ဂေါ်ရခါးသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ဂေါ်ရခါးသီးမှာ အမျှင်ဓာတ်ပါဝင်ခြင်း၊ antioxidants တွေပါဝင်ခြင်း မရှိမဖြစ်အာဟာရဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်အကျိုးများစေပါတယ်။ protein, manganese, zinc, potassium, magnesium နဲ့ vitamins C, B9, K နဲ့ B6 တို့ပါဝင်တဲ့အပြင် calories, fat, sodium နဲ့ carbs ပါဝင်မှုနည်းပါးပါတယ်။ Folate ဓာတ်လည်း ကြွယ်ဝတာကြောင့် ဆဲလ်သစ်တွေဖြစ်ပေါ်စေပြီး ကျန်းမာရေးအတွက် အထူးအကျိုးရှိစေပါတယ်။ ဂေါ်ရခါးသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


၁) antioxidants ကြွယ်ဝခြင်း
ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ quercetin, myricetin, morin နဲ့ kaempferol စတဲ့ antioxidants တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းဆဲလ်တွေပျက်စီးခြင်း၊ ရောင်ရမ်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖိအားတွေကို လျှော့ချပေးနိုင်ပါတယ်။
Myricetin ဓာတ်က ကင်ဆာမဖြစ်အောင် ကူညီပေးနိုင်ပြီး ဆီးချို၊ နဲ့ အခြားရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေတဲ့အစွမ်းရှိပါတယ်။

၂) နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
ဂေါ်ရခါးသီးကို စားခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချဖို့ကူညီနိုင်တယ်။ သွေးဖိအားများခြင်း၊ ကိုလက်စထရောများခြင်း နဲ့ သွေးလည်ပတ်မှုမကောင်းခြင်းကို သက်သာစေပါတယ်။ အမျှင်ဓာတ်များစွာပါဝင်တာမို့ နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့နည်းစေပါတယ်။

၃) သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ခြင်း
Carbs ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်များတာကြောင့် သွေးထဲက သကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ကြောင့် ကာဗွန်ဟိုက်ဒရိတ်တွေခြေဖျက်ခြင်းနဲ့ စုပ်ယူခြင်းနှေးစေပါတယ်။ အဲဒါက သင့်သွေးထဲကသကြားဓာတ်ကို လျော့ကျစေပါတယ်။ သွေးထဲကသကြားဓာတ်ကိုထိန်းနိုင်တဲ့အခါ အမျိုးအစား ၂ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

၄) ကိုယ်ဝန်ဆောင်အတွက်ကောင်းစေခြင်း
Folate, vitamin B9 ပါဝင်မှုက ကိုယ်ဝန်ဆောင်ချိန်မှာ ရဖို့အရေးကြီးပါတယ်။ သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးပြီး အချိန်မတိုင်မီမီးဖွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၅) ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ကူညီနိုင်ခြင်း
ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ကွန်ပေါင်းတွေအရ ကင်ဆာဆဲလ်တွေဖြစ်ပေါ်ခြင်းကို တားဆီးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ သားအိမ်လည်တံကင်ဆာနဲ့ သွေးကင်ဆာကဲ့သို့ကင်ဆာတွေဖြစ်ပွားနိုင်ချေလျှော့ချပေးနိုင်ပါတယ်။

၆) အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း
Antioxidants တွေပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း free radical တွေပျက်စီးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ vitamin C ပါဝင်တာကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်ပြီး နုပျိုတဲ့ရေပြားကိုရရှိစေပါတယ်။

၇) ဝိတ်ထိန်းပေးနိုင်ခြင်း
ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်များတာကြောင့် အစာအိမ်ထဲပြည့်နေသလိုခံစားရစေပါတယ်။ အချိန်အတန်ကြာအောင် ဗိုက်ပြည့်နေစေတာကြောင့် မကြာခဏ အစာစားချင်စိတ်ကိုလျော့ကျစေပါတယ်။
https://www.medicaldaily.com/7-chayote-squash-health-benefits-will-surprise-you-432369 လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။