သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေတဲ့လက္ခဏာများ

မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေတဲ့ခုခံအားကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ဗီတာမင်စီပမာဏကို ဖြည့်ဆည်းပေးဖို့လိုပါတယ်။ အဲဒါမှ ခန္ဓာကိုယ်က ခုခံအားကောင်းမွန်စေတာဖြစ်ပါတယ်။ လိုအပ်တဲ့ပမာဏမပြည့်ဝရင်တော့ ခန္ဓာကိုယ်မှာ လက္ခဏာတွေပြတတ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီပမာဏချို့တဲ့နေပြီဆိုရင်တော့ အောက်ပါလက္ခဏာတွေပြသတတ်ပါတယ်။


၁) သွားဖုံးတွေမှာ သွေးထွက်လွယ်ပါတယ်။
သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီနည်းပါးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့တစ်ရှုးတစ်မျိုးဖြစ်တဲ့ epithelium tissue တွေကြံ့ခိုင်မှုအားနည်းလာပါယတ်။ ထိုတစ်ရှုးက သွားနဲ့သွားဖုံးလို အခေါင်းပေါက်တွေမှာရှိတဲ့တစ်ရှုးအမျိုးအစားဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့သွားနဲ့ သွားဖုံးတွေမှာ သွေးယိုတာတွေ၊ ဘာမှမဖြစ်ဘဲနဲ့ကို သွေးထွက်လာတာမျိုးတွေဖြစ်လာတတ်ပါတယ်။ သွားဖုံးယောင်တာတွေဖြစ်လာပါတယ်။ သွားဖုံးကနေ ရောဂါပိုးတွေကူးစက်မှုဖြစ်နိုင်ပြီး သွားတွေပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။

၂) သင့်ဆံသားတွေခြောက်သွေ့နေပြီး အဖျားနှစ်ခွဖြစ်တတ်ပါတယ်။
ဆံသားအတွက်လည်း လိုအပ်တဲ့ဗီတာမင်ဖြစ်တာကြောင့် ဗီတာမင်စီပမာဏ နည်းပါးလာတဲ့အခါ သင့်ဆံသားတွေအမြစ်ကနေစပြီး ဆံသားအတွက်လိုအပ်တဲ့အဆီမထုတ်လုပ်နိုင်တော့ပါဘူး။ အဲဒီ့အခါ ဆံသားခြောက်သွေ့လာပြီး အဖျားနှစ်ခွဖြစ်လာတတ်ပါတယ်။ ဗီတာမင်စီက ဆံသားသန်စွမ်းမှုကိုကူညီပေးပြီး သင့်ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။ ဗီတာမင်စီချို့တဲ့သောအခါ ဆံသားသန်စွမ်းမှုနှေးစေပြီး ဆံပင်ကျွတ်လွယ်စေပါတယ်။

၃) မကြာခဏနှာခေါင်းသွေးလျှံတတ်ပါတယ်။
ခန္ဓာကိုယ်မှာ ဗီတာမင်စီ လိုအပ်သလောက်မရတဲ့အခါ သွေးကြောမျှင်ကလေးတွေ အားနည်းလာပါတယ်။ နှာခေါင်းထဲမှာ သွေးကြောမျှင်ပေါင်းများစွာရှိနေတဲ့အတွက်ကြောင့် ထိုနေရာကသွေးကြောမျှင်တွေ အထိမခံဖြစ်လာပြီး သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒါကြောင့် မကြာခဏနှာခေါင်းသွေးလျှံတာမျိုးဖြစ်တတ်ပါတယ်။

၄) အရေပြားခြောက်သွေ့၊ ကြမ်းတမ်းပြီး အနီစက်တွေထွက်လာတတ်ပါတယ်။
သင့်အရေပြားတွေ ခြောက်သွေ့အက်ကွဲတာ၊ ကြမ်းတမ်းတာ၊ အနီစက်တွေထွက်လာတယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီချို့တဲ့နေလို့ပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က အရေပြားရဲ့ကောလိပ်ဂျင်တွေကို ထုတ်လုပ်ပေးဖို့ ဗီတာမင်စီလိုအပ်ပါတယ်။ ဗီတာမင်စီလိုသလောက်မရနိုင်တဲ့အခါ သင့်အရေပြားမှာ ပြဿနာတွေဖြစ်လာပါတော့တယ်။

၅) ညိုမည်းကွက်များပေါ်လာတတ်ပါတယ်။
သင့်ရဲ့သွေးကြောမျှင်တွေအားနည်းလာတဲ့အတွက် အရေပြားပေါ်မှာ အညိုမည်းကွက်တွေဖြစ်လာပါတယ်။ ဘာနဲ့မှ မထိခိုက်မိဘဲ သင့်အရေပြားမှာ အညိုကွက်တွေဖြစ်နေတယ်ဆိုရင် အဲဒါဗီတာမင်စီချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ တစ်နေ့လျှင် ဗီတာမင်စီ
ပမာဏ ၄၀၀မီလီဂရမ်ခန့်စားပေးသင့်ပါတယ်။

၆)အနာကျက်နှေးတတ်ပါတယ်။
မတော်တဆဖြစ်မိတဲ့အနာတွေရှိနေမယ်ဆိုရင်လည်း အနာကျက်နှေးတတ်ပါတယ်။ တခုခုအနာဖြစ်မိလို့ အနာကျက်တာနှေးနေတယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီဓာတ်လိုအပ်နေလို့ပါ။ အဓိကက ဗီတာမင်စီသည် အရေပြားရဲ့တစ်ရှုးတွေကို ပြန်လည်သန်စွမ်းစေတာကြောင့်ဖြစ်ပါတယ်။
၇) အဆစ်တွေနာတတ်ပါတယ်။
ဗီတာမင်စီပမာဏ လုံလောက်အောင် ခန္ဓာကိုယ်ကမရဘူးဆိုရင် အဆစ်အမြစ်တွေနာကျင်တာမျိုးဖြစ်တတ်ပါတယ်လို့ လေ့လာချက်တွေမှာတွေ့ရပါတယ်။

၈) အအေးမိဖျားနာဖြစ်လွယ်ပါတယ်။
ဗီတာမင်စီက သွေးဖြူဥတွေထုတ်လုပ်ပေးဖို့ကူညီတာကြောင့် ဗိုင်းရပ်နဲ့ဘက်တီးရီးယားတွေကို တိုက်ခိုက်နိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ကဆဲလ်တွေရောဂါကူးစက်မှုကို ခံနိုင်ရည်ရှိအောင် ကူညီတာဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီလျော့နည်းနေပြီဆိုရင်တော့ သွေးဖြူဥတွေထုတ်လုပ်မှုနည်းသွားပါပြီ။ အဲဒီ့အခြား ပြင်ပက ကူးစက်ရောဂါတွေဖြစ်တဲ့ အအေးမိ၊ ဖျားနာတာ လည်ချောင်းနာတာတွေဖြစ်လွယ်ပါတယ်။

၉)မောပန်းလွယ်ခြင်းဖြစ်တတ်ပါတယ်။
လှုပ်ရှားမှုတွေဘာမှမလုပ်ရဘဲ အလိုလိုမောနေတတ်တယ်ဆိုရင် ဘာကြောင့်လဲလို့စဉ်းစားဖူးလား။ ဗီတာမင်စီချို့တဲ့ခြင်းက သင့်ကိုမောပန်းလွယ်စေပါတယ်။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လည်း ဆက်စပ်နေပါတယ်။ ကျောင်းသားတွေကို လေ့လာချက်အရ စိုးရိမ်သောကဖြစ်နေတဲ့သူတွေမှာ ဗီတာမင်စီလိုအပ်သလောက်စားသုံးပေးခြင်းကြောင့် ပူပန်စိုးရိမ်မှုတွေ ၃၄ရာခိုင်နှုန်းခန့်လျော့ကျသွားစေတာကို တွေ့ရပါတယ်။

ဗီတာမင်စီရရှိဖို့ သဘာဝနည်းလမ်းကတော့ အသီးနဲ့ဟင်းသီးဟင်းရွက်များများစားသုံးပေးပါ။ ဘရိုကိုလီ၊ ကိုက်လန်၊ ဟင်းနုနယ်၊ ဘယ်ရီသီးနဲ့ ချဉ်တဲ့အသီးတွေကို စားပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကိုတော့ ချက်ပြုတ်လိုက်တဲ့အခါမှာ သူတို့ရဲ့ဗီတာမင်ဓာတ်တွေ လျော့နည်းသွားစေပါတယ်။ အဲဒါကြောင့် လတ်ဆတ်တဲ့အသီးအနှံတွေကို စားရင်တော့ ဗီတာမင်စီပိုရစေပါတယ်။
https://www.powerofpositivity.com/low-vitamin-c/?fbclid=IwAR2RPZUpLX9Xa-EFaIYRjrakPa448cHTqhbJSXf973vPvCmpZz3tfXzrC4o လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။