ပန်းငရုတ်ပွရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူး ၁၁ခု

ပန်းငရုတ်ပွမှာ မျက်လုံးကျန်းမာရေး၊ ခုခံအား၊ သန္ဓေသားအတွက် အာဟာရ၊ ဝိတ်ကျစေဖို့၊ အစာခြေစနစ် စတဲ့အကျိုးများစေတဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်ပါတယ်။ အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါသေးတယ်။


၁) အမြင်အာရုံကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း
ပန်းငရုတ်ပွစားသုံးခြင်းမှ beta-carotene နဲ့ lutenoid ကဲ့သို့ Carotenoid ဓာတ်ပြည့်ဝစွာ ရရှိနိုင်မှုကြောင့် မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ မျက်စိတိမ်စွဲရောဂါများနဲ့ အမြင်အာရုံေ၀ဝါးခြင်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ beta-carotene ဆိုတဲ့ဓာတ် ပါဝင်မှုကြောင့် သင့်အမြင်အာရုံကောင်းမွန်စေဖို့ အာဟာရပြည့်ဝစေပါတယ်။
၂) ကိုယ်ခံအား ကောင်းမွန်စေခြင်း
သင့်ကိုယ်တွင်းက ခုခံအားစနစ်က ဘက်တီးရီးယားတေါ သင့်ခန္ဓာကိုယ်ကို ကူးစက်ခြင်းမှ ကာကွယ်ဖို့အတွက် ဆောင်ရွက်ပေးရတဲ့စနစ်ဖြစ်ပါတယ်။ သင့်ရဲ့ခုခံအားစနစ်ကောင်းမွန်စေဖို့အတွက် ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကို စားသုံးခြင်းဖြင့် ရယူဖို့လိုပါတယ်။ ပန်းငရုတ်ပွမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ ပုံမှန် ဟင်းသီးဟင်းရွက်ချက်ပြုတ်စားသလို စားခြင်းဖြင့် သင့်ရဲ့ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ သင့်ကိုယ်ခံအားနည်းနေသလိုခံစားနေရပြီဆိုရင် ပန်းငရုတ်ပွ အဝါရောင်ကို စားသုံးသင့်ပါတယ်။
၃) သန္ဓေသားအတွက် အာဟာရဖြစ်စေခြင်း
သန္ဓေသား ဖောလိတ်ဓာတ်ရဖို့အတွက် မိခင်ဖြစ်သူစားသင့်တဲ့အစားအစာဖြစ်ပါတယ်။ ပန်းငရုတ်ပွမှာ ဖောလိတ်ဓာတ်ကြွယ်ဝစွာပါဝင်လို့ သန္ဓေသားကျန်းမာဖွံ့ဖြိုးဖို့ ကူညီပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးများစေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။
၄) ဝိတ်ကျဖို့ ကူညီပေးနိုင်ခြင်း
ဟင်းသီးဟင်းရွက်များက ကာဗွန်ဟိုက်ဒရိတ်ကနေ စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ အလားတူပါပဲ သင့်ခန္ဓာကိုယ်မှာ ကျန်ရှိနေတဲ့ အကျိုးမရှိတဲ့ကာဗွန်ဟိုက်တွေက သင့်ကို ဝိတ်တက်ခြင်းနဲ့ အဝလွန်ခြင်းရလဒ်ဖြစ်စေပါတယ်။ သင့်ရဲ့ပုံမှန်စားနေကျအစားအစာတွေမှာ ပန်းငရုတ်ပွထည့်သွင်းစားသောက်တဲ့အခါ ကယ်လိုရီနည်းပါးတဲ့အတွက် ဝိတ်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အစားအစာထဲမှာ အရောင်စုံထည့်သွင်းစားသောက်နုငိပြီး အာဟာရလည်းဖြစ်စေပါတယ်။
၅) အစာခြေစနစ်အတွက် ကောင်းခြင်း
အစာခြေစနစ်မှာ အဆင်မပြေဖြစ်တဲ့အခါ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်း ကဲ့သလို့ ပြဿနာတွေဖြစ်နိုင်ပါတယ်။ ပန်းငရုတ်ပွမှာ Niacin ဆိုတဲ့ဓာတ် ပါဝင်မှုကြောင့် သင့်အစာခြေစနစ်အြခေအနေကို တိုးတက်ဖို့ အရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဘီ ဓာတ်လိုပါပဲ။ အစာခြေစနစ်ကောင်းမွန်တဲ့အခါ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်၊ ဗီတာမင်နဲ့အခြားအာဟာရဓာတ်တွေကို စုပ်ယူဖို့ လွယ်ကူစေပါတယ်။ အစာခြေစနစ်ပြဿနာအတွက် ပန်းငရုတ်ပွကို စားပေးနိုင်ပါတယ်။
၆) အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းများပါဝင်ခြင်း
Antioxidants ဆိုတဲ့ အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းတွေကဲ့သို့ လုပ်ဆောင်နိုင်တဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖို့ နဲ့ free radicals တွေကို တိုက်ဖျက်ရန်အတွက် သင့်ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေကြီးထွားမှုကို တိုက်ဖျက်နိုင်တဲ့ antioxidant ဓာတ်များပါဝင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။
၇) ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ခြင်း
ခန္ဓာကိုယ်ရောင်ရမ်းမှုတွေက ချက်ချင်းမကုသဘူးဆိုရင် ရောဂါတွေအဖြစ်ကို ကြောက်လန့်ဖွယ် ကူးပြောင်းနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အစားအစာတွေကို စားသုံးပေးဖို့လိုအပ်ပါတယ်။ အနီရောင်နဲ့ လိမ္မော်ရောင်ပန်းငရုတ်ပွတွေက အဆင်အမြစ်ရောင်ရမ်းခြင်း၊ ကြွက်သားရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရာသီဥတုကြောင့် အလာဂျစ်ဖြစ်ပွားခြင်းကိုလည်း သက်သာစေနိုင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။
၈) အာရုံကြောစနစ်အတွက်ကောင်းမွန်ခြင်း
သင့်ဦးနှောက်ကို သင့်ရဲ့အာရုံကြောစနစ်က လုပ်ဆောင်ချက်တွေကို လုပ်ဖို့ အချက်ပြပေးတာပါ။ အဲဒါကြောင့် သင့်ရဲ့အာရုံကြောစနစ်ကျန်းမာရေးကို ထိန်းသိမ်းသင့်တယ်လို့ စိတ်ပညာရှင်တွေက သတိပေးကြတာပါ။ မကြာသေးမီက လေ့လာချက်အရ ငရုတ်ပွမှာ စိတ်ကျန်းမာရေးနဲ့ အသိဉာဏ်ဆိုင်ရာအတွက် ကောင်းမွန်စေတဲ့အာဟာရဓာတ်တွေပါဝင်တယ်လို့ သိရပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကဲ့သို့ ဓာတ်ပါဝင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်ဖောက်ပြန်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။
၉) အရေပြားကျန်းမာရေး အတွက် ကောင်းမွန်ခြင်း
Antioxidant တွေပါဝင်မှုကြောင့် အရေပြားဆဲလ်တွေနဲ့ တစ်ရှုးတွေကို ကာကွယ်ပေးနိင်ပြီး အရေပြားခြောက်သွေ့ခြင်း၊ ပျက်စီးခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ဖို့ စားပေးသင့်ပါတယ်။ ဗီတာမင်စီပါဝင်မှုက သင့်အရေပြားအတွက် အကောင်းဆုံးပါပဲ။ ဆဲလ်သေတွေနဲ့ တစ်ရှုးတွေကို ဖယ်ရှားနိုင်ပါတယ်။ အဲဒါကြောင့် သင့်အရေပြားကို ပိုပြီး ငယ်ရွယ်နုပျိုစေပါတယ်။ အမဲစက်တွေနဲ့ အရေးအကြောင်ေးတွကို ဖယ်ရှားနိုင်ပါတယ်။
၁၀) အသက်ရှုလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း
ပန်းငရုတ်ကိုစားသုံးခြင်းရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ သင့်ရဲ့အသက်ရှုလမ်းကြောင်းကျန်းမာရေးကို အကျိုးရှိစေတာပါပဲ။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင်စီကဲ့သို့ အာဟာရဓာတ်တွေကြောင့် သင့်ရဲ့အသက်ရှုလမ်းကြောင်းနဲ့ပတ်သက်တဲ့ကျန်းမာရေး ရင်ကြပ်ပန်းနာ၊ အဆုတ်ရောဂါ၊ အခြားသောအဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
၁၁) သွေးလည်ပတ်မှုကို ကူညီပေးနိုင်ခြင်း
သွေးလည်ပတ်မှုကို ကူညီပေးနိုင်ခြင်းက နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပန်းငရုတ်ပွမှာ ဖော့စဖောရတ်ပါဝင်မှုကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးကြောတွေ ပြေလျော့ခြင်းနဲ့ သွေးလည်ပတ်မှုအားကောင်းခြင်းက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကဲ့သို့ ရောဂါမျိုးကို မဖြစ်ပေါ်စေပါဘူး။
ပန်းငရုတ်ပွမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် ကျွန်တော်တို့ရဲ့ကျန်းမာရေးအားလုံးနီးပါး ကောင်းမွန်စေနိုင်ပါတယ်။ အဲဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာမှာ ထည့်သွင်းစားသုံးသင့်တဲ့အစားအစာတစ်မျိုးဖြစ်ပါလို့ လက်တို့လိုက်ပါတယ်။
https://www.naturalfoodseries.com/11-health-benefits-bell-peppers/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။