ကြက်မောက်သီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ကြက်မောက်သီးမှာ ကယ်လိုရီနည်းပါးပြီး ဗီတာမင်စီနဲ့ သံဓာတ်ပါဝင်ပါတယ်။ antioxidants ကြွယ်ဝတာကြောင့် free radicals တွေကို တိုက်ဖျက်နိုင်ပြီး ကင်ဆာ၊ ရောင်ရမ်းခြင်း၊ နှလုံးရောဂါတွေကို တိုက်ဖျက်ရာတွင်အကူအညီဖြစ်စေပါတယ်။ ကြက်မောက်သီးစားခြင်းရဲ့အကျိုးတွေကတော့..........


၁) ဆီးချိုရောဂါကုသရာတွင်အသုံးဝင်ခြင်း
တရုတ်ဆေးနည်းတွေမှာ ကြက်မောက်သီးအခွံက ဆီးချိုရောဂါကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိတယ်လို့ဆိုကြပါတယ်။ ကြွက်တွေမှာစမ်းသပ်တဲ့အခါ သွေးထဲက ကလူးကိုစ့်တွေ လျင်မြန်စွာကျဆင်းစေတယ်လို့တွေ့ရှိခဲ့ပါတယ်။

၂) ဝိတ်ထိန်းပေးနိုင်ခြင်း
လေ့လာချက်တွေအရ ကြက်မောက်သီးမှာ ဝိတ်ကိုထိန်းပေးနိုင်တယ်လို့တွေ့ရပါတယ်။ အမျှင်ဓာတ်လည်းပါဝင်တာကြောင့် အချိန်အတော်ကြာအောင် အဆာခံတာကြောင့် ဝိတ်ကျဖို့လည်း အကူအညီဖြစ်စေတယ်လို့ဆိုပါတယ်။

၃) နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း
အမျှင်ဓာတ်ကြွယ်ဝတာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်ပွားနိုင်ချေကိုလျော့ကျစေပါတယ်။ ကိုလက်စထရောကျစေပြီး သွေးတိုးခြင်းကိုလည်း ကူညီနိုင်ပါတယ်။ ထိုနှစ်မျိုးစလုံးမြင့်တက်ခြင်းက နှလုံးကိုထိခိုက်စေနိုင်တာကြောင့် ကြက်မောက်သီးစားခြင်းကနှလုံးထိခိုက်မယ့်အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။

၄) အရိုးကျန်းမာစေခြင်း
Phosphorus ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကျောက်ကပ်ကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

၅) ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုလျော့ကျစေခြင်း
Antioxidant ကြွယ်ဝစွာပါဝင်ခြင်းက ကင်ဆာကာကွယ်နိုင်တဲ့အကြောင်းရင်းဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကိုလည်းသက်သာစေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေကိုလည်း ကာကွယ်ပေးနိုုင်ပါတယ်။ vitamin C ကြောင့် ကိုယ်ခံအားကောင်းစေပါတယ်။

၆) ဘက်တီရီးယားတွေကိုသေစေခြင်း
လေ့လာချက်တွေအရ ဘက်တီးရီးယားတွေကို သေစေတာကြောင့် ခန္ဓာကိုယ်မှာကပ်ညှိနေတဲ့ပိုးမွှားတွေကို သေစေပါတယ်။ ခန္ဓာကိုယ်တွင်း အခြားသော ကပ်ပါးတွေကြောင့် ရောဂါကူးစက်မှုမှ ကာကွယ်ပေးနုငိပါတယ်။

၇) စွမ်းအင်တိုးစေခြင်း
carbohydrates နဲ့ protein ကြွယ်ဝစွာပါဝင်တာကြောင့် စွမ်းအင်ကိုလည်းတိုးစေပြီး Vitamin C ပါဝင်တာကြောင့် ကိုယ်ခံအားလည်းတိုးစေပါတယ်။

၈) အစာခြေစနစ်ကောင်းမွန်စေခြင်း
အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ အစာခြေလွယ်ပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ အူထဲက ဘက်တီးရီးယားတွေကိုလည်း သေစေတာကြောင့် သံကောင်တွေကိုလည်း သေစေပါတယ်။
https://www.stylecraze.com/articles/amazing-health-benefits-of-rambutan/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။