နွားနို့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

နွားနို့က သင့်ရဲ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေအများကြီးရှိပါတယ်။ နှစ်ပေါင်းများစွာကတည်းက နွားနို့ရဲ့ကောင်းကျိုးကို လူသိများခဲ့မှာပါ။ နွားနို့က သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုသလဲဆိုတာ ဒီဆောင်းပါးမှာဖော်ပြပေးမှာဖြစ်ပါတယ်။ နွားနို့ရဲ့ကောင်းကျိုးတွေကတော့


၁) အသားအရေကောင်းစေခြင်း
ကယ်လီယိုပက်ထရာမင်းသမီးက နွားနို့နဲ့ရေချိုးတယ်လို့ သမိုင်းမှာဖော်ပြခဲ့တာကြားဖူးကြမှာပါ။ နွားနို့က သင့်ရဲ့အရေပြားကို ကြည်လင်နူးညံံ့စေပါတယ်။ ဗီတာမင်နဲ့အာဟာရဓာတ်တွေကြောင့် အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ နွားနို့ကို သောက်သုံးခြင်းကလည်း အရေပြားရဲ့ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။

၂) သွားတွေခိုင်မာစေခြင်း
ကယ်လဆီယမ်ပါဝင်တဲ့အရင်းမြစ်ဖြစ်တာကြောင့် သွားတွေခိုင်မာစေဖို့ အကျိုးရှိပါတယ်။ နွားနို့က သင့်ရဲ့သွားမှာ အခေါင်းပေါက်ဖြစ်ခြင်း၊ သွားကိုက်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လဆီယမ်က သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဒီစုပ်ယူမှုကိုလည်း အားကောင်းစေတာကြောင့် သင့်ခန္ဓာကိုယ်အတွက် ဗီတာမင်ဒီလည်း ပိုရနိုင်စေပါတယ်။

၃) အရိုးသန်မာစေခြင်း
ကလေးတွေအတွက်နွားနို့သောက်ခြင်းက အရိုးကျန်းမာရေးကို အကျိုးပြုပါတယ်။ ကလေးတွေကြီးထွားဖွံ့ဖြိုးမှုအတွက်အားပေးပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက်လည်း အရိုးအဆစ်သန်မာဖို့အားပေးပါတယ်။ အရိုးပွခြင်းဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ နို့မှာပါဝင်တဲ့ကယ်လဆီယမ်ကြောင့် အရိုးသန်မာစေပြီး ဗီတာမင်ဒီစုပ်ယူမှုလည်းပိုအားကောင်းစေပါတယ်။

၄) ကြွက်သားတွေကျစ်လစ်သန်မာစေခြင်း
နွားနို့က ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။ နွားနို့မှာပါဝင်တဲ့ပရိုတင်းဓာတ်ကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်မှာလိုအပ်တဲ့အာဟာရဓာတ်တွေကို ပြန်ပြီး recover လုပ်ဖို့လိုပါတယ်။ အဲဒီ့အတွက် နွားနို့ကကူညီပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကြောင့် ချွေးထွက်ပြီး ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၅) ဝိတ်ကျစေခြင်း
လေ့လာချက်တွေအရ အမျိုးသမီးတွေ နွားနို့သောက်ခြင်းက နွားနို့မသောက်တဲ့အမျိုးသမီးတွေထက် ဝိတ်ကျစေပါတယ်။ ကျန်းမာစေတဲ့အဆာပြေစားစရာတစ်ခုခု၊ သောက်စရာတခုခုဆိုရင် ညစာစားချိန် နွားနို့သောက်တာအကောင်းဆုံးပါပဲ။

၆) စိတ်ဖိစီးမှုလျော့ကျစေခြင်း
ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ရုံးမှာစိတ်ဖိစီးတာဖြစ်ဖြစ်၊ အလုပ်များလို့ဖြစ်ဖြစ် နွားနို့နွေးနွေးလေးတစ်ခွက်သောက်ခြင်းက သင့်စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ကြွက်သားတွေကိုလည်း ပြေလျော့စေပြီး သင့်ရဲ့အာရုံကြောတင်းကြပ်မှုကိုလည်း ပြေလျော့စေပါတယ်။

၇) ရာသီသွေးဆုံးခါနီးလက္ခဏာများကိုသက်သာစေခြင်း
အမျိုးသမီးအများစုဟာ သွေးဆုံးခါနီး ဝေဒနာမျိုးစုံခံစားရတတ်ပါတယ်။ နွားနို့သောက်ခြင်းက ခန္ဓာကိုယ်ကိုပြေလျော့စေပြီး သွေးဆုံးခါနီးခံစားရတဲ့ဝေဒနာမျိုးစုံကို သက်သာစေပါတယ်။

၈) စွမ်းအင်တိုးစေခြင်း
နွားနို့သောက်ခြင်းက သင့်ခန္ဓာကိုယ်စွမ်းအင်တိုးစေပါတယ်။ နွားနို့ အေးအေးလေးတစ်ခွက်သောက်ခြင်းက
သင့်ကိုစွမ်းအင်တိုးစေသလို၊ ရင်ပူခြင်းကိုလည်း သက်သာစေပါတယ်။
https://www.lifehack.org/articles/lifestyle/10-benefits-milk-that-you-never-knew-even-when-you-drink-every-day.html လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။