သပွတ်သီးရဲ့ကောင်းကျိုးများ

သပွတ်ပင်အမည်ခံမျိုးခွဲပေါင်းများစွာရှိပေမယ့် (Sponge Gourd ) ကတော့ စားလို့ရတဲ့သပွတ်သီးဖြစ်ပါတယ်။ အနွယ်ပင်ဖြစ်သော သပွတ်ပင်သည် ခဝဲ၊ သခွား၊ ပဲလင်းမြွေ၊ ဘူး၊ ဖရုံမျိုးနွယ်ဝင်ဖြစ်ပါတယ်။ သပွတ်သီးမှာ Vitamin A / copper/ Zinc / Vitamin C / Vitamin B5 စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။ အဲဒါအပြင် သပွတ်သီးနုကိုဟင်းချက်စားပြီး သပွတ်သီးရင်းကိုတော့အခြောက်ထားကာ မီးဖိုချောင်မှာ တိုက်ချွတ်ဆေးကြောဖို့ အသုံးချကြပါတယ်။ သပွတ်သီးရဲ့အပင်အစိတ်အပိုင်းအားလုံးက ဆေးဘက်ဝင်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုကျစေပြီး ဝမ်းချုပ်ခြင်း၊ ဝိတ်ကျစေခြင်း၊ ခုခံအားကောင်းစေခြင်း စတဲ့အကျိုးတွေရှိပါတယ်။


၁) မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း
ဗီတာမင်အေပါဝင်တာကြောင့် မျက်ကြည်လွှာပျက်စီးခြင်းကနေ မျက်လုံးကွယ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကော့ပါး၊ ဗီတာမင်အီး၊ ဇင့်တွေက မျက်ကြည်လွှာပျက်စီးမယ့်ဆိုးကျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ မျက်သားခြောက်သွေ့ခြင်းကိုလည်း သက်သာစေပါတယ်။ ဗီတာမင်အေလည်းကြွယ်ဝတာကြောင့် မျက်လုံးကိုကျန်းမာစေပါတယ်။

၂) နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေခြင်း
Vitamin B5 900 mg ခန့်ပါဝင်ခြင်းက မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ကျစေပြီး သွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျှော့ကျစေပါတယ်။ 900 mg က မြင့်မားတဲ့ပမာဏဖြစ်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးစားသုံးသင့်ပါတယ်။

၃) သွေးချိုဆီးချိုကို ကာကွယ်ပေးနိုင်ခြင်း
Manganese ဓာတ်က အစာချေအင်ဇိုင်းတွေထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ လေ့လာချက်တွေအရ ကြွက်တွေမှာ မဂ္ဂနိစ်နဲ့စမ်းသပ်တဲ့အခါ မဂ္ဂနိစ်က အင်ဆူလင်ထုတ်လုပ်ခြင်းကို မြင့်တင်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ဆီးချိုသွေးချိုသမားတွေအတွက် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၄) ကြွက်သားနာကျင်ခြင်းကိုသက်သာစေခြင်း
Potassium က အရေဓာတ်ပမာဏကို မျှတစေတာကြောင့် ကြွက်သားတွေကို ပြေလျော့စေဖို့ကူညီပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုနည်းခြင်းဟာ ကြွက်တက်ခြင်း၊ နာကျင်ခြင်း တွေဖြစ်ပေါ်နိုင်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်တွေနဲ့ ပရိုတင်းတွေကို ဖြိုခွဲဖို့ ကူညီပေးနိုင်တာမို့ ကြွက်သားတွေကို ကျုံ့နိုင်ဆန့်နိုင် စွမ်းအင်ပြန်လည်ထုတ်လုပ်ပေးဖို့ ပိုတက်ဆီယမ်ပေါ်မူတည်နေပါတယ်။

၅) အဆစ်ရောင်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း
ကော့ပါးပါဝင်ခြင်းက ရောင်ရမ်းခြင်းကိုသက်သာစေပါတယ်။ အဆစ်အမြစ်တွေနာကျင်ခြင်းကို သက်သာစေပါတယ်။ ကြွက်သားကျုံ့ဆန်နိုင်ခြင်း၊ တစ်ရှုးတွေ ဆက်စပ်ဖို့ ကူညီပေးနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ခြင်းကို ကော့ပါးက သက်သာစေပါတယ်။

၆) သွေးအားနည်းခြင်းကိုသက်သာစေခြင်း
Vitamin B6 ပါဝင်ခြင်းက သွေးထဲက hemoglobin ထုတ်လုပ်ခြင်းအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ Vitamin B6 ကြောင့် ဆဲလ်တွေကို အောက်ဆီဂျင်ပို့ပေးဖို့ကူညီနိုင်ပြီး သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။ သွေးနီဥတွေနည်းပါးခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းတဲ့လူနာတစ်ယောက်က ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ နာကျင်ခြင်းလက္ခဏာတွေကိုခံစားရပါတယ်။ လေ့လာချက်အရ Vitamin B6 က သွေးအားနည်းခြင်းလက္ခဏာတွေကို သက်သာစေပါတယ်။

၇) အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း
Vitamin C ကြွယ်ဝမှုကြောင့် အရေပြားခြောက်သွေ့ခြင်း၊ အရေးကြောင်းတွေကို သက်သာစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုနှေးစေခြင်းတို့အကျိုးရှိစေပါတယ်။ အနာတွေကျက်မြန်စေပြီး တစ်ရှုးတွေကိုပြန်လည်ဖြစ်ပေါ်စေပါတယ်။

၈) Migraine ခေါင်းတခြမ်းကိုက်ခြင်းကိုသက်သာစေခြင်း
မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် ခေါင်းတခြမ်းကိုက်ခြင်းကိုသက်သာစေပါတယ်။

၉) ဦးနှောက်စွမ်းဆောင်ရည်တိုးစေခြင်း
ဦးနှောက်လုပ်ဆောင်နိုင်စွမ်းအတွက် အောက်ဆီဂျင်ရရှိဖို့လိုအပ်ပါတယ်။ မှတ်ဉာဏ်အားနည်းခြင်းက ဦးနှောက်ထဲအောက်ဆီဂျင်လုံလောက်စွာမရနိုင်ခြင်းတို့နဲ့ဆက်စပ်နေပါတယ်။
၁၀) အမျိုးအစား ၂ ဆီးချိုရောဂါကို သက်သာစေခြင်း
Magnesium ကြွယ်ဝတဲ့အစားအစာက အမျိုးအစား ၂ဆီးချိုကို သက်သာစေပြီး ကလူးကို့စ်အတွက် magnesium က မရှိမဖြစ်လိုအပ်ပါတယ်။ Magnesium 100 milligrams ခန့်ရရှိခြင်းက အမျိုးအစားနဲ့ဆီးချိုရောဂါကို ဖြစ်ပေါ်ဖို့အခွင့်အလမ်းနည်းပါးစေပါတယ်။
https://www.healthbenefitstimes.com/luffa/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။