ဗီတာမင်ချို့တဲ့သောအခါ ပြသသော လက္ခဏာများ

ဗီတာမင်ချို့တဲ့သောအခါ သက်ဆိုင်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ပါတယ်။ တော်တန်ရုံလည်း ဗီတာမင်ချို့တဲ့နေမှန်း သတိမထားမိတတ်ကြပါဘူး။ အဲဒီ့အခါ နောက်ဆက်တွဲရောဂါတွေဖြစ်လာမှသာ သိတတ်ကြတာမျိုးမို့ မဖြစ်သင့်တာမဖြစ်ရအောင် ဗီတာမင်ချို့တဲ့ချိန်မှာ ပြတတ်တဲ့လက္ခဏာလေးတွေဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာကြံ့ခိုင်ဖို့အတွက် ဗီတာမင်ဓာတ်တွေအများကြီးလိုပါတယ်။ ဗီတာမင်ချို့တဲ့သောအခါမှာ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့ပျက်ကွက်တော့တာပါပဲ။ အောက်ပါလက္ခဏာစတင်ခံစားရပြီဆိုတာနဲ့ သင့်ကိုယ်သင်ဗီတာမင်ဓာတ်ချို့တဲ့နေပြီလို့ ယူဆနိုင်ပါတယ်။


၁) ခြေထောက်အဆက်မပြတ်တုန်ခြင်း
ခြေထောက်တုန်တာ အကြိမ်ရေစိပ်လာတဲ့အခါ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ ခြေထောက်တွေတုန်နေတာကို ဘယ်လိုမှမထိန်းချုပ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ထိုရောဂါမျိုးကို Willis-Ekbom disease လို့လည်းခေါ်ကြပါတယ်။ ခန္ဓာကိုယ်မှာလိုအပ်နေတဲ့သံဓာတ်ပမာဏထက် လျော့နည်းနေတဲ့သံဓာတ်ကြောင့် ဒီလိုလက္ခဏာမျိုးဖြစ်လာရတာပါ။ ထိုလက္ခဏာမျိုးပြနေပြီဆိုရင်တော့ သံဓာတ်ပြည့်ဝတဲ့အစားအစာတွေ စားဖို့လိုနေပြီဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ အသားတွေ၊ အစိမ်းရောင်အရွက်တွေ၊ အခွံမာအသီးတွေ စားပေးခြင်းဖြင့် သံဓာတ်ရရှိနိုင်ပါတယ်။
၂) ဗောက်ထခြင်း
အချို့သောသူတွေက ဗောက်ထခြင်းဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုလိုပဲ သတ်မှတ်ထားကြပါတယ်။ သင့်ရဲ့အရေပြားက အဆီတွေကို မထုတ်လုပ်ပေးတော့တဲ့အခါ သင်ဦးရေပြားတွေ၊ သင့်အရေပြားတွေ ကွဲအက်ခြောက်သွေ့တော့တာပါပဲ။ အဲဒါကြောင့် အရေပြားခြောက်သွေ့တာတွေ၊ ဗောက်ထတာတွေဖြစ်ပြီဆိုရင်တော့ သင့်မှာ ဗီတာမင်ဓာတ်တစ်မျိုးမျိုးချို့တဲ့နေတာပါပဲ။ ဦးရေပြားမှာ ဗောက်တွေဖြစ်လာပြီ၊ အရေပြားခြောက်သွေ့လာပြီဆိုတာက သင့်ရဲ့အရေပြားက လိုအပ်တဲ့အဆီပမာဏမထုတ်လုပ်တော့လို့ပါ။ အဲဒါက သင့်ခန္ဓာကိုယ်မှာ ဇင့်ဓာတ် နဲ့ riboflavin (vitamin B2)၊ niacin ၊ pyridoxine (Vitamin B6) စတဲ့ဓာတ်တွေချို့တဲ့နေတာကို ပြသနေတာပဲဖြစ်ပါတယ်။ သင့်အရေပြားနဲ့ ဦးရေပြား စိုပြေဖို့အတွက် လုံလောက်တဲ့ အဆီပမာဏကို မထုတ်လုပ်နိုင်တဲ့အခါ အရေပြားခြောက်သွေ့ခြင်းနဲ့ ဖောက်ထခြင်းတွေဖြစ်ပေါ်လာတာတတ်ပါတယ်။ ကြက်သား၊ ဥအမျိုမျိုး၊ မုန်လာဥနီ၊ ပြောင်းဖူး၊ ကန်စွန်းဥ စတဲ့အသီးအနှံမျိုးတွေစားပေးသင့်ပါတယ်။
၃) သွားဖုံးကြားမှသွေးစိမ့်ယိုခြင်း
သင့်သွားဖုံးကြားကနေ သွေးထွက်တဲ့အခါ သင်သတိထားမိမှာပါ။ သွားတိုက်တဲ့အခါ ပြင်းထန်စွာ ပွတ်တိုက်မိတာမျိုးဖြစ်ရင်လည်း သွားဖုံးကြားကသွေးထွက်စေနိုင်ပါတယ်။ ဒါပေမယ့် ဘာမှမထိခိုက်မိဘဲ သွားဖုံးကြားကနေ သွေးထွက်တာမျိုးကတော့ ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့်ပါ။ သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ ဗီတာမင်စီက ဒဏ်ရာများကို သက်သာစေနိုင်ပြီး သင့်ရဲ့ဆဲလ်တွေပျက်စီးခြင်းမှာ ကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာ ဗီတာမင်စီ ချို့တဲ့နေပြီဆိုရင်တော့ သင့်ရဲ့ ဆဲလ်တွေက ထိခိုက်လွယ်လာပါတယ်။
၄) နှုတ်ခမ်းထောင့်များ အက်ကွဲခြင်း
နှုတ်ခမ်းထောင့်များက ခြောက်သွေ့တဲ့အခါ အက်ကွဲလာတတ်ပါတယ်။ နှုတ်ခမ်းခြောက်သွေ့ခြင်းကလည်း သင့်အရေပြားအစိုဓာတ်မရတဲ့အတွက် ဖြစ်ပါတယ်။ နှုတ်ခမ်းတွေအက်ကွဲခြင်း၊ နှုတ်ခမ်းထောင့်တွေအက်ကွဲခြင်းက ဗီတာမင် ဘီအုပ်စုတစ်ချို့နဲ့ သံဓာတ်ချို့တဲ့ခြင်းကြောင့်ပါ။
၅) ဆံသားနဲ့ လက်သည်းခြေသည်း ကျိုးလွယ်ခြင်း
သင့်ရဲ့ဆံပင်နဲ့ သင့်ရဲ့လက်သည်းခြေသည်းတွေက သင့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ လုံလောက်စွာရှိတယ်ဆိုရင် မကျိုးလွယ်၊ မကျွတ်လွယ်နိုင်ပါဘူူး ။ အဲလိုမဟုတ်ဘဲ ဆံပင်တွေအရမ်းကျွတ်နေတာမျိုး၊ လက်သည်းခြေသည်း ကျိုးလွယ်တာမျိုးဖြစ်နေပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ biotin ဆိုတဲ့ဓာတ်တစ်မျိုးလိုအပ်နေလိုပါပဲ။ biotin ဓာတ်က သင့်ဆံသားနဲ့ လက်သည်းခြေသည်းကို စိုပြေနေစေပါတယ်။ ဆံသားဆိုလည်း တောက်ပြောင်နေပြီး လက်သည်းခြေသည်ဆိုလည်း ပန်းရောင်သမ်းပြီး လှပနေစေတာမျိုးပေါ့။ biotin ဓာတ်ပြည့်ဝတဲ့အစားအစာတွေစားပေးခြင်းဖြင့် ထိုလက္ခဏာတွေကို သက်သာစေနိုင်မှာပါ။ ကြက်ဥအကာ၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်၊ အစေ့အဆန်ပါတာတွေ စားပေးနိုင်ပါတယ်။
၆) အရေပြားပေါ်မှာ အနီစက်တွေထွက်ခြင်း
အရေပြားမှာ အနီစက်တွေထွက်ခြင်းက ဗီတာမင်အေနဲ့ ဗီတာမင်စီချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အနီစက်တွေက သင့်ရဲ့ ပါးပြင်၊ လက်မောင်း၊
ပေါင်၊ ဦးခေါင်းနားတစ်ဝှိုက်မှာ အဖြစ်များပြီး အရေပြားကနေ အနီစက်အဖြစ်စူထွက်လာတာမျိုးဖြစ်တတ်ပါတယ်။ အချို့ကတော့ ကလေးငယ်ဘဝမှာ ထွက်ပေါ်လာပြီး အရွယ်ရောက်တဲ့အခါ အလိုအလျောက်ပျောက်သွားတတ်ကြပါတယ်။ အဲဒါဆိုရင်တော့ မျိုးရိုးကြောင့်ဖြစ်ပေါ်လာတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လူကြီးတွေမှာ ပေါ်ထွက်လာတာမျိုးဆိုရင်တော့ ဗီတာမင်ချို့တဲ့ခြင်းကြောင့်ပါ။
၇) ညအချိန်မှာ အမြင်အာရုံကြည့်မကောင်းခြင်း
တခါတလေမှာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က လိုအပ်နေတဲ့ဗီတာမင်ဓာတ်ကြောင့်လည်း အမြင်အာရုံေ၀ဝါးတာမျိုးဖြစ်နိုင်ပါတယ်။ ဗီတာမင်အေ ချို့တဲ့တဲ့အခါ ညအချိန်မှ အမြင်အာရုံကြည့်မကောင်းတာမျိုးဖြစ်နိုင်ပါတယ်။ (တစ်နေ့လုံး ဘယ်အရာကြည့်ကြည့်အဆင်ပြေတတ်ပေမယ့် ညရောက်တဲ့အခါ အလင်းရောင်အားနည်းလေ၊ အလိုလိုကို အမြင်အာရုံကို အနှောင့်အယှက်ဖြစ်စေတာမျိုးပါ)
၈) ဆံပင်ကျွတ်များခြင်း
ဆံပင်အကျွတ်များခြင်းကလည်း ဗီတာမင်ချို့တဲ့ခြင်းကြောင့်ပါပဲ။ တစ်ချိန်တည်းမှာ ဆံပင်တွေအများကြီးကျွတ်တာမျိုးက ဗီတာမင်ဓာတ်ချို့တဲ့နေပြီဆိုတာ ပြသနေတာပါပဲ။ ခန္ဓာကိုယ်မှာ သံဓာတ် ၊ ဇင့် ၊ နဲ့ niacin ဓာတ်ချို့တဲ့နေလို့ ဆံပင်အကျွတ်များခြင်းဖြစ်ပါတယ်။
အထက်ပါ လက္ခဏာတွေထဲက တစ်မျိုးမျိုးဖြစ်နေတယ်လို့ ခံစားရရင်တော့ သင့်ရဲ့ အစားအသောက်ပုံစံကို ပြုပြင်ပြီး လိုအပ်တဲ့ဗီတာမင်ဓာတ်ပါဝင်တဲ့အစားအစာမျိုး စားသုံးပေးသင့်ပါတယ်။
ထိုကဲ့သို့ ပြုပြင်စားသုံးခြင်းက သင့်ရဲ့ခန္ဓာကိုယ် ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်လို့ တိုက်တွန်းပြီး ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။
https://thedailynutrition.com/vitamin-deficiency/ လင့်မှဘာသာပြန်ဖော်ပြထားပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။