စောင်းလျားသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

Star fruit လို့ခေါ်တဲ့ စောင်းလျားသီးမှာ ခုခံစွမ်းအားတိုးစေပြီး ကင်ဆာကိုကာကွယ်ခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်း အရိုးသန်မာစေခြင်း၊ စတဲ့အကျိုးကျေးဇူးတွေအပြင် အခြားသောကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အာဟာရဓာတ်တွေနဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ အေ၊ ဘီနဲ့ ဖော့စဖောရတ်၊ ဇင့်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။


၁) ကင်ဆာရောဂါတိုက်ဖျက်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။
စောင်းလျားသီးမှာ ကင်ဆာကိုဆန့်ကျင်နိုင်တဲ့သဘာဝအစွမ်းသတ္တိတွေပါဝင်ပါတယ်လို့ လေ့လာသူတွေက ဖော်ပြထားကြပါတယ်။ antioxidant တွေပါဝင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် အူမကြီးကို သန့်စင်စေပြီး အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်ပါတယ်။ အဲဒါကြောင့် အူမကြီးကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေပါတယ်။

၂) ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။
antioxidants ဖြစ်တဲ့ flavonoids ပါဝင်မှုကြောင့် ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး အမျိုးမျိုးသော အရေပြားပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်။ ဗီတာမင်စီပါဝင်တာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

၃) နှလုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။
ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်က သွေးဖိအားကို ထိန်းသိမ်းပေးပါတယ်။ နှလုံးခုန်နှုန်းကိုပုံမုန်ဖြစ်စေပြီး သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။

၄) နို့ထွက်ကောင်းစေပါတယ်။
နို့တိုက်မိခင်တွေအတွက် စောင်းလျားသီးကိုစားခြင်းက နို့ထွက်ကောင်းစေပါတယ်။ မီးဖွားပြီးပြီးချင်း နို့ထွက်မကောင်းတဲ့ပြဿနာကိုကူညီနိုင်ပါတယ်။

၅) ဝိတ်ကျစေပါတယ်။
အသီးမှာ ကယ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်ကျဖို့အကူအညီဖြစ်စေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုနဲ့ အခြားသော အာဟာရဓာတ်တွေပါဝင်မှုကြောင့် ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းသိမ်းပေးပါတယ်။ အဲဒါကြောင့် သင်ဝိတ်တက်ခြင်းကို ကာကွယ်ပေးဖို့အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်က သင့်ကို ဗိုက်ပြည့်စေပါတယ်။ အဲဒါကြောင့်လည်း မကြာခဏ ဆာလောင်ခြင်း၊ အလွန်အကျွံ့အစားစားမိခြင်းကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၆) ခုခံအားတိုးစေပါတယ်။
စောင်းလျားသီးတစ်လုံးစားခြင်းက တစ်နေ့တာလိုအပ်နေတဲ့ဗီတာမင်စီ ပမာဏ ၅၀ရာခိုင်နှုန်းရစေတဲ့အတွက် သင့်ရဲ့ခုခံအားကို တိုးစေပါတယ်။ သွေးဖြူဥဆဲလ်ပမာဏကို တိုးစေပါတယ်။

၇) သွေးဖိအားကိုထိန်းညှိုပေးပါတယ်။
ကယ်လဆီယမ်ပါဝင်မှုကြောင့် အရိုးပွရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။ လေဖြတ်ခြင်းက သွေးကြောတွေနဲ့ သွေးလွှတ်ကြောတွေ ဖိအားများလာခြင်းကြောင့်ဖြစ်ပါတယ်။ စောင်းလျားသီးက သွေးတိုးခြင်းကို လျော့ကျဖို့ အထောက်အကူဖြစ်စေပါတယ်။ သွေးတိုးခြင်းကိုလျော့ကျစေတာကြောင့် သင့်ရဲ့နှလုံးခုန်နှုန်းကို ပုံမုန်ဖြစ်စေပြီး သွေးလည်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့အရည်တွေကို မျှတမှုရှိအောင် ထိန်းပေးနိုင်ပါတယ်။

၈) အစာခြေစနစ်ကို ကူညီပေးပါတယ်။
အမျှင်ဓာတ်က အစာခြေစနစ်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေလမ်းကြောင်းမှာ အစာတွေရွေ့လျားမှုကို ပိုပြီး လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ဝမ်းချုပ်ခြင်း၊ လေအောင့်ခြင်း၊ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်းတွေကို သက်သာစေပါတယ်။ အာဟာရဓာတ်စုပ်ယူမှုလည်း ပိုကောင်းစေပါတယ်။

၉) အရိုးသန်မာစေတဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။
သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရတ်၊ ဇင့်၊ ကယ်လဆီယမ် စတဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့် သင့်ရဲ့အရိုးကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်အရွယ်အိုမင်းလာမှုကြောင့် အရိုးပွရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။

၁၀) ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ပါတယ်။
လေ့လာချက်အရ insoluble fiber တွေက အစာစားပြီနောက် ကလူးကို့စ်တွေထုတ်လုပ်ခြင်းကို တားဆီးပေးနိုင်ပါတယ်တဲ့။ အဲဒါကြောင့် ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ပေးဖို့ အထောက်အကူဖြစ်စေပါတယ်။

၁၁) ဇီဝဖြစ်စဉ်တွေကို တိုးတက်စေပါတယ်။
Pyridoxine ၊ folate နဲ့ riboflavin တွေပါဝင်တာကြောင့် သင့်ရဲ့ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေကို ထိန်းသိမ်းပေးပါတယ်။ လိုအပ်တဲ့ အင်ဇီုင်းလ်တွေ၊ ဟော်မုန်းတွေကို ခန္ဓာကိုယ်တွင်းမှာ လိုအပ်သလို ထုတ်လုပ်ပေးစေပါတယ်။ အာရုံကြောဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့လုပ်ဆောင်ပေးတဲ့အတွက် စွမ်းအင်တွေဖြစ်ပေါ်စေပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။

၁၂) Cholesterol ပမာဏကို ထိန်းညှိုပေးပါတယ်။
dietary fiber ပါဝင်မှုများပြီး အဆီပါဝင်မှုနည်းပါးခြင်းကြောင့် ကိုလက်စထရောပမာဏကို လျော့ကျစေပြီး ထိန်းချုပ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်က LDL (bad) cholesterol ပမာဏကို ထိန်းချုပ်ပေးပြီး HDL (good) cholesterol ပမာဏကို တိုးစေပါတယ်။ အဲဒါကြောင့် သွေးကြောဆိုင်ရာ နှလုံးရောဂါ၊ လေဖြတ်၊ နှလုံးရှော့ခ်ဖြစ်ခြင်း၊ နဲ့အခြားသောရောဂါတွေကို လျော့ကျစေပါတယ်။

၁၃) ခန္ဓာကိုယ်မှ အဆိပ်အတောက်ဖယ်ရှားပေးနိုင်ပါတယ်။
ဆီးကောင်းစေတဲ့အတွက် အဆိပ်အတောက်တွေဖယ်ရှားဖို့အကူအညီဖြစ်စေပါတယ်။ အသည်းနဲ့ကျောက်ကပ်နှစ်ခုလုံးကို သန့်စင်စေပါတယ်။ ဆီးများများသွားခြင်း ခန္ဓာကိုယ်တွင်းက ဆားဓာတ်နဲ့ အဆီဓာတ်ကိုဖယ်ရှားစေပြီး အဆိပ်အတောက်ပမာဏကို လျော့ကျစေပါတယ်။

၁၄) အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးကိုအထောက်အကူပေးပါတယ်။
ရောင်ရမ်းမှုလျော့ကျစေပြီး ချွဲသလိပ်တွေကိုပျော်စေပါတယ်။ အဲဒါကြောင့် လည်ချောင်းနာခြင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုးမွှားကူးစက်နိုင်ချေနည်းပါးစေပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးမွှားကူးစက်ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။
https://www.organicfacts.net/star-fruit-carambola.html လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။