ဘောစကိုင်းပင်(အဝေရာပင်) ရဲ့ကျန်းမာရေးကောင်းကျိုးများ

ဘောစကိုင်းရွက်ကို ပြုတ်တို့စားတာမျိုး ၊ အရွက်နုတွေကို သုတ်စားကြတာမျိုး လုပ်ကြပါတယ်။ အခြားနိုင်ငံတွေမှာတော့ အစေ့နဲ့ ပင်စည်အခေါက်တွေကို ဆေးဖော်ရာတွင် အသုံးပြုတတ်ကြပါတယ်။ ဘောစကိုင်းပင်( အဝေရာပင်) ရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို ဖော်ပြလိုက်ပါတယ်။


၁) ဆီးချိုသွေးချိုထိန်းနိုင်ခြင်း
သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ အဲဒါကြောင့်သွေးချိုဆီးချိုဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပါတယ်။

၂) သန်ကျစေခြင်း
ဘောစကိုင်းအစေ့က သန်ကောင်တွေကို သေစေတာကြောင့် သန်ကျစေပါတယ်။

၃) ကျောက်ကပ်ရောင်ခြင်းကိုသက်သာစေခြင်း
ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အစွမ်းရှိတာကြောင့် ကျောက်ကပ်ရောင်ရမ်းခြင်းကို သက်သာစေတယ်လို့ဆိုပါတယ်။

၄) အရေပြားကျန်းမာရေးအတွက်သုံးနိုင်ခြင်း
အရေပြားကဆဲလ်တွေအတွက် collagen ဖြစ်ပေါ်မှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ဆိုကြပါတယ်။ အရေပြားအမဲစက်တွေ၊ ချွေးပေါက်ကျယ်ခြင်းတွေ၊ အရေပြားခြောက်သွေ့ခြင်းတွေကို သက်သာစေပါတယ်။

၅) ကင်ဆာရောဂါဖြစ်ပွားမှုကိုလျော့ကျစေခြင်း
အစေ့မှာ ကင်ဆာရောဂါကာကွယ်နိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာအတွက်လည်း အထောက်အကူပြုတယ်လို့ဆိုပါတယ်။

၆) ဗောက်ပျောက်စေခြင်း
အစေ့ကရတဲ့အဆီကို လိမ်းခြင်းက ဦးရေပြားခြောက်သွေ့ခြင်းနဲ့ မှိုကြောင့်ဖြစ်တဲ့ ဗောက်တွေကိုပျောက်စေပါတယ်။
တန်ဆေးလွန်ဘေးလည်း ဖြစ်နိုင်တာမို့ အလွန်အကျွံ့စားသုံးတာမျိုး ၊ ရောဂါအခံရှိတာမျိုးကတော့ သက်ဆိုင်ရာဆရာဝန်ကိုသာမေးမြန်းပြီးမှ စားသုံးသင့်ပါတယ်နော်။
https://reachealthy.blogspot.com/2017/10/7-health-benefits-of-leucaena.html

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။