ကျောက်ကပ်ကျန်းမာရေးဘယ်လိုဂရုစိုက်ရမလဲ။

ကျောက်ကပ်က သင့်ရဲ့ခန္ဓာကိုယ်က အထွေထွေကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်တဲ့အဓိက လုပ်ဆောင်ချက်ဖြစ်ပါတယ်။ တွေးကြည့်ရင်တော့ အရမ်းရှုပ်ထွေးပါတယ်။ အညစ်အကြေးတွေ စွန့်ထုတ်ပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ ပြန်ပြီး အသုံးပြုလိုမရတော့တဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ တစ်ရက်မှာ ၂၄နာရီ၊ တစ်ပတ်မှာ ၇ရက် တစ်ချိန်လုံး သင့်ရဲ့သွေးတွေကို သန့်စင်ပေးဖို့ လုပ်ဆောင်နေတာပါ။


သွေးဖိအားများခြင်း၊ ဆီးချိုရောဂါရှိခြင်းနဲ့ မိသားစုတစ်ဦးဦးတွင်ကျောက်ကပ်ပျက်စီးမှုဖြစ်ဖူးခြင်း
စတဲ့အချက်တွေရှိတဲ့ အမေရိကန်လူမျိုး၃ယောက်မှာ ၁ယောက်လောက်က ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်ချေပိုများပါတယ်။ ဒါပေမယ့်လည်း ထိုအချက်တွေ တစ်ခုမှမဖြစ်ဖူးသော်လည်း ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါဖြစ်နိုင်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်။ ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ကျော်ကပ်မပျက်စီးခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုယ်တိုင်လိုက်နာသင့်တဲ့အလေ့အထလေးတွေ ပြောပြပေးချင်ပါတယ်။
၁) ရေသောက်ပါ။
ရေကိုလုံလောက်စွာသောက်ခြင်းက ကောင်းမွန်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။
ဒါပေမယ့် တစ်နေ့ကို လေးခွက်ကနေ ခြောက်ခွက်ခန့်သောက်ခြင်းက သင့်ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်ကို ပိုကောင်းအောင် ဘယ်လိုမှကူညီနိုင်မှာမဟုတ်ပါဘူး။ ပြောချင်တာက ကျောက်ကပ်ကိုကာကွယ်ဖို့မလုံလောက်ဘူးပေါ့။ အမျိုးသားဆိုရင် တစ်နေ့ကို (၁၃ခွက်)ရေ ၃လီတာခန့်သောက်သုံးသင့်ပြီးတော့ အမျိုးသမီးဆိုရင်တော့ တစ်နေ့လျှင်(၉ခွက်) ရေ ၂.၂လီတာခန့်သောက်သုံးသင့်ပါတယ်။
၂) ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အစာကို စားပေးပါ။
သင့်ကျောက်ကပ်က သင်စားနေကျအစားအစာတွေကို လက်ခံနိုင်ပါတယ်။ ဒါပေမယ့် Dr. Simon က ထောက်ပြထားတာကတော့ ကျောက်ကပ်ပျက်စီးခြင်းက အခြားသောကျန်းမာရေးအခြေအနေတွေကြောင့်အများကြီဖြစ်လာတာပါတဲ့။ အဓိကကတော့ သွေးဖိအားများခြင်းနဲ့ ဆီးချိုရောဂါလိုမျိုးပေါ့။ အဲဒါကြောင့် သင်က အခြားသောကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားသုံးဖို့ ဂရုစိုက်သင့်တာပါ ။ သွေးတိုးစေမယ့်အစားအစာမျိုးတွေ၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးမယ့်အစားအစာမျိုးတွေစားသင့်ပါတယ်။ ဆီးချိုရောဂါနဲ့ သွေးဖိအားများခြင်းကို ကာကွယ်ခြင်းက သင့်ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
သင်က ကျန်းမာတယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်အတွက်ကောင်းမွန်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာတွေစားသုံးခြင်း ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း စတာတွေက သင့်ရဲ့ ဝိတ်ကိုထိန်းထားနိုင်ပြီးတော့ သွေးဖိအားကိုလည်း ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက လေ့ကျင့်ခန်းကို ဘယ်လိုလုပ်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်အတွက်ကောင်းမွန်စေတာမဟုတ်တော့ဘဲ သင့်ရဲ့ကျောက်ကပ်ကို ပိုပြီး အားစိုက်ရစေနိုင်ပါတယ်။ သင့်ရဲ့ကြွက်သားတစ်ရှူးတွေ ပျက်စီးစေနိုင်ပါတယ်။
၄) ဖြည့်စွက်စာတွေနဲ့ အိမ်သုံးဆေးဝါးတွေကို သတိထားပြီး သုံးပါ။
ဗီတာမင်ဓာတ်ဖြည့်စွက်စာတွေ၊ အချို့သော ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေက အလွန်သုံးမိတဲ့အခါ သင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် သင်သောက်သုံးနေတဲ့ ဖြည့်စွက်စာတွေနဲ့ သစ်ဥသစ်ဖုတွေအကြောင်းကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။
၅) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို ပျက်ဆီးစေပါတယ်။ ကျောက်ကပ်ထဲ သွေးစီးဆင်းမှုကို ကျဆင်းစေနိုင်ပါတယ်။ ကျောက်ကပ်ထဲကို သွေးစီးဆင်းမှု မလုံလောက်တဲ့အခါ ကျောက်ကပ်က သူ့ရဲ့လုပ်ဆောင်ချက်ကို မလုပ်ဆောင်နိုင်တော့ပါဘူး။ သွေးဖိအားကိုလည်း များလာစေပြီး ကျောက်ကပ်ကင်ဆာဖြစ်ပွားဖို့ အလားအလာများစေပါတယ်။
၆) ဆေးဝါးတွေကို အလွန်အကျွံသောက်သုံးတာမျိုးမလုပ်ပါနဲ့။
ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်သောက်တဲ့ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးခြင်းက ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။ သင့်ရဲ့ကျောက်ကပ်က ကျန်းမာတယ်ဆိုရင်တော့ အခါအားလျော်စွာ တစ်ချို့ဆေးတွေကို သောက်သုံးတာက သိပ်မဆိုးဝါးပါဘူး။ ဒါပေမယ့် Dr. Simon နာတာရှည်ရောဂါတွေနဲ့ အဆစ်ရောင်ရောဂါတွေအတွက်သောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်ကိုညွှန်ကြားမှသောက်သင့်ပါတယ်။ ဆရာဝန်က သင့်ကျောကပ်အခြေအနေကို စောင့်ကြည့်ပြီးမှ လုပ်ပေးသင့်တာလုပ်ပေးနိုင်မှာဖြစ်ပြီး သင့်နာကျင်မှုတွေကို သက်သာစေဖို့ အခြားနည်းလမ်းတွေလည်း တလှည့်စီ သုံးပြီး ကုသပေးပါလိမ့်မယ်။
၇) သင့်မှာ ကျောက်ကပ်နဲ့ပတ်သက်တာ ဖြစ်နိုင်ချေရှိတယ်ဆိုရင် စမ်းသပ်မှုပြုလုပ်ပါ။
သင့်မှာ ဆီးချိုရောဂါလိုမျိုး၊ သွေးဖိအားများတာလိုမျိုး ဖြစ်လေ့ရှိပြီး ဖြစ်နေတယ်ဆိုရင် သင့်ရဲ့ကျောက်ကပ်ကို ထိခိုက်နိုင်တာမို့ ထိုအခြေအနေမျိုးရှိမရှိ ကိုယ့်ကိုယ်သတိထားပြီး ဂရုတစိုက်စစ်ဆေး စမ်းသပ်မှုလုပ်သင့်ပါတယ်။
သင့်က မကြာခဏဆေးဝါးတွေ သောက်သုံးနေရတယ်ဆိုရင်တော့ သင့်ကျောက်ကပ်ကို ထိခိုက်မှုရှိလာနိုင်တဲ့အတွက် မကြာခဏ စစ်ဆေးစမ်းသပ်မှုလုပ်သင့်ပါတယ်။
အဓိကကတော့ ကျောက်ကပ်ကို မထိခိုက်စေဘဲ ကျန်းမာစေဖို့က သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အခြားသောရောဂါတွေ မဖြစ်ပေါ်နိုင်အောင် ဂရုစိုက်ဖို့ပါပဲ။ အခုလောက်ဆိုရင် ကျောက်ကပ်ကျန်းမာရေးက သင့်ကျန်းမာရေးတစ်ခုလုံးနဲ့ ပတ်သက်နေတယ်ဆိုတာကို သိလောက်ပါပြီ။ ဆင်ခြင်သင့်တာလည်း ဆင်ခြင်နိုင်သလောက် ဆင်ခြင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

https://health.clevelandclinic.org/7-secrets-to-keeping-your-kidneys-healthy/လင့်မှ ဘာသာပြန်ဖော်ပြထားပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။