ပဲက္ကတီပါစားခြင်းရဲ့ကောင်းကျိုးများ

ပဲက္ကတီပါပဲကို (kidney bean) လို့ခေါ်ကြပြီး ကျန်းမာရေးနဲ့ညီညွှတ်တာကြောင့် UKနဲ့ US မှာ အရမ်းကိုလူသိများ၊ အစားများကြပါတယ်။ ကျောက်ကပ်အတွက်လည်းအကျိုးရှိစေသလို အခြားသောအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ပဲက္ကတီပါစားခြင်းရဲ့ကောင်းကျိုးတွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


၁) ဦးနှောက်မှတ်ဉာဏ်တိုးစေပါတယ်။
ဖောလိတ်ဓာတ်ပါဝင်တာကြောင့် အာရုံကြောအတွက်လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရ ဖောလိတ်ဓာတ်ချို့တဲ့ခြင်းဟာ homocysteine levels ကိုတိုးလာစေပါတယ်။ ထိုဓာတ်ကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအများကြီးဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ၊ အင်ဇိုင်းမား၊ ပါကင်ဆန်ရောဂါ။ ပဲက္ကတီပါတစ်ပန်းကန်စာစားခြင်းက ဖောလိတ်ဓာတ် 64 % ခန့်ရရှိစေနိုင်ပါတယ်။
၂) နှလုံးကျန်းမာရေးအတွက်ကူညီနိုင်ပါတယ်။
Homocysteine ပမာဏကို ထိန်းချုပ်ပေးနိုင်ခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့အခြားသောသွေးကြောဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ထိုရောဂါတွေက နှလုံးရောဂါရှိတဲ့သူတွေနဲ့ဆက်စပ်ပြီးဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ သွေးထဲမှာ ဖောလိတ်ဓာတ်နည်းခြင်းက ထိုရောဂါတွေဖြစ်ပေါ်နိုင်ခြေများပါတယ်။ မဂ္ဂနီဆီယမ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် တစ်ခွက်စာစားသုံးခြင်းမှာ 24% ခန့်ပါဝင်နိုင်ပါတယ်။ သွေးကြောတွေကိုပြေလျော့စေပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။
၃) antioxidant ပေါကြွယ်ဝစွာပါဝင်ပါတယ်။
တစ်ခွက်စာစားသုံးခြင်းမှာ 48%သော သတ္တုဓာတ်၊ မဂ္ဂနီဆီယမ် နဲ့ အခြားသော antioxidant တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။
၄) သွေးဖိအားကို ထိန်းညှိုပေးနိုင်ပါတယ်။
ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆိုဒီယမ်နည်းပါးစွာပါဝင်ပါတယ်။ အဲဒါကြောင့် သွေးကြောတွေကိုပြေလျော့စေပြီး သွေးဖိအားကိုထိန်းညှိုပေးနိုင်ပါတယ်။
၅) အစာခြေစနစ်အတွက်ကောင်းမွန်စေပါတယ်။
အမျှင်ဓာတ်ပါဝင်တာကြောင့် တစ်ခွက်စာမှာ အမျှင်ဓတ် ၁၉ ဂရမ်ခန့်ရရှိစေနိုင်ပါတယ်။ အမျိုးသားတွေက ၃၈ဂရမ်ခန်လိုအပ်ပြီး အမျိုးသမီးတွေက ၂၅ဂရမ်ခန့်လိုအပ်တာကြောင့် အမျှင်ဓာတ်ရရှိစေဖို့ စားသုံးပေးနိုင်ပါတယ်။ အူမကြီးလုပ်ဆောင်မှု့ကိုကောင်းမွန်စေတာကြောင့် အစာခြေနစ်ကိုကောင်းမွန်စေပါတယ်။
၆) ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။
ပဲကတ္တီပါတစ်ခွက်မှာ ပရိုတင်း ၁၅ဂရမ်ပါဝင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ amino acids ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ကြွက်သားတည်ဆောက်မှု့အတွက်မရှိမဖြစ်အရေးပါပါတယ်။
၇) သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။
သကြားဓာတ်စုပ်ယူမှုနှေးတာကြောင့် သွေးထဲမှာ သကြားဓာတ်များခြင်းကိုထိန်းချုပ်ပေးနိုင်ပါတယ်။
https://www.dovemed.com/healthy-living/natural-health/7-health-benefits-of-navy-bean/

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။