စိတ်ဓာတ်ခိုင်မာသူတွေ လုပ်လေ့ရှိသည့် အချက်များ

သင့်ကော ဘဝမှာ စိတ်ဓာတ်ကျဖူးတယ်မလား။ စိတ်ဓာတ်ကျတဲ့အချိန်မှာ ဘာဆက်လုပ်မလဲ။ သင့်ရဲ့စိတ်ဓာတ်မာကျောအောင် ဘယ်လိုလုပ်မလဲ။ သင်မှတ်သင့်တာလေးတွေမှတ်သားနိုင်အောင် စိတ်ဓာတ်ခိုင်မာသူတွေလုပ်လေ့ရှိတဲ့အချက် ၁၈ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁) ရှေ့ဆက်သွားတယ်။
သူတို့ရဲ့အချိန်တွေကို ဝမ်းနည်းပူဆွေးနေတာနဲ့ပဲ အလကားမဖြစ်စေဘူး။ လုပ်စရာရှိတာဆက်လုပ်နေတာပါပဲ။
၂) ထိန်းချုပ်နိုင်ကြတယ်။
သူတို့က သူတို့ရဲ့စွမ်းအင်တွေကို အလကားမသုံးပစ်တတ်ကြပါဘူး။ စွမ်းအင်အလကားကုန်ဆုံးသွားစေမယ့် ကိစ္စမျိုးတွေမှာ သူတို့ကိုယ်သူတို့ထိန်းချုပ်နိုင်ကြပါတယ်။
၃) ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။
သူတို့က အသစ်သော ပြောင်းလဲမှုတွေနဲ့ စိန်ခေါ်မှုတွေကို မကြောက်တတ်ကြပါဘူး။
၄) ပျော်အောင်နေတတ်ပါတယ်။
သူတို့မှာ ဆင်ခြေမရှိပါဘူး။ သူတို့မထိန်းချုပ်နိုင်တဲ့ကိစ္စတွေအတွက်နဲ့ စိတ်မညစ်တတ်ကြပါဘူး။ အဲဒီကိစ္စတွေအတွက်နဲ့လည်း သူတို့စွမ်းအင်ကို အလကားမသုံးပစ်တတ်ပါဘူး။
၅) ကြင်နာတတ်ပါတယ်။
သူတို့က ဘက်မလိုက်တတ်ကြပါဘူး။ အခြားသူများအပေါ် ကြင်နာဖို့ ဝန်မလေးတတ်ကြပါဘူး။
၆) ဆိုးကျိုးတွေကို ကြိုတွေးတတ်ပါတယ်။
သူတို့ရဲ့လုပ်ဆောင်ချက်ပေါ်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ၊ အန္တရာယ်တွေပေါ်မှာ ကြိုတင်တွက်ဆထားတတ်ပါတယ်။
၇) လက်ရှိအချိန်မှာပဲ သူတို့ရဲ့စွမ်းအင်တွေကို မြုပ်နှံထားတတ်ပါတယ်။
သူတို့က အတိတ်ကိုပဲ တွေးတောနေပြီး စိတ်ညစ်မနေတတ်ပါဘူး။ လက်ရှိအချိန်ကိုပဲ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်တတ်ပါတယ်။
၈) အတိတ်ကလုပ်ဆောင်ချက်တွေကို အပြည့်အဝလက်ခံထားတတ်ပါတယ်။
သူတို့က အတိတ်မှာလုပ်ခဲ့တဲ့အမှားတွေကို သင်ယူပါတယ်။ ထပ်ခါထပ်ခါ မှားနေတာမျိုးမလုပ်တတ်ကြပါဘူး။
၉) အခြားသူများရဲ့ အောင်မြင်မှုကို ဂုဏ်ယူပေးတတ်ပါတယ်။
သူတို့ အခြားသူများရဲ့အောင်မြင်မှုကြောင့် မခံချိမခံသာဖြစ်မနေတတ်ပါဘူး။ ထပ်တူဂုဏ်ယူပေးနိုင်ပါတယ်။
၁၀) ကျရှုံးမှာကို လက်ခံနိုင်ပါတယ်။
ကျရှုံးမှုကြောင့် သူတို့က လက်မလျော့တတ်ကြပါဘူး။ ကျရှုံးမှုဆိုတာ တိုးတက်ဖို့ အခွင့်အလမ်းဆိုတာကို သဘောပေါက်ကြပါတယ်။
၁၁) အထီးကျန်ခြင်းကိုလည်း နှစ်သက်တတ်ကြပါတယ်။
သူတို့က အထီးကျန်မှာကို မကြောက်တတ်ကြပါဘူး။
၁၂) ကြိုတင်ပြင်ဆင်တတ်ကြပါတယ်။
သူတို့လုပ်မယ့်အလုပ်တွေအတွက် ကြိုတင်ပြင်ဆင်ခြင်းက အောင်မြင်နိုင်တာကို ယုံကြည်ကြပါတယ်။
၁၃) စောင့်ဆိုင်းတတ်ကြပါတယ်။
ဘယ်အရာကိုမဆို ချက်ချင်းအဖြေထွက်လာဖို့ မမျှော်လင့်တတ်ပါဘူး။
၁၄) အဓိကကျတာကို တွက်ချက်နိုင်ပါတယ်။
ပြုပြင်ဖို့လိုအပ်တာကိုလည်း ပြုပြင်တတ်ပါတယ်။
၁၅) စွမ်းအင်ကို ဉာဏ်ရှိစွာအသုံးချတတ်ပါတယ်။
သူတို့ရဲ့အချိန်ကို အကျိုးမရှိတဲ့နေရာမှာ အသုံးမပြုပါဘူး။
၁၆) အကောင်းဘက်က တွေးတတ်ပါတယ်။
သူတို့ရဲ့ မကောင်းတဲ့အတွေးတွေကို ကောင်းတဲ့အတွေးအခေါ်တွေနဲ့ အစားထိုးပြောင်းလဲတတ်ပါတယ်။
၁၇) စိတ်မချမ်းမြေ့မှုတွေကို သည်းခံနိုင်စွမ်းရှိပါတယ်။
သူတို့ကြောင့်မဟုတ်ဘဲ အခြားကြောင့် ဖြစ်လာတဲ့ သူတို့မထိန်းချုပ်နိုင်တဲ့ခံစားချက်တွေကို လက်ခံနိုင်စွမ်းရှိပါတယ်။
၁၈) ကြိုးစားမှုပေါ်မှာ တန်ပြန်သက်ရောက်မှုရှိတာကို သိကြပါတယ်။
နေ့တိုင်း ပြန်သုံးသပ်တတ်ကြပါတယ်။ သူတို့ဘယ်နေရာကိုရောက်ရှိနေပြီး ဘယ်နေရာကိုဆက်သွားရအုံးမလဲဆိုတာကို တွေးဖို့အချိန်ယူတတ်ပါတယ်။
အထက်ပါအချက်တွေကို ဖတ်ပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်ပါ။ မလိုက်နာမိတာရှိရင် ပြန်ပြီး ပြုပြင်ဖို့ကြိုးစားကြည့်ပါ။ တဖြေးဖြေးနဲ့ စိတ်ဓာတ်တွေ ခိုင်မာလာဖို့ အထောက်အကူဖြစ်မှာပါ။
https://www.pinterest.com/pin/436849232596779907/ လင့်မှ ဘာသာပြန်ဖော်ပြထားပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။