Stay Home ကာလမှာ ကလေးငယ်တွေအတွက် ပုံပြင်တိုလေးများ
အခုလိုမျိုး အိမ်တွင်းအောင်းနေကြရတဲ့ကာလမှာ သားသားမီးမီးတွေ လက်လက်ထအောင်ဆော့လွန်းလို့ မေမေတွေစိတ်ညစ်နေကြပြီလား။ ကလေးတွေရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးတက်စေဖို့၊ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စေဖို့၊ ငြိမ်ငြိမ်လေးထိုင်ပြီး ပြောစကားနားထောင်နိုင်စေဖို့ ခုလိုအချိန်မျိုးမှာ ပုံပြင်လေးတွေပြောပြပေးပါ။ ပုံပြင်လေးတွေပြောပြပေးခြင်းဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်သလို နောင်တစ်ချိန်မှာ ကလေးရဲ့စာဖတ်ကျင့်ဖြစ်လာစေဖို့ အခြေခံအကြောင်းအရာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် Stay Home ကာလမှာ ကလေးငယ်တွေအတွက် ပုံပြင်တိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) ငါးသုံးကောင် ရေကန်တစ်ခုထဲမှာ ငါးသုံးကောင်အတူတကွနေထိုင်ကြပါတယ်။ ငါးတစ်ကောင်စီမှာ မတူညီတဲ့အကျင့်စရိုက်တွေရှိကြပါတယ်။ နံပါတ် ၁ ငါးက အတိတ်က အကြောင်းကိုသာတွေးပြီး အမြဲပျင်းရိလေးကန်နေတတ်ပါတယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်တယ်ဆိုတာကို ပထမငါးက လုံးဝလက်မခံပါဘူး။ ပထမငါးဟာ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်” ဆိုတဲ့အဆိုကို လုံးဝဆန့်ကျင်တဲ့သူမျိုးပါပဲ။ သူ့အတွက် ဖြစ်လာမှ ရင်ဆိုင်လိုက်မယ်၊ ဘာကိုမှ ကြိုမတွေးထားသလို ဘာကိုမှလည်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ အမြဲတမ်းပျင်းရိနေတတ်ပါတယ်။ ဒုတိယငါးကတော့ ပစ္စုပ္ပန်မှာ နေထိုင်တဲ့ငါးပါပဲ။ ဒုတိယငါးကတော့ ဉာဏ်ရှိပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်တတ်သလို၊ နောက်ဆုံးမိနစ်မှာတောင် အကောင်းဆုံးဆုံးဖြတ်ချက်တွေချတတ်သူမျိုးပါ။ တတိယငါးကတော့ ဉာဏ်အကောင်းဆုံးပါပဲ။ သူကအမြဲတမ်းဖြစ်လာနိုင်တာတွေကို ကြိုတင်တွက်ဆထားတတ်ပါတယ်။ ဉာဏ်ရှိစွာနဲ့ ဆုံးဖြတ်ချက်ချတတ်ပြီး အမြဲတမ်းသူ့ဆီမှာ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးအခေါ်မျိုးတွေရှိနေတတ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်တတ်အောင် လုံခြုံမှုရှိအောင် အမြဲအကြံကောင်းတွေပေးတတ်ပါတယ်။ ] တစ်နေ့မှာတော့ လူတွေရဲ့စကားပြောသံကိုကြားတဲ့အတွက် ငါးတစ်ကောင်က ကျန်တဲ့ငါးနှစ်ကောင်ကို တိတ်တိတ်လေးလာနားထောင်ဖို့ ခေါ်လိုက်ပါတယ်။ ရေကန်ပေါ်မှာ ပထမလူကပြောနေသံကိုကြားရပါတယ်။ “ ငါ..ဒီကန်ထဲမှာ ငါးတွေရှိတာတွေ့တယ်ကွ၊ တော်တော်လည်းကြီးတယ်၊ အဲဒီ့တော့ ငါတို့တခြားနေရာမှာ အချိန်ဖြုန်းမယ့်အစား ဒီနေရာမှာပဲ ငါးမျှားကြရအောင်ကွာ” ဒုတိယလူကပြန်ပြောပါတယ် “ အေး….ဟုတ်တယ် မင်းအကြံကို ငါထောက်ခံတယ်။ ဒီကန်ထဲက ငါးတွေပဲ မျှားပြီး ချက်စားကြတာပေါ့ကွာ။ အဲဒါဆို ငါတို့ မနက်ဖြန်နေ့လည်လောက်ကျရင် ဒီနေရာမှာ ငါတို့ဆုံပြီး ငါးဖမ်းကြမယ်ကွာ။” စကားသံတွေဆုံးသွားတဲ့အခါမှာတော့ ထိုလူနှစ်ယောက်ထွက်ခွာသွားတဲ့ ခြေသံတွေကို ကြားလိုက်ရပါတော့တယ်။ အဲဒီ့အချိန်မှာ ထိုလူနှစ်ယောက်ပြောသမျှကို နားထောင်နေတဲ့ ငါး၃ကောင်က အချင်းချင်းစကားပြောကြပါတယ်။ နံပါတ် ၃ ငါးက အခြားနှစ်ကောင်ကိုပြောလိုက်ပါတယ်။ “ဟေ့ကောင်တွေ…..သူတို့က မနက်ဖြန် ငါတို့ကို လာဖမ်းမယ့်အကြောင်းကို ပြောနေတာကွ။ အဲဒီ့တော့ ငါတို့ အခြားတစ်နေ့ကို ခဏလောက်ပြောင်းနေလိုက်တာကောင်းမယ်နော်” နံပါတ် ၂ ငါးက ထပြောပါတယ် “အေး …….ဟုတ်တယ် ငါလဲကြားတယ်။ ဒါပေမယ့် မနက်ဖြန် သူတို့ပြန်လာမယ်၊ ပြန်မလာဘူးဆိုတာက မကျိန်းသေပါဘူးကွာ။ ဒီနားဝန်းကျင်က အခြားနေရာမှာလည်း ငါးမျှားတာဖြစ်နိုင်တာပဲကွ၊ တကယ်ဖမ်းဖြစ်မဖမ်းဖြစ် ဆိုတာက မနက်ဖြန် သူတို့နှစ်ယောက်ပြန်လာမှ သေချာမှာလေကွာ” အဲဒီ့အချိန်မှာ နံပါတ် ၁ ငါးက ထပြောပါတယ်။ “အမလေးကွာ လျစ်လျူရှုထားလိုက်စမ်းပါ။ မနက်ဖြန်ထိစဉ်းစားမနေနဲ့ ၊ ခုလိုချိန်မှာ ငါတို့ အနားယူဖို့၊ အေးအေးဆေးဆေးနေဖို့အချိန်ရသေးတယ်၊ နေလိုက်အုံးမယ်” ပြောပြီးတာနဲ့ နံပါတ် ၁ ငါးကတော့ အေးဆေးပဲ ပြန်အိပ်နေသတဲ့။ နံပါတ် ၃ ငါးကတော့ ထိုနေရာနားကနေ ခပ်မြန်မြန် ထွက်ခွာပြီး အခြားဘေးကင်းတဲ့နေရာတစ်ခုကို ပြောင်းသတဲ့။ နံပါတ် ၂ ငါးကတော့ “မနက်ဖြန်သူတို့ပြန်လာတာတွေ့မှ ငါတော့လစ်တော့မယ်” ဆိုပြီး ကျန်ခဲ့သတဲ့။ နောက်တစ်နေ့မှာ ငါးဖမ်းသမား ၂ယောက်ပြန်ရောက်လာခဲ့ပါတယ်။ နံပါတ် ၂ ငါးက ထိုလူနှစ်ယောက်ကို မြင်တာနဲ့ သူလွတ်ဖို့ လမ်းကိုအကြံထုတ်နေပါသတဲ့။ နံပါတ် ၂ ငါးက ကြိုတင်ကြံစည်ထားတဲ့အတိုင်း မဖမ်းမိခင်မှာပဲ သေချင်ယောင်ဆောင်ပြီး နေပါတယ်။ ငါးဖမ်းသမားတွေဟာ နံပါတ် ၂ ငါးကိုမြင်တဲ့အခါ သေပြီးသားငါးပဲ…..ဆိုပြီး အခြားငါးတွေပုပ်စော်နံမှာစိုးတာကြောင့် နံပါတ် ၂ ငါးကို ရေကန်ထဲကိုပြန် လွှင့်ပစ်လိုက်ပါတယ်။ အဲဒီလိုနဲ့ နံပါတ် ၂ ငါးက လွတ်မြောက်သွားပါတယ်။ နံပါတ် ၁ ငါးကတော့ ကြောက်လန့်တကြားဖြစ်နေတာကလွဲပြီး ဘာမှမစဥ်းစားနိုင်ပါဘူး။ အဲဒီ့အချိန်မှာပဲ ငါးဖမ်းသမား ၂ယောက်က နံပါတ် ၁ငါးကို ဖမ်းမိသွားပါတော့တယ်။ ခြင်းတောင်းထဲထည့်ပြီး မကြာခင်မှာပဲ အသက်သေဆုံးသွားရပါတော့တယ်။ အဲဒါကြောင့် ဘဝမှာ ကြိုတင်စီစဉ် ကာကွယ်ခြင်းဟာ ဘဝအတွက်ပိုကောင်းပါတယ်လို့ ပြောကြတာဖြစ်ပါတယ်။ သင်ခန်းစာလေးကတော့ ကျွန်တော်တို့တွေရဲ့ဘဝမှာလည်း မနက်ဖြန်မှ လုပ်လိုက်မယ်၊ ဒီနေ့တော့ ဘာမှမဖြစ်နိုင်ပါဘူးလို့ စဉ်းစားနေမယ့်အစား ကြိုတင်ကာကွယ်နိုင်သလောက်ကာကွယ်ခြင်းဟာ ဖြစ်လာမှ ကုသခြင်းထက် ပိုပြီး အကျိုးရှိတယ်ဆိုတာကို ဒီပုံပြင်လေးက ပြောပြထားတာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) မိကျောင်းနဲ့မျောက် မိကျောင်းထီးတစ်ကောင်ဟာ အမြဲတမ်း အစာရှာထွက်လေ့ရှိပြီး သူအစာရှာထွက်တဲ့မြစ်ကမ်းနားက ရေသဖန်းပင်ပေါ်မှာ မျောက်တစ်ကောင်နဲ့ မိတ်ဆွေဖြစ်နေကြပါသတဲ့။ မျောက်ဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက်ခူးပြီးခြွေချပေးလေ့ရှိပါတယ်။ မျောက်ခြွေချပေးတဲ့သဖန်းသီးတွေကို မိကျောင်းက ကျောပေါ်တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ…ဆိုပြီး အမြဲချီးကျူးလေ့ရှိပါတယ်။ တစ်နေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကိုပြောပါတယ်။ “ ရှင်ယူလာတဲ့သဖန်းသီးတွေက ချိုလိုက်တာနော်….ဒါပေမယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်းစားနေတဲ့မျောက်ရဲ့အသည်းက ပိုတောင်ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသည်းစားရအောင် ယူလာခဲ့ပေးပါလား” ဆိုပြီး မျောက်သားစားဖို့ ပူဆာပါတော့တယ်။ မိကျောင်းထီးက မျောက်နဲ့မိတ်ဆွေဖြစ်နေတာမို့ မျောက်ကို မစားစေချင်ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ရှိတာမို့ နောက်ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့အသည်းကိုယူလာပေးမယ်လို့ ကတိပေးခဲ့ရပါတယ်။ အဲဒီလိုနဲ့ ပုံမှန်လို မိကျောင်းက အစာရှာထွက်ရင်း မြစ်ကမ်းနားမှာ အနားယူရင်း မျောက်ကို ဘယ်လိုလိမ်ခေါ်သွားရမလဲစဉ်းစားပါတယ်။ မိကျောင်းက မျောက်ကို စကားပြောလိုက်ပါတယ် “ ကိုမျောက်ရေ…..မင်းပေးတဲ့သဖန်းသီးတွေကို စားပြီး မိကျောင်းမက မင်းကိုတွေ့ချင်လို့ အိမ်လည်လိုက်ခဲ့ပါလို့ မှာလိုက်တယ်။ အဲဒါမင်းငါ့ကျောပေါ်ကနေပြီး အိမ်လည်လိုက်ခဲ့ပါအုံးလား” လို့မေးလိုက်ပါတယ်။ မျောက်က ခင်မင်ရင်းစွဲရှိသူမို့ ယုတ်မာတဲ့အကြံကို မရိပ်မိဘဲ ပြန်ဖြေလိုက်ပါတယ် “အော်…မိကျောင်းရဲ့အိမ်က ရေလည်ကောင်မှာလား။ ကျုပ်က ရေမကူးတတ်တော့ ရေထဲပြုတ်ကျမှာတော့ ကြောက်သဗျာ။” အကြံရှိတဲ့မိကျောင်းထီးဟာ “ဟာ…..စိတ်မပူပါနဲ့ အဆွေမျောက်ရဲ့ ကျုပ်ကျောပေါ်ကနေသာ လိုက်ခဲ့ပါ။ ခင်ဗျားရေထဲမပြုတ်ကျအောင် ကျုပ်ထိန်းထားပေးပါ့မယ်” လို့အာမခံလိုက်ပါတယ်။ ယုံကြည်သွားတဲ့မျောက်ဟာ မိကျောင်းမိဆီလိုက်ဖို့ သဘောတူလိုက်သတဲ့။ အဲဒီလိုနဲ့ မိကျောင်းကျောပေါ်မှာ မျောက်ဟာလိုက်ပါလာရင်း ရေလည်ကောင်ရောက်လာပါတော့တယ်။ မျောက်ဟာ မသင်္ကာတာကြောင့် မိကျောင်းထီးကို လှည့်ပတ်မေးရင်း ရေလည်ကောင်အရောက်မှာ မိကျောင်းထီးဆီက စကားနှိုက်လို့ရသွားပါတယ်။ “ဟုတ်တယ်….အဆွေမျောက်ရေ၊ ကျွန်တော့်မိန်းမ မိကျောင်းမဟာ ကိုယ်ဝန်ဆောင်မို့ သူက အဆွေမျောက်ရဲ့အသည်းကို စားချင်စိတ်ဖြစ်နေတာမို့ မငြင်းရက်တာကြောင့် ခင်ဗျားကို ခေါ်လာရတာပါပဲ” လို့ ရေလည်ကောင်အရောက်မှာ ပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ ဝန်ခံလိုက်ပါသတဲ့။ အဲဒီ့အခါမှာ မျောက်ဟာ အကြံထုတ်ပြီး ချက်ချင်းပဲ မိကျောင်းကို ပြုံးရွှင်စွာပြန်ပြောလိုက်ပါတယ်။ “အော်……အဆွေမိကျောင်းရယ် မိတ်ဆွေတွေချင်းပဲ အစောကြီးထဲက ခုလို ပွင့်ပွင့်လင်းလင်းပြောခဲ့ရင် ရသားနဲ့။ ကျုပ်အသည်းကို စားချင်ရင် ကျုပ်ထည့်ပေးလိုက်မှာပေါ့ဗျာ။ ခုတော့ ရေလည်ကောင်ကျမှ ပြောတယ်။ သဖန်းပင်ရှိရာပြန်လှည့်မှရတော့မယ်၊ ကျုပ်အသည်းကို ကျုပ်က ရေသဖန်းပင်ပေါ်မှာ ချိတ်ခဲ့တာဗျာ။ လာ…..ခုပဲ သဖန်းပင်ပေါ်က အသည်းကို သွားပြန်ယူကြရအောင်” မျောက်ရဲ့စကားကို အကြားမှာ တုံးအတဲ့ မိကျောင်းထီးဟာ “ဟာ…..တကယ်လား။ အဲလိုမှန်းသိရင် ကျုပ်အစောကတည်းက ပြောပါတယ်ဗျာ။ အခုဘယ်လိုလုပ်မတုန်း” လို့မေးပါတယ်။ အကြံပိုင်တဲ့မျောက်ဟာ “အော်…..ဘယ်လိုလုပ်မတုန်း သဖန်းပင်ရှိရာ ပြန်လှည့်ပေးတော့ဗျိုး။ ကျုပ်ကို စောစောကပြောရင် ကျုပ်အသည်းချည်းသက်သက် ခင်ဗျားကိုထည့်ပေးလိုက်တာပေါ့။ ခုတော့ ပြန်ယူမှရတော့မယ်လေ” မျောက်ရဲ့စကားကို အကြားမှာ မိကျောင်းထီးဟာ မျောက်ကို သဖန်းပင်ရှိရာဆီပြန်ပို့ပေးလိုက်ပါတယ်။ မျောက်ဟာ “မိတ်ဆွေကြီးရေ ခဏလေးစောင့်နော်၊ ကျုပ်အသည်းကို အပင်ပေါ် တက်ယူပြီး ပြန်ဆင်းလာခဲ့ပါ့မယ်” လို့ ပြောပြီး သဖန်းပင်ပေါ် ပြေးတက်သွားကာ ပြန်ဆင်းမလာတော့ပါဘူး။ မိကျောင်းထီးဟာ သဖန်းပင်အောက်ကနေပြီး မျောက်ကိုအော်ခေါ်တဲ့အခါ “အဆွေမျောက်ရေ အသည်းယူပြီးရင် ပြန်ဆင်းလာခဲ့တော့လေ” ဆိုတဲ့အခါ မျောက်ပြန်ပြောလိုက်ပါတယ်။ “ဟယ်…..မိကျောင်းယုတ် နင့်အပေါ်မှာ မိတ်ဆွေကောင်းအဖြစ်နေခဲ့တဲ့ ငါ့လိုမိတ်ဆွေကိုတောင် ယုတ်မာတဲ့စိတ်ထားတဲ့ နင့်လို မိတ်ဆွေမျိုးကို ငါက အကြံသုံးပြီး ကလိမ်ကျလိုက်တာဟဲ့။ ဒီတစ်သက် နင့်လိုမိတ်ဆွေယုတ်မျိုးကို ဘယ်တော့မှ အဆက်အဆံမလုပ်တော့ဘူး” လို့ ပြတ်သားစွာ ပြန်ပြောလိုက်ပါတော့တယ်။ ဒီပုံပြင်လေးကနေ မိတ်ဆွေကောင်းအဖြစ်ကိုယ်က နေပေးပေမယ့် ကိုယ့်အပေါ် ပြန်ပြီး မိတ်ဆွေကောင်းမဖြစ်နိုင်တဲ့သူမျိုးလည်းရှိနိုင်တယ်ဆိုတာကို သင်ခန်းစာပေးထားပါတယ်။ လူ့လောကမှာ ကျင်လည်တဲ့အခါ လူအမျိုးမျိုးစိတ်အထွေထွေမို့ လူတိုင်းကို သံသယနဲ့မဆက်ဆံသင့်ပေမယ့် လူတိုင်းကိုလည်း အလုံးစုံမျက်လုံးမှိတ်ယုံကြည်လို့မဖြစ်နိုင်ပါဘူး။ ဉာဏ်နဲ့ယှဉ်ပြီး ယုံကြည်ဖို့ သင်ခန်းစာပေးထားတာပါပဲ။ ၃) လူတိုင်းကျေနပ်အောင်မကြိုးစားနိုင်ပါဘူး။ ဘီလ်ဟာ အသက် ၄၀အရွယ် လူကြီးတစ်ယောက်ဖြစ်ပါတယ်။ ။ သူနေထိုင်ရာ ရွာကလေးကနေ မြို့ပေါ်ကို တက်ပြီး ပိတ်စတွေရောင်းတဲ့လူကြီးတစ်ယောက်ပါ။ သူ့ရဲ့အဝတ်စတွေပါတဲ့အထုပ်ကို အမြဲတမ်း သူ့မြည်းရဲ့ကျောပေါ်တင်သွားပြီး မြို့ဈေးကို သွားရောင်းရပါတယ်။ သူ့မှာ အသက် ၁၅နှစ်ခန့်ရှိတဲ့သားတစ်ယောက်လည်းရှိပါသေးတယ်။ သူ့သားလေးဟာ သူ့ကို လိုက်ပြီး ဈေးကူရောင်းပေးတတ်ပါတယ်။ ဘီလ်ရဲ့ မြည်းဟာ သူ့ရဲ့ အဝတ်ထုပ်ကို သယ်သွားရပြီး အပြန်ချိန်မှာတော့ ဘီလ်က သူ့ရဲ့ အဝတ်ထုပ်ကို ကုန်အောင်ရောင်းလိုက်နိုင်ပါတယ်။ ဘီလ်တို့ သားအဖတွေဟာ ပျော်ပြီး အိမ်ကိုပြန်လာခဲ့ကြပါတယ်။ သူတို့အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာ မြည်းနဲ့အတူ သူတို့သားအဖဟာ လမ်းလျှောက်ရင်းပြန်လာခဲ့ပါတယ်။ လမ်းမှာ အခြားလူ၂ယောက်ကို တွေ့ပါတယ်။ ထိုလူ၂ယောက်က ဘီလ်တို့သားအဖကို ကြည့်ပြီး သူတို့အချင်းချင်းပြောကြပါတယ်။ “ဒီသားအဖဟာ အင်မတန် တုံးအလိုက်တာ။ မြည်းတစ်ကောင်ပါတာကို ကောင်းကောင်းအသုံးမချဘူး။ မြည်းနဲ့အတူလမ်းလျှောက်ပြန်လာသတဲ့။” လို့ပြောပါတယ်။ ထိုစကားကို ဘီလ်တို့သားအဖကြားတဲ့အခါမှာတော့ ဘီလ်ရဲ့သားက သူ့အဖေကိုပြောပါတယ်။ “အဖေ…..အဖေပဲ မြည်းကိုစီးပြီးလာခဲ့လိုက်ပါ။” သားဖြစ်သူရဲ့စကားကို လက်ခံပြီး ဘီလ်က မြည်းပေါ်စီးလိုက်လာပါတယ်။ မကြာခင်မှာပဲ လူကြီးတစ်ယောက်က မြည်းစီးလာတာကိုမြင်လိုက်ရပြီး ထိုလူကြီးက ဘီလ်တို့သားအဖကို လှမ်းအော်ပြောလိုက်ပါတယ်။ “ဟေ့……မင်းရဲ့သားကိုလည်း ငဲ့ပါအုံး။ မင်းသားကိုကြည့်ရတာ အင်မတန်မောနေပုံရတယ်။ သူ့ကိုပဲ မြည်းစီးခိုင်းလိုက်ပါလား။ မင်းက အဖေဖြစ်ပြီး လမ်းလျှောက်ခဲ့ပါလား” လို့ ပြောပြန်ပါတယ်။ ဘီလ်ကထိုစကားကိုကြားတဲ့အခါ သူ့သားကို “ဟုတ်တယ်..သားရေ သားပဲမြည်းစီးလာခဲ့ပါတော့ အဖေလမ်းလျှောက်လိုက်မယ်” ဆိုပြီး မြည်းကို သူ့သားကိုစီးခိုင်းရပြန်ပါတယ်။ လမ်းတစ်ဝက်လောက်အရောက်မှာပဲ နောက်ထပ်လူစိမ်းတစ်ယောက်နဲ့တွေ့ပြန်ပါတယ်။ ထိုလူစိမ်းက အော်ပြန်ပါတယ်။ “ဟဲ့….ကောင်လေး မင်းက မသိတတ်လိုက်တာ၊ မင်းအဖေကအသက်ကြီးနေပြီလေ။ မင်းနောက်ကနေ ထိုင်လိုက်ခိုင်းလိုက်ပါလား” လို့ ပြောခံရပြန်ပါတယ်။ အဲဒါနဲ့ပဲ ဘီလ်နဲ့သူ့သားဟာ နှစ်ယောက်လုံးမြည်းပေါ်ကလိုက်ပါဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ နောက်ထပ်နေရာတစ်ခုအရောက်မှာ အခြားလူတစ်ယောက်နဲ့တွေ့ပြန်ပါတယ်။ ထိုလူက “ မင်းတို့သားအဖက အကြင်နာတရားခေါင်းပါးလှချည်လား၊ မြည်းတစ်ကောင်ကို နှစ်ယောက်လုံးဝိုင်းစီးကြတယ်ဆိုတော့ မြည်းကို အသေသတ်နေတာလား” လို့အမေးခံရပြန်ပါတယ်။ အဲဒါနဲ့ ဘီလ်နဲ့သူ့သားဟာ ထိုစကားကြောင့် ဘာမှထပ်မပြောနိုင်ကြတော့ပါဘူး။ ဒီပုံပြင်လေးက လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အခြားသူတွေရဲ့အထင်မြင်ကိုနားထောင်ပြီး ဘယ်လိုမှ ဆုံးဖြတ်လို့မဖြစ်ပါဘူး။ လူတိုင်းရဲ့စိတ်ကျေနပ်မှုအရ လိုက်ပြီးနေထိုင်မယ်ဆိုရင် ကိုယ့်ဘဝကိုယ်ဖြစ်ချင်တာတောင် ဘာမှန်းသိနိုင်မှာမဟုတ်တော့ပါဘူး။ ပြောချင်တာက လူတိုင်းရဲ့ကျေနပ်မှုရအောင်ကြိုးစားဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ လူတိုင်းကမတူညီတဲ့အမြင်ရှိကြဘူး၊ မတူညီတဲ့ဘဝဖြတ်သန်းပုံတွေရှိကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေက ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာလျှင် ဘဝကို အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းရမှာဖြစ်ပါတယ်။
နောက်တစ်ပုံလူတိုင်းကျေနပ်အောင်မကြိုးစားနိုင်ပါဘူး။ ဘီလ်ဟာ အသက် ၄၀အရွယ် လူကြီးတစ်ယောက်ဖြစ်ပါတယ်။ ။ သူနေထိုင်ရာ ရွာကလေးကနေ မြို့ပေါ်ကို တက်ပြီး ပိတ်စတွေရောင်းတဲ့လူကြီးတစ်ယောက်ပါ။ သူ့ရဲ့အဝတ်စတွေပါတဲ့အထုပ်ကို အမြဲတမ်း သူ့မြည်းရဲ့ကျောပေါ်တင်သွားပြီး မြို့ဈေးကို သွားရောင်းရပါတယ်။ သူ့မှာ အသက် ၁၅နှစ်ခန့်ရှိတဲ့သားတစ်ယောက်လည်းရှိပါသေးတယ်။ သူ့သားလေးဟာ သူ့ကို လိုက်ပြီး ဈေးကူရောင်းပေးတတ်ပါတယ်။ ဘီလ်ရဲ့ မြည်းဟာ သူ့ရဲ့ အဝတ်ထုပ်ကို သယ်သွားရပြီး အပြန်ချိန်မှာတော့ ဘီလ်က သူ့ရဲ့ အဝတ်ထုပ်ကို ကုန်အောင်ရောင်းလိုက်နိုင်ပါတယ်။ ဘီလ်တို့ သားအဖတွေဟာ ပျော်ပြီး အိမ်ကိုပြန်လာခဲ့ကြပါတယ်။ သူတို့အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာ မြည်းနဲ့အတူ သူတို့သားအဖဟာ လမ်းလျှောက်ရင်းပြန်လာခဲ့ပါတယ်။ လမ်းမှာ အခြားလူ၂ယောက်ကို တွေ့ပါတယ်။ ထိုလူ၂ယောက်က ဘီလ်တို့သားအဖကို ကြည့်ပြီး သူတို့အချင်းချင်းပြောကြပါတယ်။ “ဒီသားအဖဟာ အင်မတန် တုံးအလိုက်တာ။ မြည်းတစ်ကောင်ပါတာကို ကောင်းကောင်းအသုံးမချဘူး။ မြည်းနဲ့အတူလမ်းလျှောက်ပြန်လာသတဲ့။” လို့ပြောပါတယ်။ ထိုစကားကို ဘီလ်တို့သားအဖကြားတဲ့အခါမှာတော့ ဘီလ်ရဲ့သားက သူ့အဖေကိုပြောပါတယ်။ “အဖေ…..အဖေပဲ မြည်းကိုစီးပြီးလာခဲ့လိုက်ပါ။” သားဖြစ်သူရဲ့စကားကို လက်ခံပြီး ဘီလ်က မြည်းပေါ်စီးလိုက်လာပါတယ်။ မကြာခင်မှာပဲ လူကြီးတစ်ယောက်က မြည်းစီးလာတာကိုမြင်လိုက်ရပြီး ထိုလူကြီးက ဘီလ်တို့သားအဖကို လှမ်းအော်ပြောလိုက်ပါတယ်။ “ဟေ့……မင်းရဲ့သားကိုလည်း ငဲ့ပါအုံး။ မင်းသားကိုကြည့်ရတာ အင်မတန်မောနေပုံရတယ်။ သူ့ကိုပဲ မြည်းစီးခိုင်းလိုက်ပါလား။ မင်းက အဖေဖြစ်ပြီး လမ်းလျှောက်ခဲ့ပါလား” လို့ ပြောပြန်ပါတယ်။ ဘီလ်ကထိုစကားကိုကြားတဲ့အခါ သူ့သားကို “ဟုတ်တယ်..သားရေ သားပဲမြည်းစီးလာခဲ့ပါတော့ အဖေလမ်းလျှောက်လိုက်မယ်” ဆိုပြီး မြည်းကို သူ့သားကိုစီးခိုင်းရပြန်ပါတယ်။ လမ်းတစ်ဝက်လောက်အရောက်မှာပဲ နောက်ထပ်လူစိမ်းတစ်ယောက်နဲ့တွေ့ပြန်ပါတယ်။ ထိုလူစိမ်းက အော်ပြန်ပါတယ်။ “ဟဲ့….ကောင်လေး မင်းက မသိတတ်လိုက်တာ၊ မင်းအဖေကအသက်ကြီးနေပြီလေ။ မင်းနောက်ကနေ ထိုင်လိုက်ခိုင်းလိုက်ပါလား” လို့ ပြောခံရပြန်ပါတယ်။ အဲဒါနဲ့ပဲ ဘီလ်နဲ့သူ့သားဟာ နှစ်ယောက်လုံးမြည်းပေါ်ကလိုက်ပါဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ နောက်ထပ်နေရာတစ်ခုအရောက်မှာ အခြားလူတစ်ယောက်နဲ့တွေ့ပြန်ပါတယ်။ ထိုလူက “ မင်းတို့သားအဖက အကြင်နာတရားခေါင်းပါးလှချည်လား၊ မြည်းတစ်ကောင်ကို နှစ်ယောက်လုံးဝိုင်းစီးကြတယ်ဆိုတော့ မြည်းကို အသေသတ်နေတာလား” လို့အမေးခံရပြန်ပါတယ်။ အဲဒါနဲ့ ဘီလ်နဲ့သူ့သားဟာ ထိုစကားကြောင့် ဘာမှထပ်မပြောနိုင်ကြတော့ပါဘူး။ ဒီပုံပြင်လေးက လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အခြားသူတွေရဲ့အထင်မြင်ကိုနားထောင်ပြီး ဘယ်လိုမှ ဆုံးဖြတ်လို့မဖြစ်ပါဘူး။ လူတိုင်းရဲ့စိတ်ကျေနပ်မှုအရ လိုက်ပြီးနေထိုင်မယ်ဆိုရင် ကိုယ့်ဘဝကိုယ်ဖြစ်ချင်တာတောင် ဘာမှန်းသိနိုင်မှာမဟုတ်တော့ပါဘူး။ ပြောချင်တာက လူတိုင်းရဲ့ကျေနပ်မှုရအောင်ကြိုးစားဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ လူတိုင်းကမတူညီတဲ့အမြင်ရှိကြဘူး၊ မတူညီတဲ့ဘဝဖြတ်သန်းပုံတွေရှိကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေက ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာလျှင် ဘဝကို အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းရမှာဖြစ်ပါတယ်။
နောက်တစ်ပုံ၄) ပိုးအိမ်ထဲကပိုးတုံးလုံး လူငယ်လေးတစ်ယောက်ဟာ သူ့အိမ်ရဲ့ပြတင်းပေါက်နားက အပင်ပေါ်မှာ ပိုးအိမ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ သူကထိုပိုးအိမ်ကို နေ့တိုင်းလိုမြင်နေရတာမို့ ပိုးအိမ်ထဲက လှုပ်ရှားမှု့ကို သူအမြဲကြည့်နေခဲ့ပါတယ်။ ပိုးအိမ်ထဲက ပိုးတုံးလုံးလေးဟာ အမြဲတမ်း ပိုးအိမ်ထဲက ထွက်ဖို့အရေး ကြိုးစားနေပါတယ်။ အပေါက်ငယ်လေးဖောက်ပြီး ပိုးအိမ်ထဲက ထွက်ဖို့ ပိုးတုံးလုံးကအမြဲရုန်းကန်နေတာကို သူတွေ့နေရပါတယ်။ အဲဒါနဲ့ လူငယ်လေးဟာ တစ်နေ့ပြီးတစ်နေ့ ပိုးအိမ်ထဲကမထွက်နိုင်တဲ့ပိုးတုံးလုံးကို ကြည့်ပြီး ပိုးတုံးလုံးကို ပိုးအိမ်ထဲက ထွက်နိုင်ဖို့ ကူညီပေးမယ်လို့ အကြံရသွားပါတော့တယ်။ အဲဒါနဲ့ပဲ လူငယ်လေးဟာ ကတ်ကြေးကို ယူပြီး ပိုးအိမ်အပေါက်ကို ချဲ့ပေးလိုက်ပါတယ်။ ပိုးတုံးလုံးလေးကိုလည်း အပြင်ကို ထုတ်ပေးလိုက်ပါတော့တယ်။ ပိုးတုံးလုံးလေးဟာ အပြင်ကို လွယ်ကူစွာရောက်သွားပေမယ့်လည်း လိပ်ပြာအဖြစ်ပျံသန်းဖို့ရာ အတောင်တွေမစုံသေးသလို လိပ်ပြာဘဝကို မကူးပြောင်းနိုင်တော့ပါဘူး။ လူငယ်လေးဟာ ပိုးတုံးလုံးလေး ကို လိပ်ပြာဘဝပြောင်းလာမလားလို့ ထိုင်စောင့်ကြည့်ခဲ့ပေမယ့် ပိုးတုံးလုံးလေးဟာ သေဆုံးသွားပါတော့တယ်။ ကျွန်တော်တို့ရဲ့ဘဝမှာလည်း အဲဒီ့လိုပါပဲ။ ဘဝမှာရှင်သန်ရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် အဲဒီ့အခက်အခဲတွေကပဲ ကျွန်တော်တို့ရဲ့ဘဝအတွက် လိုအပ်တဲ့စွမ်းရည်တွေတိုးလာစေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ အခက်အခဲတွေကြုံရလေလေ ကိုယ့်ရဲ့ဖြေရှင်းနိုင်စွမ်းတွေ တိုးလာလေလေဖြစ်ပါတယ်။ အလွယ်တကူနဲ့ ရတဲ့ဘဝဟာ အားကျစရာကောင်းပေမယ့် တကယ်တမ်း အခက်အခဲနဲ့ကြုံလာခဲ့မယ်ဆိုရင် ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည် ရှိမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘဝမှာ ဘာအခက်အခဲပဲတွေ့တွေ့ ကိုယ့်ရဲ့စွမ်းရည်တိုးလာစေခြင်းလို့သာ တွေးပြီး အားတင်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
နောက်တစ်ပုံ၅) အိုးနှုတ်ခမ်းပဲ့လေး (အိုး၂အိုးကို ထမ်းတဲ့လူပုံစံမျိုးဆွဲပေးလို့ရပါတယ်) တခါက လယ်သမားတစ်ယောက်ထံမှာ အိုးလေး၂လုံးရှိပါတယ် ။ ပထမအိုးလေးကတော့ အကောင်းအတိုင်းပဲဖြစ်ပြီး ဒုတိယအိုးလေးကတော့ နှုတ်ခမ်းပဲ့လေးဖြစ်ပါတယ်။ လယ်သမားဟာ အိမ်အတွက် လိုအပ်တဲ့သုံးရေကို စမ်းချောင်းလေးထဲကနေ အမြဲသွားခပ်ရလေ့ရှိပါတယ်။ အိုး၂လုံးကို ထမ်းပိုးနဲ့ထမ်းပြီး သယ်လေ့ရှိပါတယ်။ အိုးကောင်းလေးနဲ့ အိုးပဲ့လေး ၂အိုးစလုံးကို လယ်သမားက ရေအပြည့်ထည့်သယ်လေ့ရှိပေမယ့် လယ်သမားရဲ့ လယ်တဲကိုရောက်တဲ့အခါမှာတော့ အမြဲတမ်း အိုးနှုတ်ခမ်းပဲ့လေးဟာ ရေအပြည့်မပါတတ်ပါဘူး။ အိုးကောင်းလေးနဲ့ယှဉ်ပြီး အိုးနှုတ်ခမ်းပဲ့လေးဟာ အမြဲအားငယ်နေလေ့ရှိပါတယ်။ သူအမြဲညည်းညူလေ့ရှိတာက “ငါ့သခင်အတွက် ငါကတာဝန်မကျေခဲ့ဘူး၊ ရေကိုအမြဲအပြည့်အဝမသယ်ပေးနိုင်ခဲ့ဘူး” ဆိုပြီး သူ့ကိုယ်သူအမြဲ စိတ်ဓာတ်ကျအားငယ်နေလေ့ရှိပါတယ်။ အိုကောင်းလေးကိုလည်း သူက ထိုကဲ့သို့ ညည်းပြလေ့ရှိပါတယ်။ တစ်နေ့ကျတော့ လယ်သမားဟာ ရေခပ်ဖို့အတွက် အိုး၂လုံးကို ထမ်းယူပြီး စမ်းချောင်းကနေ ပြန်လာပါတယ်။ အိုးကောင်းလေးဟာ အိုးပဲ့လေးကို လှမ်းမေးလိုက်ပါတယ်။ “ကဲ…..သူငယ်ချင်းရေ ခုပြန်လာတဲ့လမ်းက ပန်းပင်လေးတွေ ဝေေ၀ဆာဆာ ပွင့်နေတာကိုတွေ့ရဲ့လား” လို့မေးလိုက်ပါတယ်။ အိုးနှုတ်ခမ်းပဲ့လေးကလည်း ပြန်ဖြေပါတယ်။ “အင်း…တွေ့ပါတယ်။ သူငယ်ချင်းရေ၊ ပန်းလေးတွေက တောပန်းလေးတွေဖြစ်ပေမယ့် ဝေေ၀ဆာဆာပွင့်နေတာ လှလိုက်တာ” အိုးကောင်းလေးကပြန်ပြောပါတယ်။ “ဟုတ်တယ်..အဲဒါ မင်းရေလောင်းပေးခဲ့တဲ့ အပင်လေးတွေပဲပေါ့။ မင်းကို လယ်သမားက အမြဲတမ်း အဲဒီ့ပန်းပင်လေးတွေဘက်ကနေ သယ်နေတာ အကြောင်းရှိတယ်။ မင်းရဲ့အိုးနှုတ်ခမ်းပဲ့နေရာက ထွက်ကျတဲ့ရေတွေက ပန်းပင်လေးတွေအတွက် ရေဖြန်းပြီးသားဖြစ်စေတာမို့ ပန်းပင်လေးတွေ ဝေဆာ လှပစွာ ပွင့်လန်းလာရတာပေါ့ ၊ အဲဒါကြောင့် မင်းကြောင့် ပန်းလေးတွေပွင့်လန်းလာရပြီး လှပတဲ့ပန်းခင်းလေးဖြစ်လာတာ” အိုးကောင်းလေးရဲ့စကားကိုကြားတဲ့အခါမှ အိုးနှုတ်ခမ်းပဲ့လေးဟာ သူ့တန်ဖိုးကို သူနားလည်သွားရပါတော့တယ်။ ဒီပုံပြင်လေးက ကိုယ့်ရဲ့အားနည်းချက်ကိုချည်းအာရုံစိုက်ခြင်းက စိတ်ဆင်းရဲစေပါတယ်၊ ကိုယ့်ရဲ့အားနည်းချက်ကနေမှ အားသာချက်ဖြစ်လာနိုင်သလို၊ အဆိုးထဲကနေ အကောင်းရှာတွေ့နိုင်တာရှိပါတယ်လို့ မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ လူတိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးတော့ရှိကြတာဖြစ်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။