ငွေသုံးနည်းလမ်းညွှန်

“Money is a great servant but a bad master” ဆိုတဲ့စကားလိုပဲ ငွေဆိုတာ သုံးတတ်ရင် ကျွန်၊ မသုံးတတ်ရင် သခင်ဆိုးဖြစ်တတ်ပါတယ်။ ငွေကိုစနစ်တကျသုံးစွဲတတ်မယ်ဆိုရင် ငွေက သင့်အတွက် အားလုံးကိုစေခိုင်းနိုင်မယ် ကျွန်ကောင်းဖြစ်နိုင်သလို၊ မသုံးမချတတ်ရင်တော့ သင့်ကိုပြန်ခိုင်းသွားမယ့် သခင်ဆိုးပဲဖြစ်ပါတယ်တဲ့။ မှန်ပါတယ်။ ငွေကို အသုံးနဲ့အဖြူန်းမကွဲတာ၊ ငွေကြောင့် ဘဝမှာဒုက္ခရောက်ရတဲ့လူတွေလည်း အများကြီးပါပဲနော်။ အဲဒါကြောင့် ငွေကိုဘယ်လိုစနစ်တကျသုံးစွဲမလဲဆိုတာ ဘဝတစ်ခုလုံးအတွက် အရေးကြီးတဲ့အသိပညာဖြစ်ပါတယ်။


၁) ဝင်ငွေထက်ပိုမသုံးပါနဲ့။
သင့်ရဲ့တစ်လဝင်ငွေထက် ငွေကိုပိုသုံးခြင်းဟာ ငွေက လိုငွေပြလာမှာပါ။ ငွေလိုလာတဲ့အခါ လွယ်လွယ်ရတဲ့ဆီက ချေးငှားမယ်ဆိုရင် သင့်အတွက် အကြွေးတွေတင်လာပါလိမ့်မယ်။ အကြွေးသံသရာထဲနစ်သွားတဲ့အခါ ဘယ်တော့မှ ပြန်လွတ်မြောက်မယ်မသိနိုင်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့ကိုယ်ပိုင်ဝင်ငွေထက် ပိုမသုံးမိဖို့ကလည်း သိထားသင့်တဲ့အချက်ပါပဲ။

၂) ဝယ်ပြီးတန်ဖိုးကျသွားတတ်တဲ့အရာတွေကို ဈေးကြီးပေးမဝယ်ပါနဲ့။
တကယ်တမ်း ကြီးပွားချမ်းသာအောင်မြင်သူတွေဟာ သူတို့အရည်အချင်းနဲ့ လူတွေသိအောင်ပဲ၊ လူတွေအားကျအောင်ပဲ ကြိုးစားကြတာပါ။ အပေါ်ယံပစ္စည်းတွေပြပြီး လူအထင်ကြီးအောင်လုပ်တယ်ဆိုတာက လူလိမ်တွေနဲ့ လူညံ့သာတွေးတာပါ။ (လူမြင်တင့်တယ်ရုံ သာမန်လို ဝတ်စားတတ်ကြပါတယ်) ပြင်ပဆိုင်ရာပစ္စည်းတွေ ရုပ်ဝတ္ထုပစ္စည်းတွေနဲပ အထင်ကြီးအောင် လုပ်ခြင်းက ပိုပြီးအကြွေးနွံ့ထဲနစ်စေနိုင်ပါတယ်။ အဲဒါအပြင် လူအထင်ကြီးဖို့သက်သက် ကိုယ့်ရဲ့ဝင်ငွေထက်များပြီး ဝယ်ပြီးတာနဲ့တန်ဖိုးကျဆင်းသွားမယ့်ပစ္စည်းတွေကိုမဝယ်သင့်ပါဘူး။

၃) ငွေကိုပြန်ပြီးရင်းနှီးမြုပ်နှံဖို့ကြိုးစားပါ။
နောက်တစ်ခုကတော့ ရသမျှ ငွေကို အကုန်သုံးလိုက်တာပါပဲ။ ငွေရသမျှ သုံးလိုက်၊ ငွေပြန်ရှာလိုက်နဲ့သံသရာလည်နေတာမို့ ဒီဘဝက မလွတ်တော့ပါဘူး။ ရသမျှ ငွေကိုချွေတာသုံးပြီး ပြန်လည်ရင်းနှီးမြုပ်နှံဖို့စဉ်းစားသင့်ပါတယ်။ အဲဒါမှ ငွေဝင်ပေါက်တွေတိုးလာမှာဖြစ်ပါတယ်။

၄) လွယ်လွယ်ချေးမသုံးမိပါစေနဲ့။
ငွေရှိနေတဲ့အခါ လွယ်လွယ်သုံးတယ်၊ ငွေကုန်သွားတဲ့အခါ လွယ်လွယ်ချေးသုံးတယ် အဲဒါက သင့်ဘဝကို နွံ့နစ်နေအောင်လုပ်နေတဲ့အကျင့်ဆိုးပါပဲ။ ရှိတဲ့ငွေကို ချွေတာပြီး လောက်ငအောင် သုံးတတ်ရင် ချေးငှားစရာမလိုတဲ့အတွက် သင့်ဘဝမှာ အကြွေးကင်းမှာဖြစ်ပါတယ်။

၅) လူတွေအထင်ကြီးဖို့အတွက် ငွေကိုမဖြုန်းမိပါစေနဲ့။
နောက်တစ်ခုက အထက်ကပြောသလို လူအထင်ကြီးဖို့သက်သက် ကိုယ့်ဝင်ငွေထက်အဆမတန်များတာတွေကို ဝယ်တာကလည်း အကျင့်ဆိုးပါပဲ။ ကိုယ့်ဝင်ငွေနဲ့ကိုယ်အဆင်ပြေတာကို ဝတ်စားပြင်ဆင်တာကမှ သင့်ဘဝအတွက်ချောင်လည်စေပါတယ်။ လူအထင်ကြီးခြင်းမကြီးခြင်းက အရေးမကြီးပါဘူး။ တကယ်အရည်အချင်းရှိတဲ့လူတစ်ယောက်က လူအထင်ကြီးဖို့ဟန်ဆောင်ပြစရာလည်းမလိုပါဘူး။ ကိုယ့်လုပ်ရပ်တွေကသာ ကိုယ့်ကို ဘယ်သူဆိုတာ သတ်မှတ်ပေးတာဖြစ်ပါတယ်။ အဲဒါကြောင့် မှန်ကန်ပြီး ရိုးသားဖြောင့်မတ်ဖို့သာ လိုတာပါ။

၆) တကယ်လိုအပ်မှ ဝယ်ပါ။
အသုံးနဲ့အဖြုန်းကို ခွဲခြားနားလည်ဖို့ကလည်း အရေးကြီးပါတယ်။ တကယ်မလိုအပ်ဘဲ ဝယ်လိုက်တဲ့အခါ ကိုယ့်အတွက်လည်း အသုံးမဝင်ပိုလျှံနေသလို၊ ငွေလည်း အလကားကုန်သွားပါတယ်။ တကယ်လိုအပ်တဲ့အရာ ဝယ်ချင်တဲ့အခါ လက်ထဲငွေမရှိတော့မျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဘယ်အရာမဆို ဝယ်မယ်လို့ စဉ်းစားတဲ့အခါ သေချာသုံးသပ်ပြီးမှ ဝယ်သင့်ပါတယ်။ တကယ်လိုအပ်လို့ဝယ်တာ အသုံးဖြစ်ပြီး မလိုအပ်ဘဲ ဝယ်တာက အဖြုန်းဖြစ်ပါတယ်။ အဲဒါကို သေချာနားလည်ထားရင် ငွေကို သေချာသုံးစွဲတတ်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။