ပဲနီလေး၊ ပဲဝါလေး စားခြင်းရဲ့ကောင်းကျိုးများ

ကယ်လိုရီနည်းပါးပြီး အာဟာရကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။ ချက်ပြုတ်ရလွယ်ကူပြီး အရသာလည်းရှိတာကြောင့် လူကြိုက်များကြပါတယ်။ ပဲနီလေး၊ ပဲဝါလေး ၂မျိုးစလုံးမှာ တူညီတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေပါတယ်။


၁) ကိုလက်စထရောပါဝင်မှုနည်းပါးခြင်း
သွေးထဲက ကိုလက်စထရောလျှော့ကျစေပြီး ရေမှာပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ပါဝင်ပါတယ်။ သွေးထဲက ကိုလက်စထရော လျှော့ကျစေခြင်းက နှလုံးရောဂါနဲ့ ရုတ်တရက်လေဖြတ်ခြင်းကို ကာကွယ်နိုင်ပြီး သွေးကြောတွေကို သန့်စင်စေပါတယ်။

၂) နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း
အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလျော့နည်းစေပါတယ်။ folate နဲ့ magnesium ကြွယ်ဝမှုကြောင့်နှလုံးကျန်းမာစေပါတယ်။ Magnesium က သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်နဲ့ အောက်ဆီဂျင်တွေကို လိုအပ်တဲ့နေရာတွေကိုရရှိစေပါတယ်။ Magnesium ချို့တဲ့ခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်များစေပါတယ်။

၃) အစာခြေလွယ်စေခြင်း
မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်က ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီး လှုပ်ရှားမှုကို အဆင်မပြေဖြစ်စေပါတယ်။

၅) သွေးထဲက သကြားဓာတ်ကိုထိန်းပေးနိုင်ခြင်း
သွေးထဲက သကြားဓာတ်ကိုထိန်းပေးနိုင်ခြင်းကြောင့် ဆီးချိုရောဂါကို အထောက်အကူဖြစ်စေပါတယ်။

၆) စွမ်းအင်တိုးစေခြင်း
သံဓာတ်ပါဝင်ခြင်းကြောင့် သွေးအားကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလိုအပ်တဲ့အောက်ဆီဂျင်ပမာဏကို ရရှိစေပါတယ်။ အဲဒါကြောင့် ဇီဝကမ္မဖြစ်ပျက်မှုကို အားပေးပြီး စွမ်းအင်ထုတ်လုပ်ဖို့ကူညီပေးပါတယ်။

၇) ဝိတ်ကျစေခြင်း
အမျှင်ဓာတ် ၊ ပရိုတင်း နဲ့ အခြားသော သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေလည်းပါဝင်ပါတယ်။ ကယ်လိုရီနည်းပါးပြီး အဆီဓာတ်မပါဝင်ပါဘူး။ ပဲနီလေးတစ်ခွက်စာမျာ ကယ်လိုရီ ၂၃၀သာပါဝင်တာကြောင့် ဗိုက်ပြည့်နေစေပြီး မကြာခဏဗိုက်ဆာခြင်းမှ ကင်းဝေစေပါတယ်။
https://www.catherineannisyoga.co.uk/…/လင့်မှဘာသာပြန်ဖော်ပြ…။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။