ထိကရုံးပင်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ထိကရုံးပင်ကို “Touch Me Not” plantလို့လည်း ခေါ်ကြပါတယ်။ ငယ်ငယ်တုန်းကတော့ ထိလိုက်တာနဲ့ ကပ်သွားတဲ့အပင်ကိုသဘောကျလွန်းလို့ တမင်ကိုရှာပြီး လိုက်ထိခဲ့ဖူးကြတယ်မဟုတ်လား။ အဲဒီ့ထိကရုံးပင်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ သိပ္ပံနာမည်ကတော့ Mimosa Pudica လို့ခေါ်ပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ အိမ်တွင်းဆေးပင်တစ်မျိုးလည်းဖြစ်ပါတယ်။


၁) antioxidants ကြွယ်ဝခြင်း
ထိကရုံးပင်မှာ antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ် ဇီဝကမ္မဖြစ်ပျက်မှုအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ free radicals တွေဖြစ်ပေါ်ခြင်းကို ရပ်တန့်စေပါတယ်။
ပင်စည်နဲ့ အစေ့တွေမှာ ပိုပြီး များပြားစွာ ပါဝင်သော်လည်း အရွက်မှာ စုစည်းထားတာဖြစ်တာကြောင့် ထိကရုံးရွက်မှာ ပိုပြီး အာနိသင်များပါတယ်။

၂) ဆီးချိုရောဂါနဲ့ သွေးတိုးခြင်းအတွက် အထောက်အကူဖြစ်စေခြင်း
ထိကရုံးအရွက်မှရတဲ့အရည်ဟာ သွေးထဲကသကြားဓာတ်ကိုကျစေပြီး သွေးဖိအားကိုလည်း ပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်တယ်လို့ဆိုပါတယ်။

၃) အူကျန်းမာရေးအတွက်ကောင်းစေခြင်း
အစာအိမ်ထဲမှာ အက်ဆစ်ထုတ်လုပ်ခြင်းကို လျော့ကျစေပြီး peptic ulcers ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
အစေ့က အူထဲက အဆိပ်အတောက်တွေ၊ ကပ်ပါးကောင်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အစာမကြေခြင်းနဲ့ အော့အန်ခြင်းတွေကိုလည်း ပျောက်စေတယ်လို့ ဆိုပါတယ်။

၄) အဆစ်အမြစ်နာကျင်ရောင်ရမ်းခြင်း
အဆစ်အမြစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အစွမ်းရှိပါတယ်။ အရွက်ကို ကြိတ်ခြေပြီး နာကျင်ရောင်ရမ်းနေတဲ့အဆစ်အမြစ်ပေါ်အုံပေးခြင်းဖြင့်သက်သာစေပါတယ်။

၅) မမြင်နိုင်တဲ့ပိုးမွှားတွေကို သတ်နိုင်တဲ့အစွမ်းရှိခြင်း
မျက်လုံးနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေ၊ မှိုတွေကို သေစေနိုင်တဲ့အစွမ်းရှိပါတယ်။

၆) ထိခိုက်ရှနာတွေကို သက်သာစေခြင်း
ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အစွမ်းရှိရုံမက ထိခိုက်ရှနာဖြစ်တဲ့ အနာတွေကိုလည်း အနာကျက်မြန်စေတဲ့အစွမ်းရှိတယ်လို့ လေ့လာချက်တွေမှာဖော်ပြကြပါတယ်။

၇) ခံတွင်းကျန်းမာရေးအတွက်ကောင်းခြင်း
ထိကရုံးပင်ရဲ့အမြစ်ကို ရေဆူဆူမှာ ပြုတ်ပြီး ငုံပေးခြင်း၊ ပလုတ်ကျင်းပေးခြင်းက သွားနာခြင်း၊ သွားကိုက်ခြင်းကိုလည်း သက်သာစေပြီး သွားဖုံးရောဂါတွေကို သက်သာစေတယ်လို့ ဖော်ပြကြပါတယ်။

ထိကရုံးပင်မှာ အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းအများကြီးရှိပါသေးတယ်။ မြန်မာ့ဆေးနည်းအရဆိုရင် ကုန်းထိကရုံးပင်က ဆီးနဲ့ကျောက်ကပ်ကို သန့်စင်စေတယ်လို့ဆိုကြပြီး ရေထိကရုံးပင်ဆိုရင်တော့ အသည်းနဲ့ဆီးအိမ်အတွက်ကောင်းတယ်လို့ ဆိုကြပါတယ်။ ထိကရုံးရွက်မှာတင်မက ပင်စည်၊ အမြစ်၊ အစေ့အားလုံးမှာ အကျိုးကျေးဇူးတွေရှိတယ်လို့ဖော်ပြထားကြပါတယ်။
https://essenziale-hd.com/2019/12/18/health-benefits-you-can-get-from-mimosa-pudica/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။