကိုနင်းကာ တစ်ဆင့်ချင်း တက်လာပြီး ရေတွင်းပျက်အဝနားရောက်တော့ ခုန်ထွက်ကာ လွတ်မြောက်သွားပါတော့တယ်။
☝️ ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်တော်တို့တွေလည်း ဘဝမှာ မြည်းအိုလေးလို အဖြစ်အပျက်မျိုး တချိန်မဟုတ် တချိန် ကြုံတွေ့ကြရမှာပါ။
ဘဝမှာ ကူရာကယ်ရာမဲ့ပြီး လောကဓံရဲ့ အထုအထောင်း အရိုက်အနှက်တွေကို ချိနေအောင် ခံရချိန်တွေပေါ့။ ဒီအခါမှာ အားမလျှော့လိုက်ပါနဲ့၊ ဆက်လက် တိုက်ပွဲဝင်ပါ။
မြည်းအိုလေးလိုပေါ့။ တကယ်တော့ အခက်အခဲတွေဆိုတာ အသုံးချတတ်ရင် ပိုမြင့်တဲ့နေရာကို တက်ဖို့အတွက် လှေကားထစ်တွေပါပဲ။
ဒီပုံပြင်လေးနဲ့ ဆက်စပ်ပြီးတော့ ဖတ်ဖူးတဲ့ စာသားလေးတစ်ခုကိုလည်း သတိရမိပါတယ်။ အဲ့တာဘာလဲဆိုတော့ ...
𝗜𝗳 𝘆𝗼𝘂 𝗮𝗿𝗲 𝗴𝗼𝗶𝗻𝗴 𝘁𝗵𝗿𝗼𝘂𝗴𝗵 𝗵𝗲𝗹𝗹, 𝗸𝗲𝗲𝗽 𝗴𝗼𝗶𝗻𝗴 တဲ့။ ငရဲကို ဖြတ်သွားနေရတယ်ဆိုရင် မရပ်လိုက်နဲ့၊ ဆက်သာလျှောက်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။
#BAWA101 #Motivation #Inspiration #StoryTime #LifeLessons

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။