ဦးရေပြားမှာ ဆိုးဝါးစေတဲ့ဗောက်ကို ဖြေရှင်းဖို့ အိမ်တွင်းနည်းလမ်းများ

လူ ၆ယောက်မှာ အနည်းဆုံးတစ်ယောက်ကတော့ ဗောက်ထတတ်ကြပါတယ်။ ဗောက်ထခြင်းဆိုတာက ဆံသားတွေထက် ဦးရေပြားမှာခြောက်သွေ့အက်ကွဲခြင်းကြောင့်ဖြစ်ပါတယ်။ သင့်ဆံသား ကျန်းမာသန်စွမ်းခြင်းက ဦးရေပြားခြောက်သွေ့အက်ကွဲခြင်းပေါ်မှာလည်း မူတည်နေပါသေးတယ်။ ဘယ်လောက်ပဲဖုံးကွယ်ချင်ပေမယ့် ဗောက်ထခြင်းက ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ အဲဒါကြောင့် ဗောက်ထခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) Apple Cider Vinegar
ပန်းသီးရှာလကာရည်တစ်ဆမှာ ရေတစ်ဆခွဲခန့်ရောပြီး ခေါင်းမလျှော်ခင် နှစ်မိနစ်ခန့်အကြိုမှာ ဦးခေါင်းကိုသုတ်လိမ်းထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်မှာတစ်ကြိမ်ခန့်ထိုကဲ့သို့လုပ်ကြည့်ပါ။
၂)အုန်းဆီနဲ့သံပုရာရည်
အုန်းဆီနဲ့သံပုရာရည်ဆတူရောပြီး ဦးခေါင်းကိုသုတ်လိမ်းလိုက်ပါ။ မိနစ်၂၀ခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။
၃) လက်ဖက်စိမ်းဆီ
လက်ဖက်စိမ်းအဆီကို ပုံမှန်လျှော်နေကျခေါင်းလျှော်ရည်ထဲ အနည်းငယ်ထည့်ပြီး ခေါင်းလျှော်ကြည့်ပါ။
၄) သံလွင်ဆီ
သံလွင်ဆီကို ခေါင်းမှာလိမ်းထားပြီး ရေချိုးခန်းသုံးခေါင်းဆောင်းနဲ့ တစ်ညလုံး ပေါင်းထားလိုက်ပါ။ နောက်တစ်နေ့မနက်မှာ ခေါင်းလျှော်ချလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း သံလွင်ဆီပါဝင်တဲ့ခေါင်းလျှော်ရည်နဲ့ပုံမှန်ခေါင်းလျှော်ပေးတာမျိုးလုပ်နိုင်ပါတယ်။
၅) ကြက်သွန်ဖြူ နဲ့ပျားရည်
ကြက်သွန်ဖြကိုကြိတ်ချေပြီး ပျားရည်အနည်းငယ်နဲ့ရောမွှေပြီး ဦးရေပြားမှာလိမ်းပေးပြီး ခေါင်းလျှော်ချလိုက်ပါ။
၆) ရှားစောင်းလတ်ပတ်
ရှားစောင်းလတ်ပတ်ကို ခေါင်းမလျှော်ခင်ဦးရေပြားမှာသုတ်လိမ်းလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။