ပဲသီးစိမ်းစားခြင်းရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ပဲသီးစိမ်းမှာ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင် ၊ ရေဓာတ်၊ antioxidants နဲ့ flavonoids တွေပါဝင်ပါတယ်။ ပဲသီးစီမ်းရဲ့ ကောင်းကျိုးတွေက အောက်ပါအတိုင်းပါပဲ။


၁) dietary fiber ကြွယ်ဝစွာပါဝင်ပါတယ်။
ပဲသီးစိမ်းမှာ dietary fiber လို့ခေါ်တဲ့ ရေမှာပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ပါဝင်ပါတယ်။ ပဲသီးစီမ်းတစ်ခွက်မှာ သင့်အတွက်တစ်နေ့တာလိုအပ်တဲ့အမျှင်ဓာတ်ပမာဏ ၁၃ရာခိုင်နှုန်းခန့်ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြောင့် အစာခြေလမ်းကြောင်းကို ကျန်းမာစေပြီး ကိုလက်စထရောနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး သွေးတိုးရောဂါကိုသက်သာစေပါတယ်။

၂) ဗီတာမင်စီ ပါဝင်ပါတယ်။
ပဲသီးစိမ်းတစ်ခွက်မှာ ဗီတာမင်စီတစ်နေ့တာ လိုအပ်တဲ့ပမာဏ ၂၇ ရာခိုင်နှုန်းခန့်ပါဝင်ပါတယ်။ ဗီတာမင်စီကြောင့် ခုခံအားစနစ်ကောင်းမွန်အောင်ထိန်းထားပေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဖျားနာခြင်းနဲ့တုတ်ကွေးရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။

၃) သံဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။
သံဓာတ်က သွေးနီဥဆဲလ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မောပန်းလွယ်ခြင်းကို သက်သာစေပါတယ်။ ပဲသီးစိမ်း၁၀၀ဂရမ်မှာ သံဓာတ် ၅ရာခိုင်နှုန်းခန့်ပါဝင်တဲ့အတွက် တစ်နေ့တာလိုအပ်တဲ့ပမာဏပြည့်ဝစေပါတယ်။

၄) နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Flavonoids နဲ့ antioxidants တွေက သွေးလွှတ်ကြောတွေ ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ သွေးကြောတွေရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ အဲဒါကြောင့် နှလုံးရောဂါဖြစ်ပေါ်ဖို့ အလားအလာနည်းပါစေပါတယ်။ quercetin ၊ kampferol နဲ့ catechins ကဲ့သို့ အသက်ကိုကယ်ဆယ်ပေးနိုင်တဲ့ antioxidants ဓာတ်တွေကြောင့် ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။

၅) Silicon ဓတ်ပါဝင်ပါတယ်။
ပဲသီးစီးမှာ Silicon ဓာတ်ပါဝင်တဲ့အတွက်ကြောင့် အရိုးတွေသန်မာစေဖို့၊ တစ်ရှုးတွေဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ Silicon ပါဝင်တဲ့အစားအစာရင်းမြစ်က အနည်းစုဖြစ်ပြီး ပဲသီးစိမ်းကတော့ ထိုအနည်းစုထဲက တစ်မျိုးဖြစ်ပါတယ်။

၆) မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။
beta-carotene နဲ့ Vitamin A ပါဝင်မှုကြောင့် မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ထိုဓာတ်တွေက ဖရီးရယ်ဒီကယ်တွေပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသက်အရွယ်အိုမင်းခြင်းကြောင့် အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၇) ကယ်လိုရီနည်းပါးစွာ ပါဝင်ပါတယ်။
ပဲသီးစိမ်းတစ်ခွက်ကို ကယ်လိုရီ ၃၀ခန့်ပဲပါဝင်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံးအစားအစာအဖြစ် ဒါမှမဟုတ် ဟင်းအဖြစ် စားသုံးနိုင်ပါတယ်။ ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်များပြားစွာပါဝင်ခြင်းက သင့်ကို အစာစားပြီး ဗိုက်ပြည့်နေစေပါတယ်။ အဲဒါကြောင့် သင့်က အစားကိုအလွန်အကျွံ့မစားဖြစ်တော့ပါဘူး။

၈) ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။
ပရိုတင်းဓာတ်က အမိုင်နိုအက်ဆစ်ပုံစံတစ်မျိုးဖြစ်ပြီး ကြွက်သားတွေသန်မာဖို့ ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲသီးစိမ်းမှာ အမိုင်နိုအက်ဆစ် ၆ရာခိုင်နှုန်းပါဝင်ပါတယ်။

၉) အရိုးပွခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
မဂ္ဂနီစ်၊ ကယ်လဆီယမ် ပါဝင်မှုကြောင့် အရိုးကျွတ်ဆတ်ခြင်းကို ကာကွယ်ပေးပြီး အရိုးပွရောဂါဖြစ်ခြင်းကိုလည်း ဆန့်ကျင်နိုင်ပါတယ်။ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ ပဲသီးစိမ်းတစ်ခွက်မှာ မဂ္ဂနီစ် ၁၈ရာခိုင်နှုန်း၊ ကယ်လဆီယမ် ၃ရာခိုင်နှုန်း ပါဝင်ပါတယ်။ တစ်နေ့လျှင် မဂ္ဂနီစ် ၆ရာခိုင်နှုန်ခန့်လိုအပ်ပါတယ်။

၁၀) ကိုယ်ဝန်ဆောင်တွေစားသုံးနိုင်ပါတယ်။
ပဲသီးစိမ်းမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒါကြောင့် သန္ဓေသား ဦးနှောက်ဖွံ့ဖြိုးခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ပဲသီးစိမ်းစားခြင်းက ဖောလစ်အက်ဆစ်ပြည့်ဝစွာ မရရှိခြင်းမှ ကာကွယ်ပေးနိုင်ပြီး မီးမဖွားခင်ဖြစ်နိုင်တဲ့အန္တရာယ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
https://www.healthyhubb.com/health-benefits-green-beans/… လင့်မှဘာသာပြန်ဖောြ်ပခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။