ပိန္တွဲသီးအစေ့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ပိန္တွဲသီးက အပင်ကြီးမျိုးဖြစ်ပြီး အာဟာရဓာတ်များစွာလည်းပါဝင်ပါတယ်။ ပိန္တွဲသီးအစေ့မှာလည်း အလားတူအာဟာရဓာတ်တွေပါဝင်ပါတယ်။ သင့်ရဲ့စွမ်းအင်ကိုမြင့်တင်ပေးပြီး သင့်အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ အခြားသောနည်းလမ်းပေါင်းစုံနဲ့လည်း ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ ပရိုတင်းဓာတ်နဲ့ micronutrients ဓာတ်တွေပါဝင်တာမို့ အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်တာမို့ သွေးအားနည်းခြင်းကိုလည်း သက်သာစေပါတယ်။


၁) သွေးအားနည်းခြင်းကို သက်သာစေပါတယ်။
ပိန္တွဲသီးစေ့မှာ သံဓာတ်ကြွယ်ဝပါတယ်။ သွေးအားနည်းခြင်းကိုသက်သာစေနိုင်ပြီး အခြားသောသွေးနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်းပြီး မူးဝေမောပန်းခြင်းကိုသက်သာစေပါတယ်။ သွေးနီဥဆဲလ်တွေထုတ်လုပ်ခြင်းကို မြင့်တင်ပေးနိုင်တာမို့ ခုခံအားကောင်းစေပါတယ်။

၂) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
ရိုးရာဆေးပညာအရ ပိန္တွဲသီးစေ့မှာ ပါဝင်တဲ့အာဟာရဓာတ်တွေက ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။ အခြား အစာခြေစနစ်နဲ့ဆိုင်တဲ့ရောဂါတွေကိုလည်း သက်သာစေပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။

၃) အမြင်အာရုံကောင်းမွန်စေပါတယ်။
ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အမြင်အာရုံကောင်းမွန်စေပြီး ဗီတာမင်အေချို့တဲ့ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးအတွင်းတိမ်ဖြစ်ခြင်းနဲ့ သူငယ်အိမ်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄) သွေးခဲခြင်းဖြစ်နိုင်ချေကိုလည်း လျှော့ကျစေပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ မဂ္ဂနီဆီယမ်ကြောင့် သွေးခဲခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၅) ကြွက်သားသန်မာစေပါတယ်။
ပရိုတင်းကြောင့် ကြွက်သားအတွက်ကောင်းမွန်စေပါတယ်။ သင့်ရဲ့လိုအပ်နေတဲ့ပရိုတင်းဓာတ်ပမာဏကို ဖြည့်တင်းဖို့ လိုမလို မသိနိုင်ပါဘူး။ ပိန္နဲသီးအစေ့ကိုစားပေးခြင်းက သင့်ရဲ့လိုအပ်တဲ့ပရိုတင်းဓာတ်ပမာဏကို ဖြည့်တင်းပြီးသားဖြစ်စေပါတယ်။

၆) အရေးကြောင်းနည်းပါးစေပါတယ်။
Antioxidants တွေပါဝင်တာကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို သက်သာစေပါတယ်။ အရေးအကြောင်းကို လျှော့ကျစေပါတယ်။ နို့အေးနဲ့ ပိန္တွဲသီးအစေ့ကို ကြိတ်ပြီးရောကာ မျက်နှာမှာလိမ်းပေးနိုင်ပါတယ်။ တစ်နေ့မှာ တစ်ကြိမ် ၊ နှစ်ကြိမ်ခန့်လုပ်ပေးနိုင်ပါတယ်။
အရေပြားကိုလည်း တောက်ပစေပါတယ်။ နို့၊ ပျားရည်နဲ့ ပိန္တွဲသီးစေ့ကိုကြိတ်ချေပြီး လိမ်းပေးနိုင်ပါတယ်။ မျက်နှာမှာသုတ်လိမ်းပြီးခြောက်သွားအောင်ထားပြီးမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးခြင်းက အရေပြားကို ကြည်လင်စေပါတယ်။

၇) ဆံသားသန်စွမ်းစေပါတယ်။
ဗီတာမင်အေကြွယ်ဝခြင်းက ဆံသားအတွက်လည်း အကျိုးရှိစေပါတယ်။ ဆံသားပြတ်ထွက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ကြောင့်လည်း ဆံသားကျန်းမာစေပါတယ်။
သံဓာတ်ပါဝင်ခြင်းကြောင့် သွေးလှည့်ပတ်မှုအားကောင်းစေပြီး ဆံသားတွေဆီကို သွေးစီးဆင်းမှုကောင်းမွန်စေပါတယ်။ ထူးဆန်းတာက ပိန္တွဲသီးစေ့က စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ကူညီပေးပါတယ်။ စိတ်ဖိစီးမှုကြောင့်ပဲဖြြစ်ဖစ်၊ ဆံသားမကောင်းလို့ပဲဖြစ်ဖြစ် ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါတယ။်
stylecraze.com/articles/benefits-of-jackfruit-seeds-for-skin-hair-and-health/#gref လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။