သင့်ရဲ့အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့အစားအစာ ၄မျိုး

ဗီတာမင်ဓာတ်တွေက သင့်ရဲ့ယေဘုယျကျန်းမာရေးအခြေအနေကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် အချို့သောအစားအစာတွေက သင့်ရဲ့အကြားအာရုံကိုပိုကောင်းစေတဲ့အစွမ်းရှိပါတယ်။ သတ္တုဓာတ်ကြွယ်ဝတာ၊ ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေက သင့်ရဲ့အကြားအာရုံကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်အဓိကျပြီး ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ အကြားအာရုံကောင်းမွန်စေတဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာများ

ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ရဲ့တစ်ရှုးနဲ့သွေးထဲက အရည်တွေကိုထိန်းပေးပါတယ်။ နားအတွင်းပိုင်းက အရည်လေးတွေအတွက် အရေးပါပါတယ်။ နားအတွင်းပိုင်းက နားရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပြီး ကျွန်တော်တို့ကြားတဲ့အသံတွေကို ဦးနှောက်ဆီပို့ပေးပြီး ဦးနှောက်ကနေတဆင့် အသံကိုအဓိပ္ပါယ်ကောက်ပါတယ်။ ထိုနားအတွင်းပိုင်းက ပိုတက်ဆီယမ်ဓာတ်ကို ရရှိမှုပေါ်မူတည်ပြိး အသံကို ကြားနိုင်ခြင်းဖြစ်ပေါ်စေတာမို့ အကြားအာရုံအတွက် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသောအစားအစာက အရေးကြီးပါတယ်။
အသက်အရွယ်အိုမင်းလာတဲ့အခါ အကြားအာရုံအလိုလိုအားနည်းလာနိုင်ပါတယ်။ presbycusis လို့ခေါ်တဲ့ အကြားအာရုံဆုံးရှုံးခြင်းမျိုးဖြစ်နိုင်ပါတယ်။
ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာတွေကတော့ ငှက်ပျောသီး၊ ထောပတ်သီး၊ အားလူး။ ဟင်းနုနယ်၊ သခွားမွှေး၊ နို့၊ လိမ္မော်သီး၊ စပျစ်သီးခြောက်၊ ခရမ်းချဉ်သီး ၊ ဒိန်ချဉ်နဲ့ ပဲထောပတ်တို့ဖြစ်ပါတယ်။

၂) ဖောလစ်အက်ဆစ်ကြွယ်ဝသောအစားအစာများ

လေ့လာချက်တွေအရ ဖောလစ်အက်ဆစ်ဓာတ်က ခန္ဓာကိုယ်အတွက် အကျိုးအများကြီးရှိပြီး ဆဲလ်အသစ်တွေကြီးထွားဖို့ အထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်သူတွေမှာ ဖောလစ်အက်ဆစ်ဓာတ်လျော့ကျတဲ့အခါ အကြားအာရုံဆုံးရှုံးခြင်း presbycusis ရောဂါပိုပြီးဖြစ်နိုင်ချေများပါတယ်။ လေ့လာသူတွေက ဖောလစ်အက်ဆစ်ဓာတ်က အကြားအာရုံဆုံးရှုံးခြင်းကိုလည်း နှေးစေတယ်လို့ပြောပြကြပါတယ်။ ဟော်မုန်းတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် ခန္ဓာကိုယ်က ဖောလစ်အက်ဆစ်ကို အသုံးပြုရပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။ နားအတွင်းပိုင်းက ဆဲလ်တွေအတွက် အရေးကြီးတဲ့ဏ္ဍကနေ ပါဝင်ပါတယ်။ ဖောလိတ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက အသား၊ ကညွှတ်၊ ပန်းပွင့်စိမ်း နဲ့ ဟင်းနုနယ်ရွက်တို့ဖြစ်ပါတယ်။

၃) ဇင့်ဓာတ်ကြွယ်ဝသောအစားအစာများ

ဇင့်ဓာတ်က သင့်ရဲ့ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးစေပြီး ဆဲလ်အသစ်ကြီးထွားခြင်းနဲ့ အနာတွေကို ကျက်စေပါတယ်။ သင့်နားအတွင်းပိုင်းကို ပိုးမွှားတွေကြောင့် အနာဖြစ်ခြင်းကို သက်သာစေဖို့အကူအညီပေးပါတယ်။ ဇင့်ဓာတ်ကြွယ်ဝသောအစားအစာများကတော့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဗံဒါစေ့၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဆင်ခေါင်းပဲ၊ ကရိန်းဘယ်ရီသီးခြောက် တို့ဖြစ်ပါတယ်။

၄) မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝသောအစားအစာများ

မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝသော အစားအစာများက သင့်ရဲ့အကြားအာရုံချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာသူတွေက မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝသောအစားအစာတွေမှာပါဝင်တဲ့ free radicals တွေက နားအတွင်းပိုင်းမှာရှိတဲ့အမှေးပါလေးတွေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ချို့တဲ့ခြင်းက နားအတွင်းပိုင်းမှာ ရှိတဲ့ သွေးကြောတွေကို ကျုံ့စေပြီး အောင်ဆီဂျင်ကင်းမဲ့မှုဖြစ်စေနိုင်ပါတယ်။
မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝသော အစားအစာများကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ၊ ငှက်ပျောသီး၊ အားလူး၊ ဟင်းနုနယ်၊ ခရမ်းချဉ်၊ ပန်းပွင့်စိမ်းတို့ဖြစ်ပါတယ်။
https://www.health24.com/Medical/Hearing-management/News/4-foods-that-can-improve-your-hearing-20180518 လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။