နေလောင်ခြင်းအတွက် အလွယ်ဆုံးကုသနည်းများ
ကိုယ့်ရဲ့အသားအရေ နေလောင်ခံထားရတယ်ဆိုရင် ခုလို အိမ်ထဲအောင်းနေကြရတဲ့အချိန်မှာ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ကုသဖို့အကောင်းဆုံးအချိန်ပါပဲနော်။ နေလောင်ခြင်းက ချက်ချင်းပျောက်အောင်နေ့ချင်းညချင်းကုသလို့မရသလို၊ တဖြည်းဖြည်းချင်းကုသပြီး နေရောင်ထဲထပ်ပြီး မထိတွေ့ရင်ပိုကောင်းပါတယ်။ နေလောင်ခြင်းက အမှတ်တမဲ့မထားသင့်ဘဲ အမြန်ဆုံးကုသဖို့လည်း အရေးကြီးပါတယ်။ နေလောင်ခြင်းကြောင့် အရေပြားပျက်စီးနိုင်ပြီး အရေပြားကင်ဆာထိဖြစ်နိုင်ပါတယ်။ နေလောင်ခြင်းခံရတဲ့အခါ ကုသဖို့အတွက် အလွယ်ဆုံးနည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
နာကျင်မှုသက်သာဖို့ nonsteroidal anti-inflammatory medications (NSAIDs) steroid မပါတဲ့အရောင်ကျဆေးတွေလိမ်းပေးနိုင်ပါတယ်။ အရောင်ကျပြီး သက်သာစေပါတယ်။ သက်ဆိုင်ရာဆရာဝန်ကိုမေးမြန်းပါ။
၂) ရေဓာတ်ပြည့်ဝပါစေ။
အရေပြားတွေခြောက်သွေ့ခြင်းကနေ သက်သာစေဖို့ ရေဓာတ်ပြည့်ဝဖို့လိုပါတယ်။ ရေမကြာခဏသောက်ပေးသင့်ပါတယ်။
၃) ပေါင်းတင်ပါ။
အရေပြားကိုပေါင်းတင်တာတို့၊ အစိုဓာတ်ထိန်းတဲ့ moisturizer တွေလိမ်းပြီးပေါင်းတင်ပါ။
၄) ရေခဲကပ်ပါ။
အရေပြားကိုအေးစေတဲ့ အဝတ်ကိုရေစိမ်ပြီး ကပ်ပေးတာမျိုး ၊ ရေခဲလေးကပ်ပေးတာမျိုးလုပ်ပေးပါ။
၅) ရှားစောင်းလတ်ပတ်ဂျယ်လိမ်းပေးပါ။
ရှားစောင်းလတ်ပတ်က အသားကိုအေးစေပြီး အစိုဓာတ်ထိန်းပေးပါတယ်။ အဲဒါကြောင့် ရှားစောင်းလတ်ပတ်လိမ်းပေးပါ။
၆) အရိပ်ရတဲ့နေရာမှာနေပါ။
နေရောင်တိုက်ရိုက်ထိတွေ့ခြင်းမခံရတဲ့ အရိပ်ရနေရာမှာနေပါ။ ထီး၊ ဦးထုပ်ဆောင်ပါ။ အင်္ကျ ီလက်ရှည် ချည်သားအေးအေးဝတ်ဆင်ပါ။