ဖလံတောင်ဝှေးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ဖလံတောင်ဝှေးကို ခုလိုရာသီမှာ အစားများကြပါတယ်။ ဖလံတောင်ဝှေးကို ဓားပြားရိုက်ကာ ထုချေပြီး ပုဇွန်ခြောက်လေးနဲ့ဖြစ်ဖြစ်ကြော်စားတတ်ကြပါတယ်။ ဖလံတောင်ဝှေးမှာ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။
နှမ်းဆီစစ်စစ်နဲ့ကြော်စားခြင်းက ချောင်းဆိုးရောဂါနဲ့ နှလုံးရောဂါကြောင့် နှလုံးတုန်ခြင်းကို သက်သာစေပြီး နှလုံးကျန်းမာစေတယ်လို့ ရှေးလူကြီးတွေဆိုကြပါတယ်။
၂) နို့်တိုက်မိခင်နို့်ထွက်စေကောင်းစေခြင်း
ဖလံတောင်ဝှေးကို ဓားပြားရိုက်ပြီး ဟင်းခါးချက်သောက်ခြင်းအားဖြင့် ကလေးမိခင် နို့ထွက်ကောင်းစေတယ်လို့ဆိုပါတယ်။
၃) အစာခြေလွယ်စေခြင်း
အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် ဖလံတောင်ဝှေးကိုစားပေးခြင်းအားဖြင့် အစာခြေလွယ်စေခြင်းနဲ့ လေထိုးလေအောင့်၊ အစာအိမ်ပြဿနာတွေကို မဖြစ်စေဘဲ ဝမ်းချုပ်ခြင်းကိုလည်းသက်သာစေပါတယ်။ သန်ကျစေတယ်လို့လည်းဆိုကြပါတယ်။
၄) ပန်းနာရင်ကြပ်သက်သာစေခြင်း
ဖလံတောင်ဝှေးကိုပြုတ်ပြီးရလာတဲ့အရည်ကိုသောက်ပေးခြင်းဖြင့် ပန်းနာရင်ကြပ်ရောဂါကိုသက်သာစေနိုင်ပါတယ်။
၅) အအေးမိနှာစေးနှာပိတ်သက်သာစေခြင်း
အအေးမြိပီး နှာစေးနှာပိတ်သက်သာစေဖို့အတွက် ဖလံတောင်ဝှေးကို ဂျင်း၊ နှမ်းဆီစစ်စစ်တို့ဖြင့် ရောကြော်စားပေးခြင်းအားဖြင့်လည်း သက်သာစေတယ်လို့ဆိုကြပါတယ်။
၆) သွေးတွင်းကိုလက်စထရောကျစေခြင်း
ဖလံတောင်ဝှေးကို ကြက်သွန်ဖြူဖြင့်ရောကာ ကြော်စားချက်စားပေးခြင်းအားဖြင့် သွေးထဲက ကိုလက်စထရောကျစေပါတယ်။