နှစ်သစ်မှာ အားပေးသင့်သောစကားများ

နှစ်သစ်မှာ ဘာတွေ အစီအစဉ်ချမှတ်ထားပြီးပြီလဲ။ နှစ်သစ်ရောက်လို့ Happy new year! လို့အော်လိုက်ရုံနဲ့ နောက်ထပ်ရောက်လာမယ့်နှစ်သစ်က ပျော်စရာကောင်းသွားမှာ မဟုတ်ပါဘူးနော်။ အဓိကက သင်ကိုယ်တိုင်ပါပဲ။ သင့်ရဲ့နှစ်သစ်ကို ဘယ်လိုစိတ်ထား၊ ဘယ်လိုရည်မှန်းချက်တွေနဲ့ သင်ဖြတ်သန်းမလဲဆိုတာ အရေးကြီးပါတယ်။ နှစ်သစ်မှာ နှစ်ဟောင်းက လုပ်ခဲ့တာတွေ၊ မှားခဲ့တာတွေ၊ မဖြစ်မြောက်ခဲ့တာတွေကို ပြန်တွေးပြီး နောင်တရနေလို့ဘာမှမထူးတော့ပါဘူး။ အဲဒါကြောင့် ရောက်လာမယ့်နှစ်သစ်မှာ သင့််ကိုသင်အားပေးတဲ့စကားတွေနဲ့ နှစ်သိမ့်လိုက်ပြီး နှစ်သစ်မှာ နှစ်ဆကြိုးစားဖို့အားခဲထားလိုက်ပါ။ ကဲ….ဘယ်လိုစကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အားပေးမလဲဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ဖြစ်ပြီးတာတွေကို ပြန်မတွေးနဲ့တော့။ ခုလက်ရှိအကောင်းဆုံးကြိုးစားမယ်။
၂၀၁၉ တစ်နှစ်လုံးကိုပြန်တွေးကြည့်ရင် “ငါဘာမှမဖြစ်မြောက်ခဲ့ပါလား…” “ငါအချိန်တွေအလကားဖြုန်းခဲ့ပါလား” “ငါမှားခဲ့ပါလား”ဆိုပြီးတသသခံစားမနေပါနဲ့တော့။ ခုလက်ရှိအချိန်ပါ ပုပ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ဖြစ်ပြီးခဲ့တာတွေကို မတွေးနဲ့တော့။ ခုလက်ရှိအချိန်မှာ လုပ်နိုင်တာကိုလုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ်အားပေးပါ။

၂) အဆိုးတွေအားလုံးထားခဲ့မယ်။
၂၀၁၉ မှာ အဆိုးတွေအားလုံးထားခဲ့မယ်လို့တွေးပါ။ လူမှုရေးမှာ ကိုယ့်အတွက် ဆိုးကျိုးဖြစ်စေတဲ့လူတွေကိုထားခဲ့မယ်၊ ငွေကြေးအရ ကိုယ့်ကိုထိခိုက်စေပြီး ဆိုးကျိုးဖြစ်စေတဲ့လူတွေကို ရှောင်ကျဉ်မယ်၊ ကိုယ့်ရဲ့အချိန်တွေကို အလကားကုန်ဆုံးစေမယ့်သူတွေကို အတတ်နိုင်ဆုံးရှောင်မယ်။ ကိုယ့်အပေါ် ဆိုးဝါးတဲ့အတွေးအမြင်တွေဖြစ်စေတဲ့သူ အကျင့် အတွေးအခေါ်စသငဖြင့် အားလုံးကို နှစ်သစ်မှာမယူသွားပါနဲ့။

၃) စိတ်သစ်လူသစ်နဲ့ပြန်စမယ်။
မဖြစ်မြောက်ခဲ့တာတွေအတွက် Plan အသစ်ဆွဲမယ်။ မနက်ဖြန်တိုင်းက သင့်အတွက်အခွင့်အရေးပါပဲ။ သင်တကယ်ကြိုးစားဖို့သာလိုတာပါနော်။ မနက်ဖြန်တိုင်းက အခွင့်အရေးပါပဲလို့တွေးပြီး သင်ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒီ့တော့ တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ အတိတ်ကဘာတွေပဲဖြစ်ဖြစ် ခုလာမယ့်နှစ်သစ်မှာတော့ အသစ်တွေနဲ့အားလုံးကို သေချာပြန်ကြိုးစားမယ်လို့ အားတင်းပါ။

၄) ထိရောက်စွာကြိုးစားမယ်။
နှစ်သစ်မှာ အစီအစဉ်သေချာဆွဲမယ်၊ ဘယ်အစီအစဉ်ကိုတော့ ဘယ်အချိန်မှာ ပြီးဆုံးအောင်လုပ်မယ်ဆိုပြီး အချိန်သတ်မှတ်မယ်။ ထိရောက်စွာ ကြိုးစားမယ်လို့ ကိုယ့်ကိုယ်ကိုယ်အချိန်တိုင်းသတိပေးပါ။

၅) ပိုပြီးပျေ်ာရွှင်ဖို့ကြိုးစားနေထိုင်မယ်။
နှစ်တစ်နှစ်ကုန်ဆုံးသွားတယ်ဆိုတာ တကယ်တော့ အသက်တစ်နှစ်ပိုကြီးသွားတာပါ။ အသက်တစ်နှစ်ပိုကြီးလေ ယေဘုယျအားဖြင့် သေဆုံးဖို့ ပိုနီးသွားလေလို့ တွေးနိုင်ပါတယ်။ အဲဒီ့တော့ ထိုင်ပြီး အချိန်အလကားဖြုန်းနေလို့၊ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပိုပြီးပျော်ရွှင်တဲ့ အဓိပါ္ပယ်ပြည့်ဝတဲ့ဘဝဖြစ်ဖို့ ကြိုးစားနေထိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်တွေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။