ဘာကြောင့် ဗံဒါစေ့ကို စားသုံးသင့်တာလဲ။

ဗံဒါစေ့က ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါတယ်။ ဗံဒါစေ့မှာ သတ္တုဓာတ်၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ အခြားကျန်းမာရေးအတွက် အရေးကြီးတဲ့ဓာတ်တွေအများကြီး ပါဝင်ပါတယ်။ super – nut လို့တောင် တင်စားကြပါတယ်။ လေ့လာချက်တွေအရ ဗံဒါစေ့သေးသေးလေးထံကနေ ရနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ များပြားလှပါတယ်။ ဗံဒါစေ့ကို ဘာကြောင့်စားသုံးသင့်သလဲဆိုတဲ့ ကောင်းကျိုး ၁၀ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁) နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးသွေးကြောပိတ်ဆို့ခြင်းရောဂါများကို ကာကွယ်ပေးနိုင်ခြင်း
ဗံဒါစေ့မှာ ကျန်းမာစေတဲ့ fatty acids (monounsaturated acids or MUFA) ပါဝင်ပါတယ်။ ထိုဓာတ်တွေထဲမှာ antioxidants အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းတွေပါဝင်နေတာကြောင့် သင့်နှလုံးကိုကာကွယ်ပေးနိုင်ပြီး သွေးကြောစနစ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ သွေးကြောပိတ်ဆို့ခြင်းကြောင့် ရုတ်တရက်နှလုံးဖောက်ပြန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဗံဒါစေ့မှာ vitamin E နဲ့ flavonoids ပါဝင်မှုကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ် ။ မဂ္ဂနီစ်၊ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး စတဲ့ဓာတ်တွေပါဝင်တဲ့အပြင် နှလုံးအတွက်အရေးကြီးတဲ့ arginine ဓာတ်လည်းပါဝင်ပါတယ်။

၂) ဦးနှောက်လုပ်ဆောင်ချက်များကို ထိန်းသိမ်းပေးနိုင်ခြင်း
riboflavin နဲ့ L-carnitine ဓာတ်ပါဝင်မှုကြောင့် ဦးနှောက်မှတ်ဉာဏ်အတွက် ကောင်းမွန်စေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ အာရုံကြောလုပ်ဆောင်ချက်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဦးနှောက်ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်မှုကြောင့် မှတ်ဉာဏ်လျော့နည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ။ ရူးသွပ်ခြင်း နဲ့ အင်ဇိုင်းမားလ်ရောဂါ မျိုးဖြစ်နိုင်ချေလျော့နည်းစေနိုင်ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်ခန့်စားသုံးခြင်း ဒါမှမဟုတ် ဗံဒါစေ့ကို စားသုံးပေးတဲ့အကျင့်လုပ်သင့်ပါတယ်။

၃) အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း
သင့်အရေပြားကို တောက်ပပြီး ကျန်းမာစေချင်တယ်ဆိုရင် ဗံဒါစေ့ကို စားပါ။ ဗီတာမင် အီးနဲ့ အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းတွေပါဝင်မှုကြောင့် ရောင်ရမ်းခြင်းနဲ့ free radicals တွေကို လျော့ကျစေတဲ့အတွက် သင့်အရေပြားကို ကာကွယ်ပေးနိုင်ပြီး ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ လေ့လာချက်တွေအရ ဗံဒါစေ့မှာ antioxidants တွေဖြစ်တဲ့ epicatechin, catechin, quescetin, isorhamnetin နဲ့ kaempferol ဓာတ်တွေပါဝင်မှုကြောင့် အရေပြားကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။

၄) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်း
ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ monounsaturated fatty acids ပါဝင်မှုကြောင့် သင့်သွေးထဲက ကလူးကို့စ်ဓာတ်ကို ညီမျှစေနိုင်ပါတယ်။ ကလူးကို့စ်ဓာတ်ကို ခန္ဓာကိုယ်ကစုပ်ယူမှုကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

၅) အလွန်အကျွံအစားစားခြင်း နဲ့ ဝိတ်တက်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝိတ်ကျစေနိုင်ပါတယ်။ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်သောကြောင့် အလွန်အကျွံ့အစားစားခြင်းကို ကာကွယ်နိုင်ပါတယ်။ အခြားအစားအစာတွေထက် ပြည့်အင့်လွယ်စေသောကြောင့် အဆာခံနိုင်ပါတယ်။
International Journal of Obesity အဖွဲ့ရဲ့ ၂၀၀၃ခုနစ်လေ့လာချက်အရ ဗံဒါစေ့ကို ၆လထိစားသုံးတဲ့အမျိုးသမီးနဲ့ ဗံဒါစေ့လုံးဝမစားတဲ့အမျိုးသမီးတွေရဲ့ BMI တွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဗံဒါစေ့စားသုံးသူအမျိုးသမီးတွေက ဝိတ်ကျသွားတာတွေကို ဖော်ပြပေးထားပါတယ်။

၆) အာဟာရစုပ်ယူမှု ပိုများနိုင်ခြင်း
ဗံဒါစေ့စားသုံးခြင်းကြောင့် ဗီတာမင်အေနဲ့ ဒီ ကို ပိုမိုစုပ်ယူမှုများစေပါတယ်။ ဗံဒါစေ့မှာ အာဟာရစုပ်ယူမှုပိုများစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ အစာခြေစနစ်အင်ဇိုင်းတွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

၇) အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ခြင်း
Probiotic compounds တွေပါဝင်မှုကြောင့် အစာခြေစနစ်ကျန်းမာဖို့ ထောက်ပံပေးနိုင်ပါတယ်။ သင့်ရဲ့အစာခြေစနစ်မှာ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေအများအပြားက အစာခြေဖို့လုပ်ဆောင်ရပါတယ်။ ထိုဘက်တီးရီးယားတွေသာမရှိရင် အစာခြေစနစ်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ အာဟာရစုပ်ယူမှုလည်း အဆင်မပြေနိုင်တော့ပါဘူး။ ဗံဒါစေ့က ထိုအဖြစ်ကို ကာကွယ်နိုင်ပါတယ်။ Institute of Food Science and Technology in China မှ ၂၀၁၄ခုနစ်က လေ့လာချက်အရ ၈ပတ်အတွင်း ဗံဒါစေ့ ၅၆ ဂရမ်စားသုံးတဲ့အမျိုးသမီးတွေမှာ Lactobacillus နဲ့ Bifidobacterium ကဲ့သို့ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေပိုပြီး ဖြစ်ပေါ်စေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။

၈) ကင်ဆာဖြစ်ပေါ်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ခြင်း
ကင်ဆာဖြစ်ပေါ်စေတဲ့ free radicals တွေကို တိုက်ဖျက်နိုင်တဲ့ antioxidant တွေပါဝင်ပါတယ်။ ဗံဒါစေ့မှာ ပါဝင်တဲ့ဓာတ်တွေက ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလျော့ကျစေပြီး အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုများကို အဓိက လျော့ကျစေနိုင်တယ်လို့ လေ့လာချက်တွေအရသိရပါတယ်။

၉) အရိုးနဲ့သွားတွေကို သန်မာစေနိုင်ခြင်း
သတ္တုဓာတ်များစွာပါဝင်မှုကြောင့် ကျန်းမာလှပတဲ့အပြုံးကို ပိုင်ဆိုင်ဖို့ ကူညီနိုင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်နဲ့ ဖော့စထရတ်ပါဝင်မှုကြောင့် အရိုးသန်မာခြင်းနဲ့ သွားကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါတယ်။ အရိုးပွရောဂါဖြစ်ပွားခြင်းကို လျော့ကျစေနိုင်ပြီး အရိုးကျိုးလွယ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ သွားများပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၁၀) အယ်ကာလိုင်း ပါဝင်သော အစားအစာဖြစ်ခြင်း
အစာခြေစနစ်ကောင်းမွန်စေတဲ့အစားအစာဖြစ်ပြီး ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲက PH level ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က PH Level ကျသွားတဲ့အခါ သင့်ရဲ့ခုခံနိုင်စွမ်းက ပိုပြီးတိုးလာသလို သင့်ရဲ့အစာခြေလမ်းကြောင်းကလည်း ပိုပြီး အလုပ်လုပ်နိုင်ပါတယ်။
https://www.lifehack.org/369782/amazing-benefits-almond-5-refreshing-recipes လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။