မင်းဂွတ်သီးရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

မင်းဂွတ်သီးရဲ့ အရသာက ချိုပြီး အရည်ရွှမ်းပါတယ်။ မင်းဂွတ်သီးမှာ အာဟာရဓာတ်တွေအများအပြားပါဝင်တဲ့အပြင် အမျှင်ဓာတ် နဲ့ antioxidants တွေပါဝင်တဲ့အပြင် Vitamin C ၊ Vitamin B9 (folate) ၊ Vitamin B1 (thiamine) ၊ Vitamin B2 (riboflavin) Magnesium ၊ Manganese ၊ Copper ဓာတ်တွေလည်းပါဝင်ပါတယ်။


၁) အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ခြင်း
ကယ်လိုရီနည်းပါးပြီး ခန္ဓာကိုယ်အတွက်မရှိမဖြစ်တဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ အနာကျက်မြန်ခြင်း၊ ခုခံအားကောင်းစေခြင်း၊ အာရုံကြော၊ ကြွက်သား အစစအတွက်အထောက်အကူပြုပါတယ်။

၂) Antioxidants ကြွယ်ဝစွာပါဝင်ခြင်း
Antioxidants များစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရောဂါဖြစ်ပွားစေနိုင်တဲ့ ဓာတ်တွေကိုပယ်ဖျက်နိုင်ပါတယ်။ ဗီတာမင်စီနဲ့ ဖောလိတ်ကြောင့် ကင်ဆာဖြစ်ပွားနိုင်ချေလျော့ကျစေခြင်း၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း စတာတွေအတွက် အထောက်အကူဖြစ်စေပါတယ်။

၃) ရောင်ရမ်းမှုကို လျော့ကျစေခြင်း
မင်းဂွတ်သီးမှာ တွေ့ရတဲ့ xanthones ဓာတ်ဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတယ်လို့တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်တွင်းရောင်ရမ်းစေတဲ့ရောဂါများဖြစ်တဲ့ ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေဖြစ်ပွားမှုအန္တရာယ်မှ လျော့ကျစေပါတယ်။

၄) ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ကျစေခြင်း
လေ့လာချက်တွေအရ မင်းဂွတ်သီးကဲ့သိုအသီးမျိုးစားပေးခြင်းဟာ ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ xanthones ပါဝင်မှုကြောင့် ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်ပြီး ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အဆုတ်ကင်ဆာတွေဖြစ်ပွားနိုင်မှုလျော့နည်းစေပါတယ်။

၅) ဝိတ်ကျစေခြင်း
အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝိတ်ကျစေတယ်လို့လည်းကြွက်တွေမှာ လေ့လာချက်တွေအရဖော်ပြကြပါတယ်။

၆) သွေးထဲကသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ခြင်း
တိရိစ္ဆာန်တွေမှာလေ့လာချက်အရ မင်းဂွတ်သီးမှာ ပါဝင်တဲ့ဓာတ်တွေဟာ သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်တယ်လို့ဖော်ပြထားပါတယ်။

၇) ခုခံအားတိုးစေခြင်း
Fiber နဲ့ vitamin C ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ခုခံအားတိုးစေပါတယ်။

၈) အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း
antioxidant တွေပါဝင်တာကြောင့်အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုသက်သာစေပြီး အရေပြားကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။
https://www.healthline.com/nutrition/mangosteen#section1 လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။