ကြက်ဥစားခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ

ကြက်ဥစားခြင်း ကနေ ကောင်းကျိုးတွေအများကြီးရရှိနိုင်ပါတယ်။ ကြက်ဥမှာ vitamin D, Choline, vitamin B6, protein, leucine စတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ကြက်ဥမှာ များစွာသော ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကယ်လိုရီနည်းပါးစွာပါဝင်ပါတယ်။


- ကြက်ဥတွေမှာ ပရိုတင်းဓာတ်များပြားစွာပါဝင်မှုကြောင့် သင့်ကို ပြည့်အင့်စေပါတယ်။ အဲဒါကြောင့် နောက်ထပ် အစာတွေထပ်စားဖို့ အလွန်အကျွံစားသုံးခြင်းမျိုးမဖြစ်စေတော့ပါဘူး။ သင့်ကို ဝိတ်ကျဖို့ကူညီပေးနိုင်ပါတယ်။
- ပရိုတင်းဓာတ်ပေါများစွာပါဝင်ခြင်းက သင့်ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြုပြင်ပေးပြီး ဟော်မုန်းတွေ၊ အင်ဇိုင်းတွေ၊ ခန္ဓာကိုယ်က လိုအပ်တဲ့ဓာတုဓာတ်ပေါင်းတွေကိုဖြစ်ပေါ်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ အရိုးတွေ၊ အရေပြားတွေ၊ ကြွက်သားတွေကို ကျန်းမာဖို့ အထောက်အကူဖြစ်စေပါတယ်။
- ကြက်ဥတစ်လုံးမှာ vitamin D ၁၁ရာခိုင်နှုန်းခန့်ပါဝင်ပြီး vitamin B12 ၁၀ရာခိုင်နှုန်းခန့်ပါဝင်ပါတယ်။
- ကြက်ဥက မျက်လုံးအတွက် ကောင်းမွန်စေတဲ့ lutein နဲ့ zeaxanthine ဆိုတဲ့ antioxidants နှစ်မျိုးလုံးပါဝင်တဲ့အတွက် အသက်အရွယ်အရ ဖြစ်ပေါ်တတ်တဲ့မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။
- ကြက်ဥတစ်လုံးမှာ choline ဓာတ် ၁၁၃ မီလီဂရမ် ပါဝင်တဲ့အတွက် အသက်အရွယ်ကြောင့် ယိုယွင်းလာတဲ့ ဦးနှောက်မှတ်ဉာဏ်နဲ့ အသည်းရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေပါတယ်။
- ကြက်ဥမှာ ကာဗွန်ဓာတ်နဲ့ သကြားဓာတ်များလုံးဝကို မပါဝင်တဲ့အတွက် တစ်နေ့ကို ကြက်ဥတစ်လုံးစားပေးခြင်းက ကျန်းမာရေးအတွက် အထူးအကျိုးရှိစေပါတယ်။
- ကြက်ဥမှာ ကစီဓာတ်လည်း မပါဝင်ပါဘူး။ အဆာပြေအနေနဲ့ဖြစ်ဖြစ်စားခြင်းက ကျန်းမာရေးနဲ့ညီညွှတ်စေနိုင်ပါတယ်။
- ကြက်ဥမှာ အမိုင်နိုအက်ဆစ် ကိုးမျိုးပါဝင်ပါတဲ့အတွက် ကြွက်သားနဲ့ အရိုးတွေကို သန်မာစေပြီး သွေးဖိအားလျော့ကျစေပါတယ်။
ကြက်ဥကို တစ်နေ့မှာ ၃လုံးထိ စားနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ကြက်ဥတွေက သဘာဝကပေးထားတဲ့ အာဟာရနဲ့ပြည့်ဝတဲ့အစားအစာသာဖြစ်ပါတယ်။ ကြက်ဥက ဈေးချိုပြီး ဝယ်ယူရတာလွယ်ကူတဲ့အပြင် ချက်ပြုတ်ရလည်း လွယ်ကူပါတယ်။ အာဟာရနဲ့လည်း ပြည့်ဝပြီး အလွယ်တကူစားသုံးနိုင်တဲ့အစားအစာဖြစ်တဲ့အကြောင်း ဒီဆောင်းပါးလေးနဲ့ဖော်ပြလိုက်ပါတယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။