စတော်ဘယ်ရီစားသုံးခြင်းရဲ့ကောင်းကျိုးများ

စတော်ဘယ်ရီသီးက ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့အသီးတွေထဲက အသီးတစ်မျိုးပါပဲ။ ဒါပေမယ့် သူ့ရဲ့ ကျန်းမာရေးအတွက်ကောင်းစေတဲ့ အဓိက စွမ်းအင်တွေ၊ အာဟာရဓာတ်တွေက ဘာတွေလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။


Vitamin C
စတော်ဘယ်ရီသီးမှာ လိမ္မောသီးထက်တောင် ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါသေးတယ်။ ဗီတာမင်စီက ကျန်းမာရေးအတွက် အရမ်းကို ကောင်းကျိုးဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားတိုးစေပြီး သင့်ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူမှု ပိုမိုအားကောင်းစေပါတယ်။ အရိုးနဲ့ အရွတ်တွေရဲ့လုပ်ဆောင်ကိုပိုကောင်းစေနိုင်ပြီး ကော်လိပ်ဂျင်တွေကို ဖြစ်ပေါ်စေပါတတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဗီတာမင်စီက စိတ်ပူပန်မှုတွေကို လျော့ကစေပြီး စိတ်အာရုံခံစားချက်တွေကိုတောင် မြင့်တင်ပေးနိုင်ပါသေးတယ်။
ဖောလစ်အက်ဆစ် (Folic Acid)
စတော်ဘယ်ရီမှာ ဖောလိတ်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဖောလိတ်ဆိုတာက ဖောလစ်အက်ဆစ် ဒါမှမဟုတ် ဗီတာမင် ဘီနိုင်းလို့လည်း ခေါ်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် နည်းလမ်းပေါင်းစုံကနေ အရေးပါပါတယ်။
ကျန်းမာစေတဲ့ဆဲလ်အသစ်တွေကို ကြီးထွားဖွံ့ဖြိုးစေပြီး ကိုယ်ဝန်ဆောင်တွေ မီးဖွားချိန်မှာ သန္ဓေသားရဲ့အာရုံကြောဆိုင်ရာရောဂါဖြစ်ပွားမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ အချို့သော ကင်ဆာရောဂါတွေကိုတောင် လျော့ကျစေနိုင်တယ်လို့ အမေရိကန်ဆေးဝါးဆိုင်ရာအဖွဲ့အစည်း (American Medical Association) က ဖော်ပြခဲ့ပါတယ်။
ပိုတက်ဆီယမ် (Potassium)
စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့အခြားသော ဓာတ်တစ်မျိုးကတော့ ပိုတက်ဆီယမ်ဓာတ်ပါပဲ။ ပိုတက်ဆီယမ်က ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်ကို ထိန်းသိမ်းပေးနိုင်ဖို့ ကူညီပေးပါတယ်။ အာရုံကြောဆဲလ်တွေနဲ့ ကြွက်သားတွေရဲ့လုပ်ဆောင်ချက်အတွက်အရေးပါတဲ့ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။
အမျှင်ဓာတ် (Fiber)
စတော်ဘယ်ရီဖျော်ရည်တစ်ခွက်မှာ အမျှင်ဓာတ် ၃ဂရမ်တောင်ပါဝင်ပါတယ်။ အမျှင်ဓာတ်က အစာခြေစနစ်အတွက်ကောင်းမွန်စေပြီး ဝိတ်ကျဖို့လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ ကိုလက်စထရောတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အဲဒါကြောင့် အမျှင်ဓာတ်က ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
ဓါတ်တိုးကာကွယ်ဓါတ် (antioxidants )
အပင်တွေကို အခြေခံပြီး ဖြစ်လာတဲ့ အစားအစာတွေမှာ ဓါတ်တိုးကာကွယ်ဓါတ် (antioxidants ) တွေပေါများစွာပါဝင်ပါတယ်။ စတော်ဘယ်ရီမှာလည်း ပေါများစွာပါဝင်ပါတယ်။ ထိုဓာတ်က နှလုံးနဲ့ ကင်ဆာရောဂါအချို့ဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။
မဂ္ဂနိစ် (Manganese )
စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ဓာတ်တွေထဲမှာ ချန်ထားလို့မဖြစ်တဲ့ဓာတ်တစ်မျိုးကလည်း မဂ္ဂနစ်ဓာတ်ပါပဲ။
ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ကျန်းမာမှုကို မြင့်တင်ပေးနိုင်ပါတယ်။ အဆီတွေကို လောင်ကျွမ်းစေပြီး ပရိုတင်းဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကို ချေဖျက်ရာတွင် ကူညီပေးနိုင်ပါတယ်။
https://www.oola.com/life-in-flavor/2423072/the-many-health-benefits-of-strawberries/?_fc=2423072&utm_campaign=rola-opin-m-us-69012300&utm_source=opin
လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။