အရိုးရှင်းဆုံး ကျန်းမာတဲ့နေထိုင်မှုပုံစံများ

ကျန်းမာတဲ့ဘဝဆိုတာက ခန္ဓာကိုယ်ရော၊ စိတ်ပါ ကျန်းမာအောင် ကြိုးစားအားထုတ်ပြီး နေထိုင်တာဖြစ်ပါတယ်။ ကျန်းမာတဲ့နေထိုင်မှုပုံစံဖြစ်အောင် အာဟာရပြည့်ဝတဲ့အစားအစာတွေစားသုံးဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ နဲ့ လုံလောက်စွာအနားယူဖို့လိုအပ်ပါတယ်။ ကျန်းမာစွာနေထိုင်တတ်တဲ့အလေ့အကျင့်က လူတိုင်းအတွက်လိုအပ်ပါတယ်။ အမြဲတမ်းတော ကျန်းမာစေတဲ့အစားအစာတွေကို ဂရုတစိုက်စားဖို့၊ ကျန်းမာရေးနဲ့ညီညွှတ်အောင်နေထိုင်ဖို့က လွယ်တော့မလွယ်ပါဘူး။ အလုပ်ရှုပ်လွန်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကျန်းမာရေးနဲ့ညီညွှတ်အောင်နေထိုင်ဖို့ မေ့လျော့နေတတ်ပါတယ်။ အဲဒီ့အခါမျိုးမှာ အမျိုးမျိုးသော ရောဂါပေါင်းစုံကူးစက်တာမျိုးဖြစ်လာတတ်ပါတယ်။


အဲဒါကြောင့် အရိုးရှင်းဆုံးနည်းလမ်းနဲ့ ကျန်းမာရေး ဂရုစိုက်ပြီးသားဖြစ်စေမယ့်အချက်လေးတွေကို နေ့စဉ်ပြုလုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
၁) ရေများများသောက်ပါ။
ရေကို တစ်နေ့တာမှာ လိုအပ်တဲ့ပမာဏရအောင် သောက်သုံးသင့်ပါတယ်။ ရေသောက်ခြင်းက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ တနေ့တာလုံးမှာ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ စတဲ့အကြောင်းအရာတွေနဲ့ ရေဓာတ်ကို ကျွန်တော်တို့က ပြန်လည်ဆုံးရှုံးတတ်ပါတယ်။ အဲဒါကြောင့် ရေဓာတ်ပြန်လည်ပြည့်ဝဖို့လိုပါတယ်။ တနေ့တာမှာ ရေ ၂.၇လီတာမှ ၃.၇လီတာထိ သောက်သုံးဖို့လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ဆီးသွားနည်းခြင်း၊ ဆီးအရောင်ပြောင်းခြင်း၊ ပါးစပ်ခြောက်သွေ့အက်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း စတဲ့လက္ခဏာတွေပြတတ်ပါတယ်။

၂) အိပ်ရေး၀၀အိပ်ပါ။
အိပ်စက်ခြင်းနဲ့ အနားယူခြင်းက ကျန်းမာဖို့အတွက် အဓိကကျတဲ့အချက်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကကောင်းစွာအနားမယူရတဲ့အခါ ခုခံအားနည်းလာနိုင်ပါတယ်။ အဲဒီ့အခါ အခြားသော ရောဂါတွေဝင်နိုင်ပါတယ်။ အိပ်ရေး၀၀မအိပ်နိုင်ဘူးဆိုရင်တော့ အစားအာဟာရကို ပြည့်ဝအောင်စားပေးသင့်ပါတယ်။

၃) ပုံမုန်လေ့ကျင့်ခန်း လုပ်ပါ။
လေ့လာချက်တွေအရ လေ့ကျင့်ခန်းပုံမုန်လုပ်ခြင်းက ကျွန်တော်တို့ရဲ့ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ရောဂါအမျိုးမျိုးဝင်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။ အရိုးတွေသန်မာစေပါတယ်။ ဝိတ်ကျစေပါတယ်။ gym သွားဖို့အချိန်မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ နာရီဝက်ခန့်လမ်းလျှောက်ခြင်း ဒါမှမဟုတ် လှေခါးအတက်အဆင်းလုပ်ခြင်းတွေကလည်း သင့်အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေပါတယ်။
လေ့ကျင့်ခန်းကိုမုန်ကန်တဲ့နည်းလမ်းနဲ့လုပ်ခြင်းက သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ ကြွက်သားနဲ့ အရိုးတွေကို သန်မာစေပါတယ်။ ကွန်ပျူတာရှေ့အမြဲအထိုင်များခြင်း၊ ဖုန်းအသုံးများပြီး အထိုင်များခြင်းစတာတွေက သင့်ကိုလေ့ကျင့်ခန်းလုပ်ဖို့ပျက်ကွက်စေသလို၊ ရောဂါလည်းတိုးစေပါတယ်။

၄) အရောင်တောက်ပတဲ့အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။
ဟင်းသီးဟင်းရွက်တွေနဲ့အသီးတွေစားပေးခြင်းက သင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ antioxidants တွေရနိုင်ပါတယ်။ အရောင်စုံ အသီးအနှံတွေစားပေးပါ။ အဖြုရောင်ဆိုရင် ငှက်ပျောသီးနဲ့ မှိုကဲ့သို့ ၊ အဝါရောင်ဆိုရင် သရက်သီးနဲ့နာနတ်သီးကဲ့သို့၊ လိမ္မော်ရောင်ဆိုရင် လိမ္မော်သီးနဲ့သင်္ဘောသီးကဲ့သို့ စသဖြင့်ပေါ့။ အရောင်တောက်ပတဲ့အသီးအနှံတွေက သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစေပါတယ်။

၅) ဆိုဒါနဲ့ ကဖင်းဓာတ်တွေပါဝင်တဲ့အစားအစာတွေကို လျော့စားပါ။
ဆိုဒါနဲ့ ကဖင်းပါတဲ့အစားအစာတွေက ဆီးသွားများစေပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုှုံးမှုပိုများစေပါတယ်။ ခန္ဓာကိုယ်အတွက် သကြားဓာတ်ပါဝင်မှုနည်းတဲ့အသီးဖျော်ရည်တွေနဲ့သာ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးသင့်ပါတယ်။

၆) အရက်မသောက်ပါနဲ့။
ကဖင်းကဲ့သို့ အရက်ကလည်း ရေဓာတ်ဆုံးရှုံးမှုများစေပါတယ်။ အဲဒါအပြင် ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေလည်း ဖြစ်စေပါတယ်။ ဦးနှောက်၊ အသည်း၊ အဆုတ်နဲ့ အခြားသော အဓိက အဂါၤရပ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ဆိုးကျိုးသက်ရောက်စေပါတယ်။ အဲဒါကြောင့် အရက်ကို ပုံမှန်သောက်သုံးနေတယ်ဆိုရင် အဲဒီ့အကျင့်ကို ပြုပြင်သင့်ပါတယ်။

၇) စိတ်ဖိစီးမှုလျော့ချပါ။
ဘဝမှာ နေ့စဉ်စိတ်ဖိစီးမှုတွေရှိမှာပါ။ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ သွေးဖိအားများခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ ညအိပ်မပျော်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် အားကစားတစခုခုလုပ်ခြင်း၊ စိတ်ပြေလက်ပျောက်နေခြင်း၊ ယောဂကျင့်ခြင်း စတာတွေလုပ်ပါ။
အထက်က အချက်လေးတွေက နေ့စဉ်ဘဝမှာ နေထိုင်ကျင့်သုံးသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ အထူးတလည်ကြီး ကျန်းမာဖို့ အချိန်သပ်သပ်ပေးပြီး မလုပ်နိုင်သူတွေအတွက် အဆင်ပြေမယ့်အချက်လေးတွေမို့ လိုက်နာကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
https://paguponku.com/healthy-life/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။