ဆန်းစစ်တွေးခေါ်ခြင်းရဲ့ ထောင်ချောက်များ အပိုင်း (၁)

စဉ်းစားတွေးခေါ်နိုင်လို့ပဲ ကာယစွမ်းအားနည်းပေမယ့် လူတွေဟာ ဒီကမ္ဘာလောကကြီးကို ကြီးစိုးထားနိုင်တာပါ။ ဒါပေမယ့် စဉ်းစားတွေးခေါ်ရာမှာလည်း တခါတလေ ထင်မထားတဲ့ ထောင်ချောက်တွေနဲ့ ကြုံရတတ်ပါတယ်။ အဲဒီထောင်ချောက်တွေကတော့ အင်္ဂလိပ်လို Logical Fallacy လို့ ခေါ်တဲ့ ဝေဖန်သုံးသပ်ခြင်း၏ အမှားများပေါ့။ ကျွန်တော်တို့ အလုပ်လုပ်ရာမှာပဲ ဖြစ်ဖြစ် ကျောင်းအတွက် Report တွေ Assignment တွေ ရေးရာမှာ၊ စကားရည်လုပွဲတွေမှာ ဒီအမှားတွေကို အထူးသတိထားသင့်ပါတယ်။


---
ဤအစီအစဉ်ကို အကောင်းမြင်ရှုထောင့် စာမျက်နှာ Bawa 101 နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး သင်တန်းလမ်းညှွန် MyanLearn app တို့မှ ပူးပေါင်း တင်ဆက်ပါသည်။
---
Logical Fallacy တွေ အများကြီးထဲကမှ ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ ထောင်ချောက်က Gambler’s Fallacy (လောင်းကစားသမား၏ အတွေးထောင်ချောက်) ပဲ ဖြစ်ပါတယ်။ အဲဒီ အမှားထောင်ချောက်ကတော့ ကျပန်းဖြစ်ပေါ်နေတဲ့ ကိစ္စတစ်ခုရဲ့ ရလဒ်ဟာ အရင်ရလဒ်တွေအပေါ် မှီတည်နေတယ်လို့ ကောက်ချက်ချခြင်း ဖြစ်ပါတယ်။ ဥပမာ - ခေါင်းပန်းလှန်တာ ၅ ကြိမ် ဆက်တိုက် ‘ခေါင်း’ ချည်းကျနေခဲ့တယ် ဆိုပါစို့။ ဒါဆို ၆ ကြိမ်မြောက် ရလဒ်ဟာ ‘ခေါင်း’ ပဲ ထပ်ကျမယ် လို့ ယူဆခြင်း၊ ဒါမှ မဟုတ် ရှေ့မှာ ၅ ကြိမ် ‘ခေါင်း’ ကျပြီးသွားလို့ ၆ ကြိမ်မြောက်မှာ ‘ခေါင်း’ မကျနိုင်တော့ဘူး လို့ ယူဆခြင်းဟာ မှားပါတယ်။ ခေါင်းပန်းလှန်နေတဲ့ အကြွေစေ့ဟာ ဒီတစ်ခုပဲမို့ ခေါင်း- ပန်း ဖြစ်နိုင်ခြေဟာ အကြိမ်တိုင်းမှာ ၅၀-၅၀ ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်ခြေတွေကို မှန်းဆ ကောက်ချက်ချတဲ့နေရာမှာ ခြေချော်နိုင်တဲ့ ထောင်ချောက်မို့လို့ လောင်းကစားသမားရဲ့ အမှားထောင်ချောက်လို့ ခေါ်ရခြင်း ဖြစ်ပါတယ်။ ပိုရှင်းသွားအောင် လေ့ကျင့်ခန်းလေး ဖြေကြည့်ရအောင်။ အဖြေကို အောက်က comment ထဲမှာ ရေးခဲ့ပါအုံးနော်။

၁) ဇွန်နှင့် ဇူလိုင်လများ၏ သိန်း တစ်သောင်းခွဲ ဆုကို ဧရာဝတီတိုင်းမှ ၂ ကြိမ် ဆက်တိုက် ဆွတ်ခူးခဲ့ပါသည်။ ထို့ကြောင့် ဩဂုတ်လ၏ သိန်း တစ်သောင်းခွဲ ဆုကို
က) ဧရာဝတီတိုင်းမှ ထပ်မံ ရရှိပါမည်။
ခ) ဧရာဝတီတိုင်းမှ မရရှိနိုင်တော့ပါ။
ဂ) ဧရာဝတီတိုင်းမှ ရရှိနိုင်ပါသေးသည်။

ဤအစီအစဉ်ကို အကောင်းမြင်ရှုထောင့် စာမျက်နှာ Bawa 101 နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး သင်တန်းလမ်းညှွန် MyanLearn app တို့မှ ပူးပေါင်း တင်ဆက်ပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။