ဇာတ်ကြောတက်တတ်တဲ့သူများအတွက် အကြံပြုချက်များ

ကွန်ပျူတာနဲ့ အလုပ်လုပ်ချိန်များတဲ့သူတွေမှာ ဇက်ကြောတက်ခြင်းအဖြစ်များတာ တွေ့ရလေ့ရှိပါတယ်။ သင့်ရဲ့အလုပ်စားပွဲမှာ အထိုင်များတာ၊ ကားမောင်းတာ၊ ဂျင်ဆော့တာ၊ ညအချိန် အိပ်စက်ပုံမမှန်ခြင်း တို့ကြောင့် ဇက်ကြောတတ်ခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဇက်ကြောတက်ခြင်းကို သက်သာစေနိုင်မယ့် နည်းလမ်းတစ်ချို့ဖော်ပြပေးလိုက်ပါတယ်။


၁) ပုံစံတစ်မျိုးထဲနဲ့ အချိန်ကြာမြင့်စွာ မနေပါနဲ့။
အဲဒါက ဆိုးဝါးတဲ့ပုံစံဖြစ်ပါတယ်။ ထိုင်တယ်ဆိုရင်လည်း ပုံစံတစ်မျိုးတည်း ပုံသေ အကြာကြီးထိုင်နေတာမျိုးက သင့်ကို ဇက်ကြောတက်ခြင်းဖြစ်စေနိုင်ပါတယ်။ ပုံစံအမျိုးမျိုးပြောင်းထိုင်ခြင်း၊ ရွေ့လျားခြင်း၊ လှုပ်ရှားပေးခြင်းစတာတွေက သင့်ကို ဇက်ကြောတက်ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေရာထဲမှာ ပုံသေ၊ ပုံစံတစ်မျိုးတည်းမနေဘဲ ရွေ့ပေးပါ။ အနေအထားပုံစံပြောင်းပေးတာမျိုးလုပ်ပါ။
၂) ပတ်ဝန်းကျင်အနေအထားပုံစံပြောင်းပေးပါ။
သင့်ရဲ့ကွန်ပျူတာမျက်နှာပြင်ကို သင်ကြည့်လို့အဆင်ပြေမယ့် ပုံစံအထိ ရွေ့ပြောင်းတာမျိုးလုပ်ပေးပါ။ သင့်ရဲ့ဖုန်း၊ Tablet စတာတွေကို သင့်ပေါင်ပေါ်တင်ပြီး ကြည့်မယ့်အစား ခေါင်းအုံးတစ်ခုပေါ်တင်ပြီး ၄၅ဒီဂရီမတ်အောင် ထိုင်ပြီးကြည့်တာမျိုးလုပ်ပေးပါ။ သင်ကွန်ပျူတာ ကြည့်တဲ့အခါမှာလည်း ခါးကိုတည့်မတ်အောင် ထားပြီး ကွန်ပျူတာကြည့်တာမျိုး သတိထားပေးပါ။
၃) သင်ကမျက်မှန်တပ်သူဆိုရင် ပါဝါမှန်ပါစေ။
သင့်ရဲ့မျက်မှန်က သင့်မျက်လုံးပါဝါနဲ့ အဆင်မပြေဘူးဆိုရင်လည်း ဇက်ကြောတက်တာမျိုးဖြစ်နိုင်ပါသေးတယ်။ အဲဒါကြောင့် သင့်ရဲ့မျက်မှန်က သင့်ပါဝါနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးသင့်ပါတယ်။
၄) ခေါင်းအုံးတွေအများကြီး မသုံးပါနဲ့။
သင့်ခေါင်းအောက်မှာ ခေါင်းအုံးတွေ အများကြီး မခံထားသင့်ပါဘူး။ သင့်ခေါင်းအုံးက သင်ဦးခေါင်းလှုပ်ရှားဖို့ လွယ်ကူပါစေ။ သင့်ခေါင်းအုံး မာနေတာမျိုးကလည်း သင့်ကို ဇက်ကြောနာကျင်တာမျိုးဖြစ်စေနိုင်ပါတယ်။
၅) သင့်ရဲ့အကန့်အသတ်ကို သိပါစေ။
သင့်ရဲ့နေနိုင်တဲ့ အကန့်အသတ်ကို သိထားပါ။ ဘယ်အခြေအနေမျိုးမှာဆိုရင်တော့ ဇက်ကြောတတ်တော့မယ်….ဆိုတာမျိုးပေါ့။ ဘယ်လိုနေပါများရင် ဇက်ကြောကနာတတ်တယ်ဆိုတာမျိုး သတိထားပြီး ရှောင်ကျဉ်ပါ။
၆) အိပ်စက်ပုံအနေအထား မှန်ပါစေ။
အိပ်စက်တဲ့အခါ ပုံစံမမှန်ခြင်းကြောင့်လည်း ဇက်ကြောတတ်တာမျိုး ဖြစ်နိုင်ပါသေးတယ်။
၇) ရေခဲ ဒါမှမဟုတ် ရေနွးအိတ် ကပ်ပေးပါ။
ဇက်ကြောတစ်ဝိုက်ကို ရေခဲကပ်ပေးခြင်းက နာကျင်တာတွေကို သက်သာစေနိုင်သလို
ရေနွေးအိတ်လေး ကပ်ပေးခြင်းက သက်သာစေပါတယ်။
၈) နှိပ်နယ်ပေးခြင်း၊ လေ့ကျင့်ခန်း လုပ်ပေးခြင်း လုပ်ကြည့်ပါ။
ဇက်ကြောတစ်ဝှိုက်ကို နှိပ်နယ်ပေးခြင်းကလည်း ဇက်ကြောတက်ခြင်းကို သက်သာစေနိုင်ပါတယ်။ လည်ပင်းနဲ့ ခေါင်းလေ့ကျင့်ခန်းလေးတွေလည်း လုပ်ကြည့်နိုင်ပါတယ်။

အထက်ပါအချက်လေးတွေက ဒီနေ့ခေတ်လို ကွန်ပျူတာအကြည့်များပြီး အထိုင်များတတ်တဲ့သူတွေအတွက် အထောက်အကူဖြစ်စေမှာပါ။ ဇက်ကြောတက်ခြင်းက ပုံမှန်အားဖြင့်တော့ အဆိုးအဝါးကြီးမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နောက်ဆက်တွဲ ခေါင်းကိုက်တာ ၊ အမြင်အာရုံေ၀ဝါးတာ၊ အော့အန်တာတွေအထိ အရမ်းဆိုးဝါးလာရင်တော့ ဆရာဝန်ပြတာသာ အကောင်းဆုံးပါပဲ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။