အတတ်နိုင်ဆုံး သင့်အသုံးစရိတ်ကို သက်သာစေနိုင်သောနည်းလမ်းများ

သင့်ရဲံအသုံးစရိတ်တွေကို ထိန်းချုပ်လို့မရဘူးဖြစ်နေတယ်၊ ဘာတွေကုန်မှန်းမသိပေမယ့် လက်ထဲမှာ ငွေမကျန်ဘဲ ပြိုက်ခနဲကုန်သွားတတ်တယ်ဆိုရင်တော့ သင့်ငွေအသုံးကို သေချာဆန်းစစ်ဖို့လိုနေပါပြီ။ အဲဒါကြောင့် သင့်လက်ထဲမှာ ရှိတဲ့ငွေကို ဘယ်လိုမျိုး အသက်သာဆုံးဖြစ်အောင် သုံးမလဲဆိုတာမျိုးကိုလည်း သင်စဥ်းစားရပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ ငွေကြေးနဲ့ပတ်သက်ရင် မုန့်လုံးစက္ကူကပ်နေသလို ဒုံရင်းကဒုံရင်းပဲဖြစ်နေပြီး ဘယ်တော့မှ ငွေပိုငွေလျှံရယ်လို့ရှိမှာမဟုတ်ပါဘူး။


၁)လိုချင်တာတွေ့တဲ့အခါ စျေးချင်းယှဥ်ပြီး ပိုသက်သာတာကိုရွေးပါ။
လိုချင်တာရှိလို့ဝယ်မယ်ဆုံးဖြတ်ထားတဲ့အခါ ကိုယ်ဝယ်မယ့်ပစ္စညးရဲ့ စျေးအလျော့အတင်း ၊ ကိုယ့်ဝယ်မယ့်ပစ္စည်းရဲ့ အနည်းဆုံးနဲ့ရနိုင်မယ့်စျေးကို ပိုပြီး လေ့လာနိုင်ဖို့လိုပါတယ်။ စျေးချင်းယှဥ်ပြီးပိုသက်သာတဲ့စျေးကိုရွေးဝယ်တာမျိုးပေါ့။ လိုချင်လို့ မျက်လုံးမှီတ်ပြီး စျေးမကြည့်ဘဲဝယ်လိုက်တာမျိုးထက် အထက်ပါနည်းလမ်းအတိုင်းဝယ်ယူခြင်းကလည်း သင့်ရဲ့အသုံးစရိတ်ကို သက်သာစေတာပါပဲ။

၂) Second Hand သုံးလို့ရရင်သုံးပါ။
ကိုယ့်အတွက် Second Hand ပစ္စည်းသုံးလို့ရရင် ၊ ဒါမှမဟုတ် Second Hand သုံးလို့အဆင်ပြေနိုင်တဲ့နေရာမျိုးမှာ အသစ်ကိုစျေးပေးပြီးဝယ်မယ့်အစား Second Hand သာဝယ်သုံးလိုက်တာပိုကောင်းပါတယ်။ အဲဒါဆို ကိုယ်လည်းအဆင်ပြေ၊ အသုံးစရိတ်လည်းသက်သာစေပါတယ်။ တချို့ Second hand တွေက အသစ်နီးပါးရှိပြီး စျေးလည်းသက်သာပါတယ်။ သေချာဝေးဝယ်တတ်ရင် သင့်အသုံးစရိတ်ကိုသက်သာနိုင်ပါတယ်။

၃) အကြွေးမယူပါနဲ့။
အကြွေးကဒ်တွေသုံးတာက သင့်ကိုလွယ်လွယ်အကြွေးတင်စေပါတယ်။ အဲဒီ့အခါ လက်ထဲရှိတဲ့ငွေလည်း သုံးမိ၊ အကြွေးကဒ်နဲ့လည်း လွယ်လွယ်သုံးမိတာကြောင့် အကြွေးတစ်ခါထပ်တင်စေပါတယ်။ အဲဒါကြောင့် ကိုယ်လက်ထဲရှိတဲ့ငွေနဲ့ ချွေတာသုံးတတ်အောင်ကျင့်ယူပါ. အကြွေးလွယ်လွယ်သုံးတတ်ခြင်းကလည်း အကျင့်တစ်ခုလိုဖြစ်သွားတတ်ပါတယ်။

၄) ကိုယ်ရှာနိုင်တာထက် ပိုမသုံးမိပါစေ။
လူအများကြွား ထင်ပေါ်ချင်တာ၊ လူများတန်းတူ ဝတ်ချင်စားချင်စိတ်က ကိုယ်ရှာနိုင်တာထက် ကျော်လွန်သွားတဲ့အသုံးစရိတ်တွေဖြစ်လာစေပါတယ်။ ဘယ်သူကိုမှ နှိုင်းယှဥ်ဖို့ မလိုဘဲ ကိုယ့်ရဲ့ဝင်ငွေနဲ့ ကိုယ်အသုံးစရိတ်ကိုသာ ချိန်သုံးရမှာဖြစ်ပါတယ်။ အခြားသူတွေနဲ့သင်နဲ့က ဘဝချင်းမတူနိုင်သလို၊ ဝင်ငွေချင်းလည်းမတူနိုင်ပါဘူး။ အဓိကက ကိုယ်ရှာနိုင်တာထက် ပိုမသုံးမိဖို့သာအရေးကြီးပါတယ်။

၅) ကြွားဝါဖို့ထက် ရိုရှင်းစွာသာရှင်သန်ပါ။
ကိုယ့်မှာရှိတာလေးနဲ့ လှအောင်ဝတ်ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်နော်။ အဲဒီလို ကိုယ့်မှာရှိတာနဲ့ အဆင်ပြေအောင် သုံးတတ်ခြင်းက ကိုယ့်အတွက် အကြွေးကြောင့်ပူပန်ရတာမျိုးမရှိလို့ အင်မတန်မှ အေးချမ်းပါတယ်။ အဲဒါအပြင် ကိုယ့်ရဲ့အသုံးစရိတ်ကို ချွေတာပြီးသားလည်းဖြစ်စေပါတယ်။

၆‌) အလုပ်ပိုလုပ်နိုင်မယ့်အခွင့်အလမ်းကိုမျက်ခြေမပြတ်ပါစေနဲ့။
အလုပ်ပိုလုပ်နိုင်မှ ပိုပြီးဝင်ငွေတိုးမှာ ဖြစ်ပါတယ်။ ဝင်ငွေပိုတိုးမှ ကိုယ့်အတွက် ပိုပြီး အဆင်ပြေလာမှာဖြစ်တဲ့အတွက် အလုပ်လုပ်နိုင်မယ့်အခွင့်အရေးကို ပိုရှာပါ။ အလုပ်ဟူသမျှဂုဏ်ရှိစွလို့ ခံယူပြီး ကိုယ့်အတွက်ဝင်ငွေတိုးမယ်ဆိုရင် အချိန်ပိုင်းအလုပ်တွေပဲဖြစ်ဖြစ် ထပ်တိုးလုပ်နိုင်အောင်ကြိုးစားပါ။ အဲဒါကလည်း တနည်းအားဖြင့် သင့်အသုံးစရိတ်သုံးဖို့အချိန်မရှိတော့ဘဲ ဝင်ငငွေသာပိုတိုးလာစေမှာပါ။

၇) Brand ဖြစ်ရမှာထက် ကိုယ်နဲ့အဆင်ပြေရာသာဝယ်ပါ။
ဘာ Brand ဖြစ်မှဝတ်ချင်တာ၊ သုံးချင်တာက ကိုယ့်ရဲ့စိတ်ပါပဲ။ ကိုယ်နဲ့အဆင်ပြေရင် Brand မှမဟုတ်ဘဲ အဆင်ပြေမှာပါ။ တခါတလေ Brand ဖြစ်ပေမယ့်လည်း ကိုယ်နဲ့အဆင်မပြေဖြစ်နိုင်တာပါပဲ။ အဲဒါကြောင့် Brand ဖြစ်ဖို့ထက် ကိုယ်နဲ့အဆင်ပြေ၊ ကိုယ့်ရဲ့ဝင်ငွေနဲ့အဆင်ပြေတဲ့အသုံးစရိတ်ဖြစ်ဖို့သာ အရေးကြီးပါတယ်။
လူတစ်ယောက်ရဲ့ဘဝတိုးတက်ဖို့အဓိကအချက်တွေထဲမှာ ကိုယ့်ရဲ့ဝင်ငွေကို ပိုတိုးအောင်ကြိုးစားတတ်ခြင်းနဲ့ ကိုယ့်ဝင်ငွေကို သေချာစိစစ်အသုံးချတတ်ခြင်းကလည်း အရေးကြိးတဲ့အချက်ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝရေရှည်တိုးတက်ဖို့ အမှီအခိုမရှိဘဲ ကြိုးစားမယ်ဆိုရင် ကိုယ့်ဝင်ငွေထက် ပိုမသုံးဘဲ ကိုယ့်ဝင်ငွေကို သေချာသုံးစွဲတတ်နိုင်ဖို့ အတတ်နိုင်ဆုံးချွေတာနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။ စာဖတ်သူတွေလည်း ဘယ်လိုနည်းလမ်းမျိုးနဲ့ ငွေကို ချွေတာသုံးတတ်လဲဆိုတာမန့်သွားခဲ့ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။