စိတ်ဓာတ်ကျနေလျှင် ကိုယ့်ကိုကိုယ်သတိပေးသင့်သောစကားစု ၁၀ ခု

လူတော်တော်များများက စိတ်ဓာတ်ကျနေတဲ့အခါမျိုးမှာ ဒီစကားစုတွေကို ဂါထာရွတ်သလို ကိုယ့်ကိုကိုယ်ပြန်သတိပေးတဲ့အနေနဲ့ ရေရွတ်နေခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့နေတာတွေကို သက်သာစေနိုင်ပါလိမ့်မယ်။ အောက်မှာဖော်ပြပေးမယ့် စကားစု ၁၀စုကို သင်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ထပ်ခါထပ်ခါ ရွတ်ပြီး ကိုယ့်ကိုကိုယ်ပြန်အားပေးခြင်းဖြင့် သင့်ရဲ့စိတ်ဓာတ်ကျဆင်းခြင်း၊ သောကရောက်နေတာတွေကို သက်သာစေဖို့ ဖော်ပြပေးလိုက်ပါတယ်။


၁) စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ သန်မာတဲ့သူတစ်ယောက်ပါ။
စိတ်ဓာတ်ကျခြင်းက သင့်ကိုယ်သင် ဘာမှမလုပ်ဆောင်နိုင်တဲ့သူ၊ အားနည်းနေတဲ့သူအဖြစ် အထင်မြင်မှားနေတဲ့အတွက်ကြောင့် ဖြစ်လာတာမျိုးပါ။
အခြားသူတစ်ယောက်ယောက်ကို မှီပြီး အကူအညီတောင်းရမယ်ဆိုတာမျိုး တွေးနေမိတာမျိုးပါ။ အဲဒါကြောင့် သူတို့ကိုယ်သူတို့ထင်နေတဲ့ ဘာမှမလုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဆိုတဲ့အမြင်ကို ပြောင်းလဲပစ်ဖို့ကြိုးစားရမှာပါ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ် သန်မာတဲ့သူ၊ ဘယ်အရာမဆို ကိုယ်တိုင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့အမြင်မျိုးဖြစ်လာအောင် ကိုယ့်ကိုကိုယ်ပြောပေးပါ။

. ၂) ပိုကောင်းတဲ့အခြေအနေတွေရလာအုံးမှာပါ။
စိတ်ဓာတ်ကျဆင်းခြင်းက မျှော်လင့်ချက်မဲ့နေတာကြောင့်လည်းဖြစ်ပါတယ်။ “လက်ရှိခံစားနေရတာတွေထက် ပိုပြီး ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်” ဆိုတဲ့အတွေးမျိုးကို မကြာခဏပြန်တွေးပြီး အကောင်းဘက်ကမြင်တဲ့စိတ်အခြေအနေမျိုးဖြစ်အောင် တွေးပေးပါ။

၃) ခုချိန်ထိအသက်ရှင်နိုင်သေးတယ်။
သင်အသက်ရှုနေသေးတာကို အာရုံစိုက်ဖို့လေ့ကျင့်ပါ။ သင်အသက်ရှင်နေသေးသရွေ့ သင့်မှာလုပ်နိုင်စွမ်းတွေရှိသေးပါသေးတယ်။ သင့်ရဲ့စိတ်နဲ့သင့်ရဲ့ခန္ဓာကိုယ်ကို စုစည်းပြီး တည်ငြိမ်အောင် လုပ်ပါ။ သင်အသက်ရှုနေနိုင်သေးတာကိုက သင်ပြန်သန်မာဖို့ ကံကောင်းနေပါပြီ။

၄) ရှိပါစေ ၊ ထားလိုက်ပါ။
အဓိပ္ပါယ်တွေအများကြီးပါဝင်တဲ့ စကားလုံး “Frozen.” ဇာတ်ကားထဲက မင်းသမီးလေး Elsa ပြောတဲ့စကားပါ။
သင့်မှာစွဲကပ်နေတဲ့ ပူပင်သောကတွေကို သင့်ဟာသင်ရှာတွေ့မယ်ဆိုရင် မဖြစ်လာသေးတာတွေ ဒါမှမဟုတ် ရှုပ်ထွေးနေသလိုခံစားရတာတွေ အားလုံးကို ရိုးရှင်းတဲ့ဒီစကားလုံး “Let it go” လို့သာ ထပ်ခါထပ်ခါပြောလိုက်ပါ။

၅) လုံးဝကို မကြောက်လန့်ဘူး။
ဒီစကားစုကို ထပ်ခါထပ်ခါရေရွတ်ခြင်းက သင့်ရဲ့စိုးရိမ်ပူပန်ခြင်းတွေကို တကယ်မကြောက်လန့်တော့သလို၊ အဲဒါတွေကိုလည်း ကျော်ဖြတ်နိုင်ဖို့ သင့်ကိုသင်ထိန်းချုပ်နိုင်သလို ခံစားရစေပါလိမ့်မယ်။ သင့်ကိုသင်အားပေးနေသလိုမျိုးခံစားရတာကြောင့်ပါ။

၆) ပြဿနာမရှိနိုင်ဘူး။
“ငါ့ဘဝက ခက်ခဲလိုက်တာ” လို့တွေးလေလေ သင့်စိတ်ဓာတ်ကျလေလေပါပဲ။ အဲဒါကြောင့် ဘာတွေဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုကတော့ အမြဲရှိနေမှာပဲလေလို့ တွေးပါ။ အဲဒါကြောင့် ဒီစကားစုကို ထပ်ခါပြောပြီး သင့်စိတ်ထဲမှာ အန္တရာယ်တွေ၊ ပြဿနာတွေလို ထင်နေတာတွေကို ဖြေရှင်းလိုက်ပါ။ အဲဒါတွေအားလုံးက သင့်စိတ်ထဲမှာ ထင်နေတာတွေပါ။ ဖြစ်လာမယ်ဆိုလည်း ဘာဖြစ်သေးလဲ “လုံးဝကိုမကြောက်ဘူး” ထိုကဲ့သို့တွေးထားပါ။

၇) စိတ်ထဲကကို အေးချမ်းမှုကိုခံစားရအောင် ကြိုးစားမယ်။
ပြောချင်တာက စိတ်ပိုင်းဆိုင်ရာအရ ပူပန်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို သက်သာစေပြီးအေးချမ်းမှုဖြစ်လာစေတာမျိုးဖြစ်ဖို့လုပ်ဆောင်ကြည့်ပါ။ အဲလိုလဲ အေးချမ်းလာမယ်လို့ယုံကြည်ထားပါ။ တရားထိုင်တာလိုမျိုး ဒါမှမဟုတ် လေကိုအဝရှုသွင်းပြီး ဖြေးဖြေးချင်းပြန်ထုတ်လိုက်တာမျိုး အတန်ကြာအောင်လုပ်ကြည့်ပါ။ သင့်ရဲ့စိတ်တည်ငြိမ်လာသလို၊ အေးချမ်းမှုပါခံစားလာရပါလိမ့်မယ်။

၈) အတွေးတွေ၊ စကားလုံးတွေ၊ လုပ်ဆောင်ချက်တွေအားလုံးဟာ အကောင်းဘက်ကနေဖြစ်အောင်ကြိုးစားမယ်၊ ပျော်ရွှင်ရမယ်။
ဒီစကားစုက ဘဝကို ပိုပြီးအကောင်းဘက်ကတွေးတတ်ဖို့၊ ပိုပျော်ရွှင်နိုင်ဖို့၊ စာနာနိုင်ဖို့ အားပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ သဘာဝတရားနဲ့ အခြားသူများရဲ့ လုပ်ဆောင်ချက်အပေါ်မှာ လိုက်ပြီးခံစားနေလို့ စိတ်ဓာတ်ကျဆင်းမှုတွေ၊ ပူပန်မှုသောကတွေဖြစ်လာရတာပါ။ ကိုယ့်ကိုကိုယ် အစေခံတစ်ယောက်မဟုတ်ဘူးလို့ တွေးပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် ကိုယ်တိုင်ကြိုးစားမယ်၊ ဖြစ်လာသမျှကို အကောင်းဘက်ကနေတွေးတတ်အောင် ပြင်ယူမယ်၊ အဆိုးထဲက အကောင်းကိုရှာဖွေမယ်လို့ ကိုယ့်ကိုကိုယ် ပြန်ပြောခြင်းပါပဲ။ အခြားသူများနဲ့ အခြားအခြေအနေတွေကြောင့်လိုက်မခံစားဘူးလို့ တွေးတာမျိုးပေါ့။

၉) တစ်နေ့မှာ နာကျင်မှုတွေက ရယ်စရာတွေဖြစ်သွားမှာပါ။
လူတော်တော်များများက နာကျင်မှုတွေ၊ ဝမ်းနည်းစရာတွေကို အမြဲစိတ်ထဲထည့်ပြီး ခံစားနေလို့သာ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ ပူဆွေးခြင်းတွေ၊ သောကတွေ လက်ခံမိထားသလိုဖြစ်နေတာပါ။ အဲဒါကြောင့် နာကျင်မှု ၊ ဝမ်းနည်းမှု၊ ပူပင်သောကကို ပြန်ခံစားမိနေမယ့်အစား ခံစားမိလိုက်တာနဲ့ ဒီစကားကို ရွတ်ပါ။ “ခုအသည်းအသန်နာကျင်ခံစားနေတာတွေက တစ်နေ့ကျရင် ရယ်စရာတွေဖြစ်သွားမှာပဲ” လို့ပေါ့။ ထိုအတွေးကို မကြာခဏပြန်တွေးလိုက်ပါ။

၁၀) ကိုယ့်ကိုကိုယ်ပိုပြီး ကြင်နာသနားဖို့လိုတယ်။
သင့်ရဲ့ပြဿနာတွေ၊ အခက်အခဲတွေကို ကြုံရတဲ့အခါ ထွက်မပြေးဘဲ တည့်တည့်ရင်ဆိုင်လိုက်ပါ။ အကြာကြီးလည်း မခံစားပါနဲ့။ တစ်နေ့ ရယ်စရာ ဒါမှမဟုတ် ပုံပြင်တစ်ပုဒ်ဖြစ်သွားမှာပါ။ ပြီးတော့ ထိုအခက်အခဲတွေ၊ ပြဿနာတွေကို သင့်ကို ဘဝအကြောင်းပိုသိလာစေလို့ ကျေးဇူးတင်ပါ။ သင့်ဘဝကို ရှေ့ဆက်ရှင်သန်ဖို့ အတွေ့အကြုံတိုးစေတယ်လေ။ အမြဲတမ်းနာကျင်ခံစားနေလို့တော့ မဖြစ်ပါဘူး။ သင့်ကိုယ်သင်သနားသင့်တယ်လေ။ သင့်ကိုသင်မသနားရင် အခြားဘယ်သူကမှ သနားမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ကိုသင်သနားတဲ့အနေနဲ့ မြန်မြန်မေ့ပျောက်ဖို့ကြိုးစားပါ။ ကိုယ့်ကိုကိုယ်ပိုပြီး သနားဖို့လိုတယ်၊ သနားတဲ့အနေနဲ့ အဆိုးကို အကောင်းမြင်ပြီး ပျော်အောင်နေမယ်လို့တွေးပါ။

သင့်ကိုသင်စိတ်ဓာတ်ကျနေပြီ၊ ဘာမှမလုပ်ဆောင်နိုင်တော့ဘူး၊ အသုံးမကျတဲ့သူတစ်ယောက်အဖြစ်တွေးနေမိပြီဆိုရင် ဒီစကားလေးတွေကို ပြန်ရွတ်ပြီး ပြန်တွေးကြည့်ပါ။ နာကျင်မှုတွေ၊ သောကတွေ၊ စိုးရိမ်မှုတွေကို ထပ်ခါထပ်ခါ တွေးတောနေမယ့်အစား
ဒီစာသားတွေကို ရေရွတ်ကြည့်ပါ။ ဒီစကားလုံးတွေက သင့်ကို အေးချမ်းမှုတွေနဲ့ ပြန်လည်တည်ဆောက်ဖို့ခွန်အားတွေပေးပါလိမ့်မယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။