မရမ်းသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

မရမ်းသီးကို Plum Mango နဲ့ Marian Plum လို့ခေါ်ကြပါတယ်။ ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ထိုင်းနဲ့ အင်ဒိုနီးရှားမှာတင် အသီးသီးတဲ့ရာသီးချင်းမတူကြပါဘူး။ ထိုင်းမှာ နိုဝင်ဘာမှ ဒီဇင်ဘာအတွင်းပန်းပွင့်ပြီး ဧပရယ်မှ မေလမှာ အသီးသီးပါတယ်။ အင်ဒိုမှာတော့ ဇွန်လမှ နိုဝင်ဘာလမှာ ပန်းပွင့်ပြီး မတ်လနဲ့ဇွန်လမှာ အသီးသီးပါတယ်။ မရင့်မှည့်သေးရင် အသီးကအစိမ်းရောင်ဖြစ်ပြီး မှည့်ရင့်တဲ့အခါ အဝါရောင်ပြောင်းသွားပါတယ်။ မရမ်းသီးမှာ အမြင်အာရုံကောင်းစေခြင်းအပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ မရမ်းသီးကို မြန်မာနိုင်ငံမှာတော့ သုတ်စားတာ၊ ငပိချက်လုပ်စားတာ၊ ယိုထိုးစားတာမျိုးတွေနဲ့ အမျိုးမျိုးလုပ်စားတတ်ကြပါတယ်။ အကျိုးကျေးဇူးတွေကတော့


၁) အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း
ဗီတာမင်စီကြွယ်ဝတာကြောင့် အရေပြားကျန်းမာစေပြီး beta-carotene ပါဝင်မှုကြောင့် အရေပြားကျန်းမားရေးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ ရေဓာတ်ပါဝင်တာကြောင့် အရေပြားစိုပြေစေပါတယ်။

၂) အနာကျက်မြန်စေခြင်း
ပရိုတင်းနဲ့ဗီတာမင်စီကြောင့် ခန္ဓာကိုယ်ကဆဲလ်တွေကို ပြန်လည်ကုသပေးရာတွင်အထောက်အကူဖြစ်စေပါတယ်။

၃) ကင်ဆာရောဂါကို ကုသဖို့အထောက်အကူဖြစ်စေခြင်း
ရေဓာတ်ပါဝင်ခြင်းက အစာခြေစနစ်အတွက်ကောင်းစေပါတယ်။ အမျှင်ဓာတ်က အစားကိုစုပ်ယူပြီးခြေဖျက်လွယ်စေပါတယ်။ အဲဒါကြောင့် အစာခြေစနစ်နဲ့ဆိုင်တဲ့ကင်ဆာရောဂါဖြစ်ပွားမှုလျော့ကျစေပါတယ်။

၄) သွေးလည်ပတ်မှုအားကောင်းစေခြင်း
ခန္ဓာကိုယ်ကလိုအပ်တဲ့ရေဓာတ်ပမာဏရနိုင်တာကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်။

၅) ဦးနှောက်လုပ်ဆောင်ချက်ကောင်းမွန်စေခြင်း
ဦးနှောက်ကလိုအပ်တဲ့ရေဓာတ် ၇၀ရာခိုင်နှုန်းခန့်ရနိုင်တာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေဖို့ကူညီပေးပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်ပမာဏကိုရရှိမှသာ ဦးနှောက်ကလည်း ကောင်းစွာအလုပ်လုပ်နိုင်တာဖြစ်ပါတယ်။

၆) အဆိပ်အတောက်ကင်းစေခြင်း
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ပမာဏရရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းရေဓာတ်ပြည့်ဝခြင်းကလည်း ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ကူညီနိုင်ပါတယ်။ အဲဒါကြောင့် နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချို၊ လေဖြတ်ခြင်းနဲ့ အခြားရောဂါတွေဖြစ်ပွားခြင်းမှကာကွယ်နိုင်ပါတယ်။

၇) နှလုံးကျန်းမာစေခြင်း
လေ့လာချက်အရ အမျှင်ဓာတ်ပါဝင်ခြင်းက နှလုံးရောဂါဖြစ်ပွားမှုကို ထိရောက်စွာကူညီနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေမှာဖော်ပြကြပါတယ်။ တစ်နေ့မှာ အမျှင်ဓာတ် ၂၆ဂရမ်ရရှိခြင်းက နှလုံးရောဂါဖြစ်ပွားမှုကို ၄၀ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။

၈) အဆုတ်လုပ်ဆောင်ချက်ကောင်းစေခြင်း
အဆုတ်ကလည်း ရေဓာတ်ကိုလိုအပ်တာကြောင့် မရမ်းသီးမှာပါဝင်တဲ့ရေဓာတ်ကြောင့် အဆုတ်လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။

၉) အမြင်အာရုံကောင်းမွန်စေခြင်း
Beta carotene ပါဝင်တာကြောင့်လည်း မျက်လုံးကျန်းမာရေးကို ကူညီနိုင်ပါတယ်။ Beta carotene ဆိုတာက ခန္ဓာကိုယ်တွင်းအရောက်မှာ ဗီတာမင်အေအဖြစ်အသွင်ပြောင်းပြီး စုပ်ယူလိုက်ပါတယ်။ ဗီတာမင်အေက အမြင်အာရုံကို အကျိုးပြုစေပါတယ်။
၁၀) ဝိတ်ကျဖို့ကူညီနိုင်ခြင်း
အမျှင်ဓာတ်ကြောင့်ခန္ဓာကိုယ်ကို ဝိတ်ကျဖို့အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်က အချိန်အတန်ကြာအောင် ဗိုက်ပြည့်နေစေတာမို့ မကြာခဏဗိုက်ဆာခြင်းမှကာကွယ်ပေးနိုင်ပြီး ဝိတ်ကျဖို့အထောက်အကူဖြစ်စေပါတယ်။

https://www.healthbenefitstimes.com/gandaria/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။