အုန်းရည်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

အုန်းစိမ်းရည်က သဘာဝရဲ့ခွန်အားပြည့်အချိုရည်တစ်မျိုးပါပဲ။ အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်ပြီး ခွန်အားပြည့်စေတဲ့ သဘာဝအားဖြည့်ရည်ပါ။ အမျှင်ဓာတ်တွေလည်း ပါဝင်သလို၊ သတ္တုဓာတ်တွေနဲ့ replenish ပိုတက်ဆီယမ်များပြားစွာပါဝင်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝပြီး ရေဓာတ် ၉၅ရာခိုင်နှုန်းပါဝင်ပါတယ်။ ပရိုတင်းလည်း အနည်းငယ်ပါဝင်ပြီး အဆီလုံးဝမပါဝင်ပါဘူး။ antioxidants တွေ၊ ဗီတာမင် ဘီကွန်ပလက်၊ ဗီတာမင်စီ၊ အမိုင်နိုအက်ဆစ်စတာတွေလည်း ပါဝင်ပါသေးတယ်။ အုန်းစိမ်းရည် ၁၀၀ဂရမ်မှာ ကယ်လိုရီ ၁၉ပဲပါဝင်ပါတယ်။ မောပန်းခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ ရေဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံး သဘာဝအချိုရည်တစ်မျိုးပဲဖြစ်ပါတယ်။


၁) ရေဓာတ်ပြည့်ဝစေပါတယ်။
အုန်းစိမ်းရည်ရဲ့ အဓိက ကျန်းမာရေးအကျိုးကတော့ ရေဓာတ်ပြည့်ဝစေတာပဲဖြစ်ပါတယ်။ သင့်မှာ ရေဓာတ်ဆုံးရှုံးမှုခံစားနေရတယ်ဆိုရင် အုန်းစိမ်းရည်က အကောင်းဆုံးအချိုရည်ပါပဲ။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေစေပြီး ဆိုဒီယမ်ကဲ့သို့ ဓာတ်ဆားတွေဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ သင့်မှာ စွမ်းအင်ဆုံးရှုံးနေပြီ ၊ မောပန်းနေပြီလို့ခံစားရရင် အုန်းစိမ်းရည်သောက်ပေးသင့်ပါတယ်။

၂) အရေပြားကျန်းမာစေပါတယ်။
အရေပြားကြည်လင်ပြီး သန့်စင်စေချင်ပါသလား။ အုန်းရည်ကိုသောက်ပါ။ သင့်အရေပြားအတွက် အကောင်းဆုံးဆေးတစ်မျိုးကတော့ အုန်းရည်ပါပဲ။ antioxidants တစ်မျိုးဖြစ်တဲ့ lauric acid ပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းကို နှေးစေပါတယ်။ သင့်အရေပြားကို အိုမင်းရင့်ရော်ခြင်းနှေးစေတဲ့အတွက် နုပျိုစေပြီး ကြည်လင်လှပစေပါတယ်။ သင့်အရေပြားရဲ့ ရေဓာတ်ပမာဏကိုလည်း ဖြည့်တင်းပေးပါတယ်။ အဲဒါကြောင့်အရေပြားကိုအစိုဓတ်ထိန်းပေးပါတယ်။ ဘက်တီးရီးယားတွေသေစေပြီး အရေပြားမှာမှိုစွဲခြင်းကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

၃) ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အုန်းရည်က ဆီးများများသွားစေတာကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဆီးသွားများတဲ့အခါ ဘက်တီးရီးယားတွေနဲ့အဆိပ်အတောက်တွေကို ဆီးထဲမှာ ပါသွားဖို့ အထောက်အကူဖြစ်စေပါတယ်။ အဲဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာစေပါတယ်။

၄) cholesterol ပမာဏကိုလည်း ထိန်းပေးနိုင်ပါတယ်။
အုန်းရည်သောက်ခြင်းက ကိုလက်စထရောပမာဏကိုလည်း ထိန်းပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ အုန်းရည်ကိုသောက်သုံးခြင်းက မကောင်းတဲ့ကိုလက်စထရောပမာဏကိုလျော့ကျစေပါတယ်။ HDL လို့ခေါ်တဲ့ High-Density Lipoprotein ကောင်းမွန်တဲ့ကိုလက်စထရောပမာဏကို မြင့်တင်ပေးနိုင်ပါတယ်။

၅) နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
သင့်နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ နှလုံးသွေးခဲခြင်းက နှလုံးရောဂါကိုဖြစ်တာပါ။ ကိုလက်စထရောပမာဏ လျော့ကျခြင်းက သွေးလွှတ်ကြောတွေမှာ သွေးခဲတွေပိတ်ဆို့ခြင်းကို သက်သာစေပါတယ်။ အဲဒါကြောင့် အုန်းရည်သောက်သုံးခြင်းက နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၆) သွေးဖိအားကို ထိန်းညှိုပေးနိုင်ပါတယ်။
အုန်းရည်ရဲ့နောက်ထပ် ထူးခြားတဲ့အကျိုးကျေးဇူးတစ်မျိုးကတော့ သင့်ရဲ့သွေးဖိအားကို ထိန်းညှိုပေးနိုင်တာပါပဲ။ လေ့လာချက်တွေအရ အုန်းရည်နှစ်ခွက်စာသောက်သုံးခြင်းက သင့်ရဲ့သွေးဖိအားပမာဏကို လျော့ကျစေတယ်လို့တွေ့ရပါတယ်။ ဗီတာမင်စီကြွယ်ဝပြီး ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တွေလည်းပါဝင်တာကြောင့် သွေးဖိအားကို အလိုလိုထိန်းပြီးသားဖြစ်စေပါတယ်။ လတ်ဆတ်တဲ့အုန်းစိမ်းရည်ကိုသောက်ခြင်းက သွေးဖိအားကိုထိန်းညှိုပေးနိုင်ပါတယ်။

၇) ဝိတ်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။
အုန်းစိမ်းရည်က ဝိတ်ကျစေပါတယ်။ ကယ်လိုရီနည်းပါးတာကြောင့် အခြားသော ဝိတ်ကျစေတဲ့သကြားများတဲ့အချိုရည်တွေထက် အကျိုးရှိပါတယ်။ အင်ဇိုင်းတွေအများအပြားပါဝင်တာကြောင့် အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်က ဆိုဒီယမ်ပမာဏကို ထိန်းပေးပြီး ရေဓာတ်လျော့ကျခြင်းကိုကာကွယ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကိုထိန်းပေးပြီး ဝိတ်တက်ခြင်းကိုကာကွယ်ပေးပါတယ်။

၈) ခန္ဓာကိုယ်ကရေဓာတ်ထိန်းပေးပါတယ်။
ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေနဲ့ ပတ်ဝန်းကျင်ကတဆင့် အဆိပ်အတောက်ပေါင်းများစွာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲ ဝင်လာနိုင်ပါတယ်။ အဆိပ်အတောက်တွေကြောင့် သင့်ခန္ဓာကိုယ်ထဲက အက်ဆစ်ပမာဏကိုတိုးစေပြီး ရေဓာတ်ပမာဏကို လျှော့ကျစေပါတယ်။
ရေဓာတ်ပမာဏလျော့ကျခြင်းက ရင်ပူခြင်း၊ အဆစ်နာခြင်း၊ ဆီးချိုတက်ခြင်း စတဲ့ပြဿနာတွေဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့အဂါၤရပ်တွေရဲ့လုပ်ဆောင်ချက်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ပုံမှန်ရေဓာတ်ပမာဏဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပမာဏကို ထိန်းပေးဖို့ အုန်းရည်သောက်သင့်ပါတယ်။

၉) ခေါင်းကိုက်ခြင်းကို ကုသပေးဖို့ကူညီနိုင်ပါတယ်။
အုန်းရည်က အခြားသော ပြဿနာတွေကိုလည်း ကုသပေးနိုင်ပါသေးတယ်။ လေ့လာချက်အရ ခေါင်းတခြမ်းကိုက်ခြင်း (migraines)က ရေဓာတ်လျော့ကျမှုကြောင့်ဖြစ်နိုင်တာဖြစ်ပြီး အုန်းရည်သောက်ခြင်းက ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်းဖြစ်စေတဲ့နောက်ထပ်ပြဿနာကတော့ မဂ္ဂနီဆီယမယ်ပမာဏလျော့ကျခြင်းပါ။ အုန်းရည်မှာ မဂ္ဂနီဆီယမ်ပမာဏလည်းပါဝင်တာကြောင့် သင့်ခေါင်းကိုက်ခြင်းကိုသက်သာစေတာ သေချာပါတယ်။

၁၀) အရက်နာကျခြင်းကိုလည်း သက်သာစေပါတယ်။
အုန်းစိမ်းရည်က သင့်ရဲ့အရက်နာကျခြင်းကိုလည်း အံ့အားသင့်စွာသက်သာစေပါတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လျော့ကျခြင်းက သင့်ကိုအရက်နာကျစေနိုင်ပါတယ်။ အုန်းရည်ကြောင့် သင့်ခန္ဓာကိုယ်ကရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။
https://howtocure.com/health-benefits-of-coconut-water/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။