ဒေါသထွက်ခြင်းက သင့်ကျန်းမာရေးအပေါ်ဘယ်လိုထိခိုက်စေသလဲ။

လူတိုင်းလိုလိုက မကြာခဏဒေါသထွက်တတ်ကြပါတယ်။ ဒေါသကြီးခြင်းက သင့်ကိုနှလုံးရောဂါနဲ့ လေဖြတ်ရောဂါဖြစ်ပေါ်နိုင်ချေများပါတယ်။ သင့်ရဲ့ခုခံစွမ်းအားကိုလည်းနည်းစေပါတယ်။


၁) နှလုံးကိုထိခိုက်စေပါတယ်။...
ဒေါသထွက်ခြင်းက ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်မှုများစေပြီး သင့်ရဲ့သွေးလည့်ပတ်မှုကို ထိခိုက်နိုင်ပါတယ်။ ဒေါသထွက်ပြီး နှစ်နာရီအတွင်းမှာ သင့်ရဲ့နှလုံးက သွေးခုန်နှုန်းတိုးလာပြီး နှလုံးထိခိုက်မှုဖြစ်ဖို့ အလားအလာများပါတယ်။ သင့်ရဲ့ဒေါသကို ဖော်ထုတ်ပြနေစဉ်မှာ သင့်ကိုသင်ထိန်းချုပ်နိုင်စွမ်းအားနည်းနေခြင်းက နှလုံးရောဂါနဲ့ဆက်စပ်နေပါတယ်။ လေ့လာတွေ့ရှိချက်အရ ဒေါသထွက်နေတဲ့လူတစ်ယောက်က ဒေါသနည်းတဲ့လူတစ်ယောက်ထက် နှစ်ဆနီးပါး နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ဒေါသကိုသင်ထိန်းချုပ်ပါ။ ဒေါသတကြီးပေါက်ကွဲပစ်မယ့်အစား ဆွေးနွေးဖို့ကြိုးစားပါ။

၂) လေဖြတ်ခြင်းအန္တရာယ်နဲ့ဆက်စပ်နိုင်ပါတယ်။
လေ့လာချက်တစ်ခုအရ ဒေါသပေါက်ကွဲပြီး နှစ်နာရီအတွင်းမှာ ဦးနှောက်သွေးယိုစီးခြင်းနဲ့ ဦးနှောက်သွေးခဲပိတ်ဆို့ခြင်းတွေ ဖြစ်ပေါ်နိုင်စွမ်းနှစ်ဆမြင့်တက်လာနိုင်ပါတယ်။ သင့်ရဲ့ဒေါသကိုထိန်းချုပ်ဖို့အတွက် ကောင်းတဲ့ဘက်ကိုလှည့်တွေးကြည့်ပြီး သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲပစ်လိုက်ပါ။ အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ သင့်ရဲ့ပတ်ဝန်းကျင်ကိုလည်းပြောင်းလဲပစ်လိုက်ပါ။ ဒါမှမဟုတ် သင့်ကိုဒေါသဖြစ်စေတဲ့ပတ်ဝန်းကျင်ကနေ ထွက်သွားတာ၊ လမ်းလျှောက်ထွက်လိုက်တာမျိုးလုပ်ပါ။

၃) သင့်ရဲ့ခုခံစွမ်းအားစနစ်ကို အားနည်းစေပါတယ်။
ဒေါသထွက်ခြင်းက သင့်တနုံနုံနဲ့ခံစားနေရမယ်ဆိုရင် သင့်ခံစားချက်ကကောင်းမွန်မှာမဟုတ်ပါဘူး။ ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာချက်အရ ကျန်းမာတဲ့လူတွေမှာ အတိတ်က စိတ်ဆိုးဒေါသထွက်ခြင်းကို ပြန်ပြီးတွေးတောနေခြင်းက ခြောက်နာရီအတွင်း ခန္ဓာကိုယ်ရဲ့အလိုအလျောက်ခုခံစွမ်းအားကိုလျော့နည်းစေပါတယ်။
တစ်စုံတစ်ယောက်က ဒေါသကြီးတာအလေ့အကျင့်လိုဖြစ်နေတယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်မှာ ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ခုခံစွမ်းအားက လျော့နည်းလာသလို၊ ဆက်ဆံရေးမှာလည်း အဆင်မပြေ၊ ပြဿနာဖြေရှင်းနိုင်စွမ်းလည်း လျော့ကျစေပါတယ်။ အဲဒါကြောင့် သင့်ရဲ့အတွေးတွေကို ပြန်ပြီး ဆန်းစစ်သင့်ပါတယ်။ အကောင်းဘက်ကတွေးသင့်ပါတယ်။ စိတ်တည်ငြိမ်အောင် ကြိုးစားသင့်ပါတယ်။

၄) စိုးရိမ်ပူပန်ခြင်းကို ဆိုးဝါးလာစေပါတယ်။
ဒေါသထွက်ခြင်းက ပြဿနာတွေကို စိုးရိမ်ပူပန်ခြင်းဖြစ်စေပြီး စိုးရိမ်ပူပန်မှုက သင့်ကိုစိတ်ဖိစီးစေပါတယ်။ ၂၀၁၂ကလေ့လာချက်အရ ဒေါသထွက်ခြင်းက စိုးရိမ်ပူပန်မှုလွန်ကဲခြင်းကို ပိုပြီးဖြစ်ပေါ်စေပါတယ်။ နေ့စဉ်ဘဝမှာ အလွန်အကျွံ့စိုးရိမ်ပူပန်ခြင်း၊ စိုးရိမ်မှုကို မထိန်းချုပ်နိုင်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။

၅) စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။
ဒေါသထွက်ခြင်းက စိတ်ဓာတ်ကျခြင်းနဲ့ဆက်စပ်နေပါတယ်။ များစွာသောလေ့လာချက်တွေအရ စိတ်ဓာတ်ကျခြင်းက ဒေါသပေါက်ကွဲခြင်း နဲ့ဆက်စပ်နေတယ်လို့ဖော်ပြကြပါတယ်။ ဒေါသထွက်ခြင်းနဲ့စိတ်ဓာတ်ကျခြင်းက ရောထွေးဖြစ်ပေါ်နေပြီး သင့်အတွက် အခက်အခဲဖြစ်လာစေပါတယ်။ အဲဒါကြောင့် ဒေါသထွက်ခြင်းကိုအကောင်းဆုံးကုသဖို့ကတော့ ဂေါက်သီးရိုက်သလိုပါပဲ။ တစုံတခုကို အာရုံစိုက်လိုက်တဲ့အခါ မကောင်းတဲ့အတွေး၊ အမြင်၊ ဒေါသစိတ်ခံစားချက်တွေကို ဖယ်ရှားလိုက်ပါတယ်။ ဒေါသတွေမကောင်းတဲ့စိတ်ခံစားချက်ကို ထည်ထားစရာအခန်းလွတ်မရှိတော့သလိုဖြစ်သွားပါတယ်။ အဲဒါကြောင့် လက်ရှိလုပ်စရာရှိတာကိုသာ သေချာအာရုံစူးစိုက်ထားပြီး အလုပ်လုပ်ထားလိုက်ပါ။

၆)အဆုတ်ကိုထိခိုက်စေပါတယ်။
ဆေးလိပ်မသောက်ပေမယ့် ဒေါသထွက်ခြင်းက သင့်ရဲ့အဆုတ်ကိုထိခိုက်စေပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့သိပ္ပံပညာရှင်တွေဖော်ပြချက်အရ လူပေါင်း ၆၇၀ကို ၈နှစ်တိတိလေ့လာကြည့်တဲ့အခါ ဒေါသထွက်ကြိမ်များတဲ့လူတွေမှာ အဆုတ်လုပ်ဆောင်ချက်ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ အဆုတ်ရဲ့လုပ်ဆောင်ချက်ဆိုးဝါးစွာပြောင်းလဲသွားပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်လာပါတယ်။ စိတ်ဖိစီးမှုများစေတဲ့ဟော်မုန်းတွေထုတ်လွှတ်မှုများစေပြီး အသက်ရှုလမ်းကြောင်းရောင်ရမ်းခြင်းဖြစ်ပေါ်လာပါတယ်။

၇) ဒေါသထွက်ခြင်းက သင့်ကိုအသက်တိုစေနိုင်ပါတယ်။
ပျော်ရွှင်တဲ့လူတွေက ဘဝမှာပိုပြီးအသက်ရှည်စေပါတယ်။ စိတ်ဖိစီးမှုများက သင့်ရဲ့ယေဘုယျကျန်းမာရေးပြဿနာတွေနဲ့သက်ဆိုင်နေပါတယ်။ ဒေါသနဲ့စိတ်ဖိစီးမှုက သင့်ကိုအသက်တိုစေတယ်လို့ Michigan တက္ကသိုလ်ကလေ့လာတွေ့ရှိခဲ့ပါတယ်။
https://www.everydayhealth.com/news/ways-anger-ruining-your-health/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။