ရေဓာတ်ချို့တဲ့နေမှန်းပြသနေသော လက္ခဏာများ

ထမင်းအသက် ၇ရက်၊ ရေအသက်တစ်မနက်ဆိုသလိုပဲ။ ရေဓာတ်က ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အများကြီးအရေးပါပါတယ်။ သက်ရောက်မှုလည်း အများကြီးရှိပါတယ်။ ရေဓာတ်ချို့တဲ့သောအခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တစ်ချို့လည်း အဆင်မပြေနိုင်သလို၊ ကျောက်ကပ်အတွက်လည်း လုံးဝမကောင်းပါဘူး။ အခြားသောနောက်ဆက်တွဲ ရောဂါတွေလည်း အများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ရေဓာတ်ချို့တဲ့ တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ လက္ခဏာလေးတွေ ဖတ်ကြည့်လိုက်ပါအုံး။


အစာခြေစနစ်


တစ်နေ့ကို အူမကြီးလုပ်ရှားမှု ၁ကြိမ်မှ ၂ကြိမ်ခန့်ရှိသင့်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ သင့်ခန္ဓာကိုယ်ထဲက ရေနဲ့ အစာတွေ မလုပ်ရှားဘူးလို့ ပြသနေတာပါပဲ။ ရေက အစာခြေစနစ်အဆင်ပြေစေဖို့အတွက် အရေးကြီးပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ပတ်သက်နေပါတယ်။


မနက်ခင်း ဆီးအရောင်


သင့်ရဲ့ဆီးအရောင်က အရောင်ဖျော့နေတယ်ဆိုရင် သင့်ကျောက်ကပ်က အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ သင်ရေများများသောက်သင့်နေပါပြီ။


အရေပြား


သင့်အရေပြားမှ ဝက်ခြံတွေ၊ အရေပြားခြောက်သွေ့မှုတွေနဲ့ နှင်းခူတွေဖြစ်ပေါ်နေပြီဆိုရင် သင်ရေများများသောက်သင့်နေပြီလို့ ပြသနေတဲ့လက္ခဏာပါပဲ။ ကျောက်ကပ်က လင့်(သွေးဖြူဆဲလ်များပါသည့်အရည်ကြည်)အတွက် အရည်ကြည်တွေစစ်မထုတ်ပေးတော့ဘူးဆိုရင် သင့်အရေပြားက အရောင်ဖျော့လာတာမျိုး၊ ခြောက်သွေ့လာတာမျိုး၊ နှင်းခူဖြစ်လာတာမျိုး၊ ဝက်ခြံထွက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်အရေပြားက သင့်ကျောက်ကပ်ရဲ့ပြယုဂ်ပါပဲ။
အထက်ပါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေပါပြီနော်။ အမျိုးသားတွေအတွက် တစ်နေ့လျှင် 3.7 Liters လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ 2.7 Liters သောက်သုံးဖို့လိုအပ်ပါတယ်နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။