ခရမ်းရောင်ပြောင်းဖူးရဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

ခရမ်းရောင်အသီးအရွက်တွေလိုပဲ ခရမ်းရောင်ပြောင်းဖူးမှာလည်း မယုံနိင်စရာကောင်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။


၁) အမျှင်ဓာတ်ကြွယ်ဝပါတယ်။
အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်အတွက် ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး နှလုံးကျန်းမာရေးတိုးတက်ကောင်းမွန်စေပြီး ကိုလက်စထရောလျော့ချဖို့ ကူညီပေးနိုင်ပါတယ်။
၂) ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝပါတယ်။
ခရမ်းရောင်ပြောင်းဖူးမှာ ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဇင့်၊ ကော့ပါး၊ မဂ္ဂနီစ်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ၊ ဗီတာမင် ဘီဖိုက်၊ ဘီနိုင်း နဲ့ niacin တို့ ပါဝင်ပါတယ်။
၃) ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။
Anthocyanins ဆိုတဲ့ ကွန်ပေါင်းတစ်မျိုးကြောင့်ခရမ်းရောင်ပြောင်းဖူးဖြစ်စေတာဖြစ်ပါတယ်။ လေ့လာချက်တွေအရ anthocyanins ဆိုတဲ့ဓာတ်ပေါင်းက ကင်ဆာဆဲလ်တွေကို ၂၀ရာခိုင်နှုန်းထိ သတ်ပစ်နိုင်ပါတယ်။ အခြားသော အစားအစာတွေ( စပျစ်၊ ဘလူးဘယ်ရီ၊ ခရမ်းမုန်လာဥကဲ့သို့) မှာပါဝင်တဲ့ဓာတ်ပေါင်းတွေထက် anthocyanins ဓာတ်က ပိုပြီးထိရောက်စွာ အကျိုးရှိတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
၄) အဝလွန်ခြင်းကို တိုက်ဖျက်နိုင်ပါတယ်။
အမေရိကန်လူမျိုး ၃ယောက်မှာ ၂ယောက်က အဝလွန်ခြင်းကို ခံစားနေရပါတယ်။ ဒါပေမယ့် ခရမ်းရောင်ပြောင်းဖူးက အဝလွန်ခြင်းကို ကာကွယ်နိုင်တယ်ဆိုတဲ့ ဓာတ်ပေါင်းတွေပါဝင်ပါတယ်။ ကြွက်တွေမှာ လေ့လာချက်အရ ကျန်းမာစေတဲ့အဆီပါဝင်မှုကြောင့် ဝိတ်မတက်စေဘဲ anthocyanins ဓာတ်မပါဝင်တဲ့အစားအစာစားသုံးတဲ့ကြွက်တွေထက် အဝလွန်ခြင်းမဖြစ်ပေါ်နိုင်တာကို တွေ့ရပါတယ်။
၅) ခန္ဓာကိုယ်မှ ရောင်ရမ်းခြင်းများကို သက်သာစေပါတယ်။
ဂျပန်နိုင်ငံမှ Tokai Gukuen University ကလေ့လာချက်အရ ခရမ်းရောင်ပြောင်းဖူးက ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ ကြွက်တွေမှာ ဓာတ်ခွဲလေ့လာချက်အရ ရောင်ရမ်းခြင်းကို အဓိကလျော့ကျစေနိုင်တဲ့ဓာတ် cytokines ဓာတ်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
၆) နှလုံးကျန်းမာရေး ဖြစ်ပွားမှုကိုလျော့ကျစေပါတယ်။
ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ antioxidants အစွမ်းသတ္တိကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေပါတယ်။ သွေးလွှတ်ကြောတွေနဲ့ ရုတ်တရက်နှလုံးရောဂါဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေကို ကာကွယ်ဖို့ အကူအညီဖြစ်စေပါတယ်။ ကြွက်တွေမှာလေ့လာစမ်းသပ်တဲ့အခါ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေမှာ အောက်ဆီဂျင်နည်းပါးမှုကို သက်သာစေပြီး ကိုလက်စထရောပမာဏကို ၆ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်။
၇) သွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။
သွေးလှည့်ပတ်ခြင်းက သင့်ထင်ထားတာထက် အများကြီးအရေးကြီးပါတယ်။ သင့်နှလုံးကျန်းမာရေးကိုသာမက သင့်ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါ အရေးကြီးတာဖြစ်ပါတယ်။ ခရမ်းရောင်ပြောင်းဖူးမှာပါဝင်တဲ့ antioxidants တွေကြောင့် သင့်ရဲ့ခန္ဓာကိုယ်ထဲက သွေးကြောမျှင်တွေကို ကာကွယ်ပေးပြီး ပုံမှန်မဟုတ်တဲ့သွေးခဲခြင်းတွေကို ကာကွယ်ပေးပါတယ်။
၈) ဆီးချိုသွေးချိုဖြစ်ပွားမှုကို လျော့ကျစေပါတယ်။
ကြွက်တွေမှာ လေ့လာချက်အရ ခရမ်းရောင်ပြောင်းဖူးစားခြင်းကြောင့် သွေးထဲက သကြားဓာတ်များခြင်းကို မဖြစ်ပေါ်စေပါဘူး။
၉) ကျောက်ကပ်ကျန်းမာရေးကို မြင့်တင်ပေးနိုင်ပါတယ်။
ကိုရီးယား Hallym University မှသိပ္ပံပညာရှင်တေါရဲ့လေ့လာချက်အရ antioxidant အစွမ်းကြောင့် ကျောက်ကပ်ထဲက သွေးကြောတွေကို ကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါနဲ့ ဆက်စပ်နေပြီး ကျောက်ကပ်ပျက်စီးမှုကို ထိခိုက်စေတဲ့ဘေးထွက်ဆိုးကျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။
၁၀) မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
နှစ်မျိုးထက်ပိုတဲ့ antioxidants ဖြစ်တဲ့ lutein နဲ့ zeaxathinin ပါဝင်တာကြောင့် မျက်လုံးနဲ့ မျက်လုံးရောဂါတွေဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
https://www.lifehack.org/295657/youll-amazed-the-numerous-benefits-purple-corn လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။