ပဲစောင်းလျားသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ပဲစောင်းလျားသီးကကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေများစွာရှိပါတယ်။ ပဲစောင်းလျားသီးကို asparagus bean, Goa bean, four angle bean, or princess pea လို့လည်း ခေါ်ပါတယ်။ ဗီတာမင်အေလည်းကြွယ်ဝစွာပါဝင်တဲ့အတွက် အရေပြားကိုလည်း နုပျိုစေပြီးခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစေပါတယ်။


၁) အရွယ်အတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
Vitamin C နဲ့ Vitamin A ပါဝင်ပါတယ်။ ထိုဗီတာမင် ၂မျိုးလုံးဟာ antioxidants တွေကဲ့သို့အကျိုးရှိစေပါတယ်။ အရေးအကြောင်းတွေပေါ်ခြင်း၊ အရေပြားတွဲကျခြင်းတွေကိုသက်သာစေပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကိုသက်သာစေပါတယ်။

၂) ကယ်လိုရီနည်းပါးခြင်း
နူးညံ့ပြီး မရင့်သေးတဲ့ ပဲစောင်းလျားသီးမှာ ကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။ 100 grams မှာ 49 calories သာပါဝင်ပါတယ်။ ရင့်သွားတဲ့ပဲစောင်းလျားသီးမှာတော့ 100 grams မှာ 409 calories တောင်မှ ပါနိုင်ပါတယ်။

၃) ဗီတာမင်စီကြွယ်ဝစွာပါဝင်ခြင်း
ပဲစောင်းလျားသီးမှာ ဗီတာမင်စီကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ခုခံအားတိုးစေပြီး ကူးစက်မှုတွေကိုတိုက်ဖျက်နိုင်ပါတယ်။ သွေးကြောတွေကို ပြေလျော့စေအောင်လည်း ကူညီပေးနိုင်ပါတယ်။

၄) သတ္တုဓာတ်နဲ့ ဗီတာမင်များပါဝင်ခြင်း
ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်ပါတယ်။ သံဓာတ်၊ မဂ္ဂနီစ်၊ ကော့ပါး၊ ကယ်လဆီယမ်၊ ဖော့စဖောရတ်၊ မဂ္ဂနီဆီယမ် တို့ပါဝင်ပါတယ်။ ဗီတာမင်အေလည်းကြွယ်ဝစွာပါဝင်ပါတယ်။
ဗီတာမင်ဘီလည်း ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်အီးလည်းပါဝင်ပါတယ်။

၅) ဖောလိတ်ဓာတ်ကြွယ်ဝခြင်း
ဖောလိတ်ဓာတ်ကြွယ်ဝတာကြောင့် ဆဲလ်ကြီးထွားဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။

၆) ပရိုတင်းဓာတ်ကြွယ်ဝခြင်း
ပရိုတင်းဓာတ်များစွာပါဝင်တာမို့ ပဲပုတ်ကဲ့သို့အကျိုးရှိပါတယ်။ လေ့လာချက်တွေအရ အခြားသောပဲအမျိုးမျိုးတွေလိုပဲ ပဲစောင်းလျားသီးမှာ ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။

၇) ကျန်းမာစေတဲ့အဆီဓာတ်တွေပါဝင်ခြင်း
အဆီတိုင်းက ကျန်းမာရေးအတွက်မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အဆီတွေလည်းရှိပါတယ်။ အဲဒီ့အဆီဓာတ်က ခန္ဓာကိုယအတွက်လည်း အရေးပါပါတယ်။ ပဲစောင်းလျားသီးမှာ mono saturated fats နဲ့ polyunsaturated fats ထိုကဲ့သို့အဆီဓာတ်ပါဝင်ပါတယ်။ ထိုအဆီဓာတ်တွေက ခန္ဓာကိုယ်ကျန်းမာစေပါတယ်။

၈) ကယ်လဆီယမ်ဓာတ်ကြွယ်ဝခြင်း
calcium နဲ့ phosphorus ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးသန်မာစေပြီး ဖျားနာခြင်းမဖြစ်အောင် စွမ်းအင်ပြည့်ဝစေပါတယ်။

၉) အစာခြေစနစ်အတွက်ကောင်းမွန်စေခြင်း
ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့သကြားဓာတ်ပါဝင်ပါတယ်။ fructose ၊ glucose ၊ lactose ၊ sucrose ၊ galactose နဲ့ maltose ကဲ့သို့သကြားဓာတ်တွေပါဝင်ပါတယ်။ ထိုသကြားဓာတ်တွေက အူထဲက probiotic bacteria တွေကို ကြီးထွားစေဖို့အရေးပါပါတယ်။ ထိုဘက်တီးရီးယားတွေက အစာခြေလွယ်ဖို့ကူညီပေးပါတယ်။

G6PD-enzyme deficiency disease ရှိသူတွေနဲ့ ပဲနဲ့ဓာတ်မတည့်သူတွေအတွက်တော့သတိထားစားသုံးသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။